[Zawgyi]

လုံၿခဳံေရး အားနည္းလာတဲ့ ၂၀၁၈ ခုႏွစ္ထုတ္ စမတ္ဖုန္းမ်ား

သိၾကၿပီးတဲ့အတိုင္း Security ပိုင္းမွာ iPhone အသာဆုံးလို႔ ေျပာႏိုင္ေပမယ့္ ေဈးႀကီးလြန္းေနလို႔ ေတာ္႐ုံအနားမသီဖို႔ မလြယ္ပါဘူး။Android ဘက္ ၾကည့္လိုက္မယ္ဆိုရင္လည္း Security ေကာင္းေကာင္းသုံးထားတဲ့ Google Pixel ဖုန္းေတြနဲ႔ Samsung အျမင့္ဖုန္းေတြက ေဈးေျမာက္လြန္းေနျပန္ေရာ။ ေနာက္ၿပီး တန္ဖိုးအလိုက္ စြမ္းေဆာင္ရည္ စကားေျပာေနေသးတယ္ဆိုေတာ့ ကိုယ္သုံးခ်င္တာနဲ႔ အံ့ကိုက္ျဖစ္ရဲ႕လား စဥ္းစားရေသး၊ ဒီလို ဇေဝဇဝါျဖစ္ေနတုန္း စမတ္ဖုန္းေတြမွာ လုံၿခဳံေရး အားနည္းေနတယ္ဆိုလို႔ အေတာ္ အေလးနက္ထား စဥ္းစားရမလို ျဖစ္ေနပါၿပီ။

Apple iPhone 6S

အဲ့ဒီလို တန္ဖိုးထက္ Performance ပိုင္း ေ႐ြးခ်ယ္လိုက္ၾကတဲ့အခါမွာ ေဈးႏႈန္းလဲသင့္၊ ကင္မရာလည္းေကာင္း၊ ဂိမ္းကစားရတာလည္း ဖလန္းဖလန္းျဖစ္ေစမယ့္ Budget to Mid-range စမတ္ဖုန္းေတြက မ်က္စိက်စရာ။ ဒီလိုအခ်က္ေတြေၾကာင့္ အျပစ္ေျပာစရာ မရွိဘူးလို႔ ေျပာႏိုင္ေပမယ့္ Essential ၊ Asus နဲ႔ ZTE တို႔လို Brand နာမည္နဲ႔ ထြက္ထားတဲ့ ဖုန္းေလးေတြက Security ပိုင္း အေတာ့္ကို ယိုယြင္းေနတယ္လို႔ သုေတသီေတြ ေျပာေနၾကပါတယ္။

ZTE Axon M

ဆိုေတာ့ ဘာအားနည္းခ်က္ရွိေနတာလည္း၊ ဖုန္းအခိုးခံလိုက္ရလို႔ ဆိုင္တဆိုင္မွာ Password ျဖည္တဲ့ Tool ေလးနဲ႔ ေျဖရွင္းေပးလို႔ရတဲ့ အားနည္းခ်က္မ်ိဳး မဟုတ္ပါဘူး။ အဓိက ျဖစ္ေနတဲ့ ျပႆနာက ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့တဲ့ Meltdown လို လုံၿခဳံေရးအားနည္းခ်က္မ်ိဳးပါ။ ဒါကို ဥပမာေပးရရင္ ဖုန္းထဲဝင္ Hack ၿပီး Screenshot ႐ိုက္မယ္၊ ကိုယ္မလုပ္ပဲ ဖုန္းထဲက Message ေတြျပင္ေရးမယ္ အဲ့လိုမ်ိဳး Control လုပ္ထားလို႔ရတဲ့အထိ လုံၿခဳံေရးအားနည္း ေနတယ္လို႔ ေျပာခ်င္တာပါ။

Unlockable or Hackable?

ဒါကို Asus ဖုန္း မေကာင္းဘူး၊ Essential ဖုန္း မေကာင္းဘူးဆိုၿပီး Brand အလိုက္ တိုက္ခိုက္တယ္ မထင္လိုက္ပါနဲ႔၊ Wired သတင္းဌာန ေျပာၾကားခ်က္အရ အဲ့ဒီ Brand နာမည္နဲ႔ ထြက္ထားတဲ့ စမတ္ဖုန္းေတြမွာ လုံၿခဳံေရး အားနည္းခ်က္ရွိေနတယ္လို႔ ေထာက္ျပထားလို႔ပါ။ အဲ့ဒီထဲ LG လို ထိပ္တန္း ကုမၸဏီကပါလိုက္ေသး။ အရင္တစ္လတုန္းကလည္း Twitter စာမ်က္ႏွာမွာ ေကာင္ေလးတေယာက္က သူ႔ေကာင္မေလးကိုင္တဲ့ Galaxy S9 စမတ္ဖုန္းက အလိုအေလ်ာက္ Message ထပို႔ေနတယ္လို႔ ေရးသားခဲ့လို႔ Samsung သတင္းေလးေတာင္ ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္သြားခဲ့ပါေသးတယ္။

