[Zawgyi]






မယ်လိုဒီတို့မိသားစု

မယ်လိုဒီတို့မိသားစု



သားသားသိဒွီစစ်

သားသားသိဒွီစစ်


ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

အသက်၃ နှစ်ပြည့်မွေးနေ့အလှူလုပ်ခဲ့တဲ့ မယ်လိုဒီရဲ့ သားလေး

သရုပ်ဆောင် မယ်လိုဒီ ရဲ့ သားလေး အသက်၃ နှစ်ပြည့်မွေးနေ့ အလှူ ကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ သိဒ္ဓိစစ် ရဲ့ အသက် ၃ နှစ်ပြည့် မွေးနေ့မှာ သားသားလေးက သူ့ရဲ့ လုပ်အားခထဲမှ ၁၀သိန်း ကျပ်တိတိကို လှူဒါန်းခဲ့တယ် ဆိုပြီးတော့ မေမေဖြစ်သူ မယ်လိုဒီ ကလည်းသူမရဲ့ လူမှုကွန်ရက်မှာ အခုလိုတင်ထားတာတွေ့ရပါတယ်။

ဆရာတော်ကြီးကို လှူဒါန်းခဲ့တဲ့မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်

ဆရာတော်ကြီးကို လှူဒါန်းခဲ့တဲ့မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်

“မင်္ဂလာရှိသော မနက်ခင်းလေးမှာ သားသား သိဒ္ဓိစစ် အသက် ၃နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သားသားရဲ့လုပ်အားခထဲမှ နဝကမ္မအလှူတော်ငွေ ဆယ်သိန်းကျပ်တိတိကို ဆရာတော်ဘုရားကြီးထံသို့ဆက်ကပ်လှူဒါန်းခဲ့ပါတယ်ရှင်
အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်” ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။

မယ်လိုဒီတို့မိသားစု

မယ်လိုဒီတို့မိသားစု

သားသားသိဒ္ဓိစစ်ဟာ အနုပညာမျိုးဆက်ဖြစ်တဲ့အတွက် မေမေမယ်လိုဒီရဲ့ အနုပညာအမွေကို ဆက်ခံမလားဆိုတာတော့မသိနိုင်ပေမယ့် ကလေးပစ္စည်းအသုံးအဆောင် ကြော်ငြာရိုက်ကူးခြင်းတွေကိုတော့ လက်တလောမှာ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

သားသားကြီးလာရင် မိခင်တစ်ဦးအနေနဲ့ ဘာတွေဖြစ်စေချင်ပါသလဲ လို့ မမျိုး (မယ်လိုဒီ) ကို မေးတိုင်းတော့ သာသနာ့ဘောင်ကို ဝင်စေချင်တဲ့ စကားကို မိခင်ဖြစ်သူ မယ်လိုဒီကဖြေကြားလေ့ရှိပါတယ်။

သားသားသိဒွီစစ်

သားသားသိဒွီစစ်

Photo Credit: Actress Melody

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။