[Zawgyi]

အခုထက္ထိ စိတ္ထဲမွာ မွတ္မွတ္ရရ စြဲက်န္ရစ္ေနတဲ့ ဗုိလ္လုပဲြမ်ား (၃)

လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာ အျမင္ခ်င္းမတူညီၾကသလို အၾကိဳက္ခ်င္းလည္း ကြဲလြဲၾကပါတယ္။ ဒါကို ျဖစ္႐ိုးျဖစ္စဥ္ အရာတစ္ခုလို႔ပဲ ေျပာရမွာပါ။ ဒီလိုပါပဲ ေဘာလံုးအားကစားမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ လြတ္လပ္စြာ ထင္ျမင္ခ်က္ကြဲလြဲႏိုင္ၾကသလို ကိုယ္အားေပးတဲ႔ အသင္းကသာ အေကာင္းဆံုးဆိုတဲ႔ ယူဆခ်က္ေတြဟာလည္း အၿမဲလိုလိုရိွေနမွာပါ။ အခုလို စကားဦးသန္းေနရတဲ႔ အေၾကာင္းရင္းကေတာ႔ အခုထက္ထိ စိတ္ထဲမွာ မွတ္မွတ္ရရ စြဲက်န္ရစ္ေနတဲ့ ဗုိလ္လုပဲြမ်ားဆိုတဲ႔ Article ေၾကာင္႔ပါပဲ။ ဒီ Article မွာ ပါ၀င္မယ္႔ ဗိုလ္လုပြဲေတြကို ကိုယ္ပိုင္ခံစားခ်က္ သက္သက္နဲ႔သာ ေရးမွာျဖစ္တာေၾကာင္႔ အျမင္မတူမႈေတြရိွလာရင္ နားလည္ေပးၾကေစလိုပါေၾကာင္း …

၂၀၀၂ ကမၻာ႔ဖလား ဗိုလ္လုပြဲ

Brazil

Brazil

၂၀၀၂ ခုႏွစ္ဆိုတဲ႔ အခ်ိန္ကာလတစ္ခုမွာ က်ြန္ေတာ္တို႔ဟာ ေဘာလံုးပြဲေတြကို ေဘာလံုးပြဲျပတဲ႔ ႐ံုေတြမွာ တိုးေ၀ွ႔ၾကည္႔ခဲ႔ရတယ္။ ဘရာဇီး္လ္ – ဂ်ာမနီ ၂၀၀၂ ကမၻာ႔ဖလား ဗိုလ္လုပြဲကေတာ႔ ဘယ္ေျပာေကာင္းမလဲ ၾကိတ္ၾကိတ္တိုးေပါ႔။ ၂၀၀၂ ကမၻာ႔ဖလား မွာ ဘရာဇီးလ္က ဂိုးအမ်ားၾကီးသြင္းေတာ႔ သူတို႔ကိုအားေပးခဲ႔တယ္။ အၾကိဳက္ဆံုးကေတာ႔ ေရာ္နယ္လ္ဒို Ronaldo ရဲ႕ ဆံပင္ပံုစံပဲ။ ျပီးေတာ႔ ေရာ္နယ္လ္ဒို ၊ ရီဗယ္လ္ဒို Rivaldo ၊ ေရာ္နယ္ဒင္ဟို Ronaldinho ဒီ(၃)ေယာက္တြဲတိုက္စစ္ကို ၾကိဳက္တယ္။ ပြဲကေတာ႔ အားလံုးသိတဲ႔ အတိုင္းပဲ ဘရာဇီးလ္ႏိုင္တယ္ ( ၂ – ၀ )နဲ႔ ေရာ္နယ္လ္ဒို (၂)ဂိုးသြင္းတယ္။ ဒီပြဲမွာေတာ႔ ဂ်ာမနီဂိုးသမား အိုလီဗာခန္း Oliver Kahn ကိုသနားမိခဲ႔တယ္။ ေပးလုိက္ရတဲ႔ ပထမဂိုးက သူ႔အမွားမကင္းေပမယ္႔ ရီဗယ္လ္ဒိုရဲ႕ ကန္ခ်က္ကလည္းျပင္းခဲ႔တယ္ေလ။ တစ္ပြဲလံုး အၾကိဳက္ဆံုး ကစားသမားေတာ႔ ဘရာဇီးလ္ရဲ႕ အသင္းေခါင္းေဆာင္ပဲ။ ညာေတာင္ပံတစ္ေလၽွ်ာက္ မေမာမပန္း အတက္အဆင္းကစားသြားတာ။ နာမည္ကေတာ႔ ကာဖူး Cafu တဲ႔ေလ။