Galaxy S9

ဒါေၾကာင့္မလို႔ Meltdown လို လုံၿခဳံေရး အားနည္းခ်က္ကို စမတ္ဖုန္းကုမၸဏီေတြေရာ Google က ပါ Security Patch ေတြနဲ ကာကြယ္ေနရပါၿပီ။ ေနာက္ၿပီး အဲ့ဒီ Meltdown ကလည္း Android OS ေပၚ အေျခခံၿပီး ေပါက္ဖြားလာခဲ့တာဆိုေတာ့ ဘယ္သူမွ အၿငိမ္မေနရပါဘူး။ ဘာလို႔လဲဆိုရင္ Android OS ကိုက တစ္ျခား 3rd Party Software ေတြနဲ႔ Code ျပင္ေရးလို႔ရေအာင္ တမင္ခြင့္ျပဳေပးထားတာဆိုေတာ့ တိုက္ခိုက္လို႔ ပိုလြယ္၊ ပိုအစဥ္ေျပတာေပါ့ေနာ္။

LG V40 ThinQ

ဒါေၾကာင့္ Asus ၊ Essential နဲ႔ LG ဖုန္းေတြ လုံၿခဳံေရးအားနည္းေနတယ္လို႔ နာမည္တပ္လိုက္ရတဲ့အခါမွာေတာ့ လစဥ္လတိုင္း Security Patch ထုတ္ေပးသြားမယ္လို႔ Wired သတင္းဌာနမွာ အတည္ျပဳေပးခဲ့ပါတယ္။ အခုလို ျပႆနာမ်ိဳးနဲ႔ ပတ္သက္လို႔လည္း အရင္တုန္းက Security Patch မွန္မွန္မရလို႔ လုံၿခဳံေရး အားနည္းေနတာလို႔ AT&T ေထာက္ျပထားတာမလို႔ LG ၊ Asus နဲ႔ Essential ဆိုတဲ့ Brand နာမည္ထက္ အခုခ်ိန္မွာ ဘာ Android ဖုန္းပဲ ကိုင္ထားကိုင္ထား Security Update လုပ္ဖို႔ မေမ့ပါနဲ႔လို႔ တိုက္တြန္းလိုက္ရပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

လုံခြုံရေး အားနည်းလာတဲ့ ၂၀၁၈ ခုနှစ်ထုတ် စမတ်ဖုန်းများ

သိကြပြီးတဲ့အတိုင်း Security ပိုင်းမှာ iPhone အသာဆုံးလို့ ပြောနိုင်ပေမယ့် ဈေးကြီးလွန်းနေလို့ တော်ရုံအနားမသီဖို့ မလွယ်ပါဘူး။Android ဘက် ကြည့်လိုက်မယ်ဆိုရင်လည်း Security ကောင်းကောင်းသုံးထားတဲ့ Google Pixel ဖုန်းတွေနဲ့ Samsung အမြင့်ဖုန်းတွေက ဈေးမြောက်လွန်းနေပြန်ရော။ နောက်ပြီး တန်ဖိုးအလိုက် စွမ်းဆောင်ရည် စကားပြောနေသေးတယ်ဆိုတော့ ကိုယ်သုံးချင်တာနဲ့ အံ့ကိုက်ဖြစ်ရဲ့လား စဥ်းစားရသေး၊ ဒီလို ဇဝေဇဝါဖြစ်နေတုန်း စမတ်ဖုန်းတွေမှာ လုံခြုံရေး အားနည်းနေတယ်ဆိုလို့ အတော် အလေးနက်ထား စဉ်းစားရမလို ဖြစ်နေပါပြီ။

Apple iPhone 6S

အဲ့ဒီလို တန်ဖိုးထက် Performance ပိုင်း ရွေးချယ်လိုက်ကြတဲ့အခါမှာ ဈေးနှုန်းလဲသင့်၊ ကင်မရာလည်းကောင်း၊ ဂိမ်းကစားရတာလည်း ဖလန်းဖလန်းဖြစ်စေမယ့် Budget to Mid-range စမတ်ဖုန်းတွေက မျက်စိကျစရာ။ ဒီလိုအချက်တွေကြောင့် အပြစ်ပြောစရာ မရှိဘူးလို့ ပြောနိုင်ပေမယ့် Essential ၊ Asus နဲ့ ZTE တို့လို Brand နာမည်နဲ့ ထွက်ထားတဲ့ ဖုန်းလေးတွေက Security ပိုင်း အတော့်ကို ယိုယွင်းနေတယ်လို့ သုတေသီတွေ ပြောနေကြပါတယ်။