၂၀၀၆ ကမၻာ႔ဖလား ဗိုလ္လုပြဲ

Italy

Italy

ဒီလိုနဲ႔ ၂၀၀၆ ကမၻာ႔ဖလား ကိုေရာက္ခဲ႔တယ္။ ၾကည္႔ေတာ႔သာ (၄)ႏွစ္ တကယ္တမ္းဆို အဲ႔(၄)ႏွစ္က ဘယ္လိုေရာက္လို႔ေရာက္လာမွန္းကိုမသိခဲ႔တာ။ ၂၀၀၆ ကမၻာ႔ဖလား မွာေတာ႔ အိမ္ရွင္ ဂ်ာမနီကိုအားေပးခဲ႔တယ္။ ဗိုလ္လုပြဲကေတာ႔ ျပင္သစ္ – အီတလီ ။ ဇီဒန္း Zidane နဲ႔ မာတာရာဇီ Materazzi ျပႆနာျဖစ္ၾကတဲ႔ ပြဲေပါ႔။ တိုက္ဆိုင္မႈတစ္ခုကေတာ႔ သူတို႔ႏွစ္ေယာက္လံုး ဗိုလ္လုပြဲမွာဂိုးသြင္းခဲ႔ၾကတာပဲ။ ျပႆနာျဖစ္ျပီးေတာ႔ ဇီဒန္း ထုတ္ခံခဲ႔ရတယ္။ ၂၀၀၆ ကမၻာ႔ဖလား ဗိုလ္လုပြဲရဲ႕ အၾကိဳက္ဆံုး ကစားသမားကေတာ႔ အီတလီအသင္းေခါင္းေဆာင္ ကန္နာဗာ႐ို Cannavaro ။ အသင္းေခါင္းေဆာင္ပီသတယ္။ အရာအားလံုးေပးဆပ္ကစားခဲ႔တယ္။ ဒီလိုနဲ႔ပဲ ပယ္နယ္တီကန္သြင္းခဲ႔ၾကတယ္။ ပယ္နယ္တီမွာေတာ႔ ဂေရာ႔ဆို Grosso ရဲ႕ ဂိုးနဲ႔ အီတလီအသင္း ခ်န္ပီယံျဖစ္ခဲ႔တယ္။

၂၀၀၈ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ

ManU

ManU

အဂၤလန္ကလပ္အသင္းေတြ ခ်န္ပီယံလိဂ္မွာ ၾကီးစိုးတဲ႔ အခ်ိန္တုန္းက ၂၀၀၈ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲဟာ All English Final ျဖစ္ခဲ႔တယ္။ ပြဲကေတာ႔ မန္ယူ – ခ်ယ္လ္ဆီး ။ မွတ္မွတ္ရရေျပာရရင္ အဲ႔တုန္းက နာဂစ္ျဖစ္ျပီး သိပ္မၾကာေသးဘူး။ ပြဲရဲ႕ ပထမပိုင္းမွာေတာ႔ မန္ယူက ပိုေကာင္းတဲ႔ အသင္း ၊ ဒုတိယပိုင္းမွာေတာ႔ ခ်ယ္လ္ဆီးက ပိုေကာင္းတဲ႔အသင္းျဖစ္ခဲ႔တယ္။ ျပိဳင္ဆိုင္မႈကလည္း ျပင္းထန္ခဲ႔တယ္။ မိနစ္(၉၀)အတြင္း သေရက်ေနလို႔ အခ်ိန္ပိုဆက္ကစားၾကျပီး အခ်ိန္ပိုမွာ ဗီဒစ္ Vidić ကိုပါးရိုက္ခဲ႔လို႔ ဒေရာ႔ဘာ Drogba အနီကတ္ထိခဲ႔တယ္။ ဒီလိုနဲ႔ပဲ ပယ္နယ္တီကန္ဖို႔ထိ ျဖစ္လာခဲ႔တယ္။ မန္ယူဘက္က စီေရာ္နယ္လ္ဒို Cristiano Ronaldo လြဲတယ္။ ေျပာရရင္ ပီတာခ်က္ Čech က သူ႔အထာကို သိေနျပီေလ။ ကိုယ္တိုင္က မန္ယူပရိသတ္ျဖစ္တာေၾကာင္႔ တယ္ရီ Terry ေနာက္ဆံုးအဆံုးအျဖတ္ကန္မယ္႔ ပယ္နယ္တီကို မၾကည္႔ရဲခဲ႔ဘူး။ တကယ္လည္း မၾကည္႔ခဲ႔တာ ၊ ကန္ျပီးမွၾကည္႔လိုက္ေတာ႔ တယ္ရီ ကံဆိုးျပီး ေျခေခ်ာ္သြားတယ္။ ပြဲကေတာ႔ ပိုျမိဳင္ခဲ႔ေတာ႔တာပါပဲ။ ဒီလိုနဲ႔ ခ်ယ္လ္ဆီးဘက္က အနယ္လ္ကာ Anelka ရဲ႕ကန္ခ်က္ကို မန္ယူဂိုးသမား ဗန္ဒါဆား Van der Sar ကာကြယ္ခဲ႔တယ္။ မန္ယူ ခ်န္ပီယံျဖစ္ခဲ႔တယ္။ တစ္ပြဲလံုးကို ျခံဳၾကည္႔ရင္ ရင္ခုန္စရာေတြေပးႏိုင္ခဲ႔တဲ႔ ပြဲတစ္ပြဲျဖစ္ခဲ႔တယ္။ ျပီးေတာ႔ ဒီပြဲမွာ ပယ္နယ္တီလြဲခဲ႔တဲ႔ (၃)ေယာက္လံုးက တကယ္႔ ဆရာၾကီးေတြျဖစ္ေနတာပဲ။ သူတို႔က စီေရာ္နယ္လ္ဒို ၊ တယ္ရီ နဲ႔ အနယ္လ္ကာ။

အခုထက္ထိ စိတ္ထဲမွာ မွတ္မွတ္ရရ စြဲက်န္ရစ္ေနတဲ့ ဗုိလ္လုပဲြမ်ား (၁) ဖတ္ရန္လင္႔ခ္

အခုထက္ထိ စိတ္ထဲမွာ မွတ္မွတ္ရရ စြဲက်န္ရစ္ေနတဲ့ ဗုိလ္လုပဲြမ်ား (၂) ဖတ္ရန္လင္႔ခ္

Photo: FIFA.com , FourFourTwo , Italian Traditions , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အခုထက်ထိ စိတ်ထဲမှာ မှတ်မှတ်ရရ စွဲကျန်ရစ်နေတဲ့ ဗိုလ်လုပွဲများ (၃)

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အမြင်ချင်းမတူညီကြသလို အကြိုက်ချင်းလည်း ကွဲလွဲကြပါတယ်။ ဒါကို ဖြစ်ရိုးဖြစ်စဉ် အရာတစ်ခုလို့ပဲ ပြောရမှာပါ။ ဒီလိုပါပဲ ဘောလုံးအားကစားမှာလည်း တစ်ယောက်နဲ့ တစ်ယောက် လွတ်လပ်စွာ ထင်မြင်ချက်ကွဲလွဲနိုင်ကြသလို ကိုယ်အားပေးတဲ့ အသင်းကသာ အကောင်းဆုံးဆိုတဲ့ ယူဆချက်တွေဟာလည်း အမြဲလိုလိုရှိနေမှာပါ။ အခုလို စကားဦးသန်းနေရတဲ့ အကြောင်းရင်းကတော့ အခုထက်ထိ စိတ်ထဲမှာ မှတ်မှတ်ရရ စွဲကျန်ရစ်နေတဲ့ ဗိုလ်လုပွဲများဆိုတဲ့ Article ကြောင့်ပါပဲ။ ဒီ Article မှာ ပါဝင်မယ့် ဗိုလ်လုပွဲတွေကို ကိုယ်ပိုင်ခံစားချက် သက်သက်နဲ့သာ ရေးမှာဖြစ်တာကြောင့် အမြင်မတူမှုတွေရှိလာရင် နားလည်ပေးကြစေလိုပါကြောင်း …