ZTE Axon M

ဆိုတော့ ဘာအားနည်းချက်ရှိနေတာလည်း၊ ဖုန်းအခိုးခံလိုက်ရလို့ ဆိုင်တဆိုင်မှာ Password ဖြည်တဲ့ Tool လေးနဲ့ ဖြေရှင်းပေးလို့ရတဲ့ အားနည်းချက်မျိုး မဟုတ်ပါဘူး။ အဓိက ဖြစ်နေတဲ့ ပြဿနာက ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ Meltdown လို လုံခြုံရေးအားနည်းချက်မျိုးပါ။ ဒါကို ဥပမာပေးရရင် ဖုန်းထဲဝင် Hack ပြီး Screenshot ရိုက်မယ်၊ ကိုယ်မလုပ်ပဲ ဖုန်းထဲက Message တွေပြင်ရေးမယ် အဲ့လိုမျိုး Control လုပ်ထားလို့ရတဲ့အထိ လုံခြုံရေးအားနည်း နေတယ်လို့ ပြောချင်တာပါ။

Unlockable or Hackable?

ဒါကို Asus ဖုန်း မကောင်းဘူး၊ Essential ဖုန်း မကောင်းဘူးဆိုပြီး Brand အလိုက် တိုက်ခိုက်တယ် မထင်လိုက်ပါနဲ့၊ Wired သတင်းဌာန ပြောကြားချက်အရ အဲ့ဒီ Brand နာမည်နဲ့ ထွက်ထားတဲ့ စမတ်ဖုန်းတွေမှာ လုံခြုံရေး အားနည်းချက်ရှိနေတယ်လို့ ထောက်ပြထားလို့ပါ။ အဲ့ဒီထဲ LG လို ထိပ်တန်း ကုမ္ပဏီကပါလိုက်သေး။ အရင်တစ်လတုန်းကလည်း Twitter စာမျက်နှာမှာ ကောင်လေးတယောက်က သူ့ကောင်မလေးကိုင်တဲ့ Galaxy S9 စမတ်ဖုန်းက အလိုအလျောက် Message ထပို့နေတယ်လို့ ရေးသားခဲ့လို့ Samsung သတင်းလေးတောင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါသေးတယ်။

Galaxy S9

ဒါကြောင့်မလို့ Meltdown လို လုံခြုံရေး အားနည်းချက်ကို စမတ်ဖုန်းကုမ္ပဏီတွေရော Google က ပါ Security Patch တွေနဲ ကာကွယ်နေရပါပြီ။ နောက်ပြီး အဲ့ဒီ Meltdown ကလည်း Android OS ပေါ် အခြေခံပြီး ပေါက်ဖွားလာခဲ့တာဆိုတော့ ဘယ်သူမှ အငြိမ်မနေရပါဘူး။ ဘာလို့လဲဆိုရင် Android OS ကိုက တစ်ခြား 3rd Party Software တွေနဲ့ Code ပြင်ရေးလို့ရအောင် တမင်ခွင့်ပြုပေးထားတာဆိုတော့ တိုက်ခိုက်လို့ ပိုလွယ်၊ ပိုအစဥ်ပြေတာပေါ့နော်။

LG V40 ThinQ

ဒါကြောင့် Asus ၊ Essential နဲ့ LG ဖုန်းတွေ လုံခြုံရေးအားနည်းနေတယ်လို့ နာမည်တပ်လိုက်ရတဲ့အခါမှာတော့ လစဉ်လတိုင်း Security Patch ထုတ်ပေးသွားမယ်လို့ Wired သတင်းဌာနမှာ အတည်ပြုပေးခဲ့ပါတယ်။ အခုလို ပြဿနာမျိုးနဲ့ ပတ်သက်လို့လည်း အရင်တုန်းက Security Patch မှန်မှန်မရလို့ လုံခြုံရေး အားနည်းနေတာလို့ AT&T ထောက်ပြထားတာမလို့ LG ၊ Asus နဲ့ Essential ဆိုတဲ့ Brand နာမည်ထက် အခုချိန်မှာ ဘာ Android ဖုန်းပဲ ကိုင်ထားကိုင်ထား Security Update လုပ်ဖို့ မမေ့ပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်။

2B (Akhayar)
www.akhayar.com