၂၀၀၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ

Brazil

Brazil

၂၀၀၂ ခုနှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ ကျွန်တော်တို့ဟာ ဘောလုံးပွဲတွေကို ဘောလုံးပွဲပြတဲ့ ရုံတွေမှာ တိုးဝှေ့ကြည့်ခဲ့ရတယ်။ ဘရာဇီ်းလ် – ဂျာမနီ ၂၀၀၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကတော့ ဘယ်ပြောကောင်းမလဲ ကြိတ်ကြိတ်တိုးပေါ့။ ၂၀၀၂ ကမ္ဘာ့ဖလား မှာ ဘရာဇီးလ်က ဂိုးအများကြီးသွင်းတော့ သူတို့ကိုအားပေးခဲ့တယ်။ အကြိုက်ဆုံးကတော့ ရော်နယ်လ်ဒို Ronaldo ရဲ့ ဆံပင်ပုံစံပဲ။ ပြီးတော့ ရော်နယ်လ်ဒို ၊ ရီဗယ်လ်ဒို Rivaldo ၊ ရော်နယ်ဒင်ဟို Ronaldinho ဒီ(၃)ယောက်တွဲတိုက်စစ်ကို ကြိုက်တယ်။ ပွဲကတော့ အားလုံးသိတဲ့ အတိုင်းပဲ ဘရာဇီးလ်နိုင်တယ် ( ၂ – ၀ )နဲ့ ရော်နယ်လ်ဒို (၂)ဂိုးသွင်းတယ်။ ဒီပွဲမှာတော့ ဂျာမနီဂိုးသမား အိုလီဗာခန်း Oliver Kahn ကိုသနားမိခဲ့တယ်။ ပေးလိုက်ရတဲ့ ပထမဂိုးက သူ့အမှားမကင်းပေမယ့် ရီဗယ်လ်ဒိုရဲ့ ကန်ချက်ကလည်းပြင်းခဲ့တယ်လေ။ တစ်ပွဲလုံး အကြိုက်ဆုံး ကစားသမားတော့ ဘရာဇီးလ်ရဲ့ အသင်းခေါင်းဆောင်ပဲ။ ညာတောင်ပံတစ်လျျှောက် မမောမပန်း အတက်အဆင်းကစားသွားတာ။ နာမည်ကတော့ ကာဖူး Cafu တဲ့လေ။

၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ

Italy

Italy

ဒီလိုနဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ကိုရောက်ခဲ့တယ်။ ကြည့်တော့သာ (၄)နှစ် တကယ်တမ်းဆို အဲ့(၄)နှစ်က ဘယ်လိုရောက်လို့ရောက်လာမှန်းကိုမသိခဲ့တာ။ ၂၀၀၆ ကမ္ဘာ့ဖလား မှာတော့ အိမ်ရှင် ဂျာမနီကိုအားပေးခဲ့တယ်။ ဗိုလ်လုပွဲကတော့ ပြင်သစ် – အီတလီ ။ ဇီဒန်း Zidane နဲ့ မာတာရာဇီ Materazzi ပြဿနာဖြစ်ကြတဲ့ ပွဲပေါ့။ တိုက်ဆိုင်မှုတစ်ခုကတော့ သူတို့နှစ်ယောက်လုံး ဗိုလ်လုပွဲမှာဂိုးသွင်းခဲ့ကြတာပဲ။ ပြဿနာဖြစ်ပြီးတော့ ဇီဒန်း ထုတ်ခံခဲ့ရတယ်။ ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရဲ့ အကြိုက်ဆုံး ကစားသမားကတော့ အီတလီအသင်းခေါင်းဆောင် ကန်နာဗာရို Cannavaro ။ အသင်းခေါင်းဆောင်ပီသတယ်။ အရာအားလုံးပေးဆပ်ကစားခဲ့တယ်။ ဒီလိုနဲ့ပဲ ပယ်နယ်တီကန်သွင်းခဲ့ကြတယ်။ ပယ်နယ်တီမှာတော့ ဂရော့ဆို Grosso ရဲ့ ဂိုးနဲ့ အီတလီအသင်း ချန်ပီယံဖြစ်ခဲ့တယ်။

၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲ

ManU

ManU

အင်္ဂလန်ကလပ်အသင်းတွေ ချန်ပီယံလိဂ်မှာ ကြီးစိုးတဲ့ အချိန်တုန်းက ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ All English Final ဖြစ်ခဲ့တယ်။ ပွဲကတော့ မန်ယူ – ချယ်လ်ဆီး ။ မှတ်မှတ်ရရပြောရရင် အဲ့တုန်းက နာဂစ်ဖြစ်ပြီး သိပ်မကြာသေးဘူး။ ပွဲရဲ့ ပထမပိုင်းမှာတော့ မန်ယူက ပိုကောင်းတဲ့ အသင်း ၊ ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်။ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ခဲ့တယ်။ မိနစ်(၉၀)အတွင်း သရေကျနေလို့ အချိန်ပိုဆက်ကစားကြပြီး အချိန်ပိုမှာ ဗီဒစ် Vidić ကိုပါးရိုက်ခဲ့လို့ ဒရော့ဘာ Drogba အနီကတ်ထိခဲ့တယ်။ ဒီလိုနဲ့ပဲ ပယ်နယ်တီကန်ဖို့ထိ ဖြစ်လာခဲ့တယ်။ မန်ယူဘက်က စီရော်နယ်လ်ဒို Cristiano Ronaldo လွဲတယ်။ ပြောရရင် ပီတာချက် Čech က သူ့အထာကို သိနေပြီလေ။ ကိုယ်တိုင်က မန်ယူပရိသတ်ဖြစ်တာကြောင့် တယ်ရီ Terry နောက်ဆုံးအဆုံးအဖြတ်ကန်မယ့် ပယ်နယ်တီကို မကြည့်ရဲခဲ့ဘူး။ တကယ်လည်း မကြည့်ခဲ့တာ ၊ ကန်ပြီးမှကြည့်လိုက်တော့ တယ်ရီ ကံဆိုးပြီး ခြေချော်သွားတယ်။ ပွဲကတော့ ပိုမြိုင်ခဲ့တော့တာပါပဲ။ ဒီလိုနဲ့ ချယ်လ်ဆီးဘက်က အနယ်လ်ကာ Anelka ရဲ့ကန်ချက်ကို မန်ယူဂိုးသမား ဗန်ဒါဆား Van der Sar ကာကွယ်ခဲ့တယ်။ မန်ယူ ချန်ပီယံဖြစ်ခဲ့တယ်။ တစ်ပွဲလုံးကို ခြုံကြည့်ရင် ရင်ခုန်စရာတွေပေးနိုင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ ပြီးတော့ ဒီပွဲမှာ ပယ်နယ်တီလွဲခဲ့တဲ့ (၃)ယောက်လုံးက တကယ့် ဆရာကြီးတွေဖြစ်နေတာပဲ။ သူတို့က စီရော်နယ်လ်ဒို ၊ တယ်ရီ နဲ့ အနယ်လ်ကာ။

အခုထက်ထိ စိတ်ထဲမှာ မှတ်မှတ်ရရ စွဲကျန်ရစ်နေတဲ့ ဗိုလ်လုပွဲများ (၁) ဖတ်ရန်လင့်ခ်

အခုထက်ထိ စိတ်ထဲမှာ မှတ်မှတ်ရရ စွဲကျန်ရစ်နေတဲ့ ဗိုလ်လုပွဲများ (၂) ဖတ်ရန်လင့်ခ်

Photo: FIFA.com , FourFourTwo , Italian Traditions , Evening Standard
Ko Kyue(Akhayar)
www.akhayar.com