[Zawgyi]

မင္းသမီးမို႔ ေစ်းေရာင္းစားရလည္း မရွက္ပါဘူးလို႔ ဆုိလာတဲ့ မယ္လိုဒီ

မင္းသမီးေလး မယ္လိုဒီဟာ အိမ္ေထာင္က်ျပီး သားေလး သိဒိၶစစ္ကို ေမြးဖြားျပီးေပမယ့္လည္း အရြယ္တင္ျပီး လွေသြးၾကြယ္ေနဆဲဲပါ။ အႏုပညာအလုပ္ေတြလည္း ၾကိဳၾကိဳၾကားၾကားလုပ္ရင္း အိမ္ေထာင္တစ္ခုကိုလည္း ေကာင္းေကာင္းထိန္းသိမ္းႏုိင္သူပါ။ ဒီလို အလုပ္ေတြ မ်ားျပား မအားတဲ့ ၾကားကေနျပီး အားတဲ့အခ်ိန္မွာလည္း လွဴဖို႔ တန္းဖို႔အတြက္ ေနၾကာေစ့ေလးေတြ ေရာငး္ပါေသးတယ္။

Melody

Melody

မယ္လိုဒီ

မယ္လိုဒီ

ဒီလို ေရာင္းရတဲ့အတြက္လည္း ဘာမွ ရွက္စရာမရွိဘဲ သမၼာအာဇီဝမို႔ လုပ္တာ ရွက္စရာမလိုပါဘူးလို႔ ခုလို တင္ထားခဲ့ပါတယ္။

“ကြ်န္မေနၾကာေစ့ေရာင္းရတာ
မရွက္ပါဘူး
အျမတ္ေငြကိုလွဴဖို႔ရည္စူးထားတာ
တကယ္လို႔ စားဝတ္ေနေရး
အတြက္ ေရာင္းရမယ္ဆိုလဲမရွက္ပါဘူး
မိသားစုအတြက္အလုပ္လုပ္တဲ့အခါ သမာအာဇီဝျဖစ္ရင္ၿပီးတာဘဲ အလုပ္ဟူသမွ်ဂုဏ္ရွိတာဘဲ
မင္းသမီးမို႔ ေစ်းေရာင္းစားရလဲမရွက္ပါဘူး
ကြ်န္မယူတဲ့အျမတ္က ကြ်န္မမရႈးံ႐ုံေလးယူထားတာ
ကိုယ့္လိပ္ျပာကိုယ္လုံတယ္
ကိုယ့္အလွဴမွာကိုယ့္ကိုခ်စ္တဲ့သူေတြ တႏိုင္ေလးပါဝင္လို႔ရတယ္
အရွက္ဆိုတာ တကယ္ရွက္သင့္တဲ့ေနရာမွာရွက္ရမွာပါ
မရွက္သင့္တဲ့ေနရာရွက္ ရွက္သင့္တဲ့ေနရာမရွက္ရင္ဘဝပါပ်က္သြားပါလိမ့္မယ္
ဘဝမွာ ဟိတ္ဟန္ အဓိကမဟုတ္ပါ အတြင္းစိတ္မွန္ဖို႔ အဓိကပါ
ကြ်န္မကေတာ့ သမီးေကာင္း မိခင္ေကာင္း ဇနီးေကာင္း အႏုပညာရွင္ေကာင္းျဖစ္ေအာင္ ႀကိဳးစားေနရတုန္းပါ

နက္ျဖန္ေနၾကာေစ့ ေရာက္မယ္ရွင္
တစ္ထုပ္ ၆၀၀၀က်ပ္
ဝယ္ယူအားေပးရင္း ကုသိုလ္ပါဝင္ပါဦးရွင္
ဝယ္ယူၿပီးေသာသူမ်ားကိုလည္း ေက်းဇူးပါရွင္
၇ရက္သားသမီးအားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ ေကာင္းက်ိဳးလိုရာဆႏၵ ျပည့္စုံၾကပါေစရွင္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

မယ္လိုဒီေရာင္းတဲ့ ေနၾကာေစ့

မယ္လိုဒီေရာင္းတဲ့ ေနၾကာေစ့

တကယ္လည္း လွဴဖို႔ပဲ ေရာင္းေရာင္း၊ ဝင္ေငြအရပဲ ေရာင္းေရာင္း ေကာင္းေရာင္းေကာငး္ဝယ္လုပ္ငန္းလုပ္ရင္ ဘာလုပ္လုပ္ ဂုဏ္ယူစရာပါပဲ။ ရတဲ့ အျမတ္ကိုမွ လွဴဦးမယ္ဆုိေတာ့ မယ္လိုဒီရဲ႕ ျမတ္တဲ့ စိတ္ေလးကို သာဓုသာဓုသာဓုေခၚခ်င္ပါတယ္လို႔။

www.akhayar.com

Photo Credit : Melody’s Facebook Account ၊ Amazing Grace

[Unicode]

မင်းသမီးမို့ ဈေးရောင်းစားရလည်း မရှက်ပါဘူးလို့ ဆိုလာတဲ့ မယ်လိုဒီ

မင်းသမီးလေး မယ်လိုဒီဟာ အိမ်ထောင်ကျပြီး သားလေး သိဒ္ဓိစစ်ကို မွေးဖွားပြီးပေမယ့်လည်း အရွယ်တင်ပြီး လှသွေးကြွယ်နေဆဲပါ။ အနုပညာအလုပ်တွေလည်း ကြိုကြိုကြားကြားလုပ်ရင်း အိမ်ထောင်တစ်ခုကိုလည်း ကောင်းကောင်းထိန်းသိမ်းနိုင်သူပါ။ ဒီလို အလုပ်တွေ များပြား မအားတဲ့ ကြားကနေပြီး အားတဲ့အချိန်မှာလည်း လှူဖို့ တန်းဖို့အတွက် နေကြာစေ့လေးတွေ ရောင်းပါသေးတယ်။

Melody

Melody

မယ်လိုဒီ

မယ်လိုဒီ

ဒီလို ရောင်းရတဲ့အတွက်လည်း ဘာမှ ရှက်စရာမရှိဘဲ သမ္မာအာဇီဝမို့ လုပ်တာ ရှက်စရာမလိုပါဘူးလို့ ခုလို တင်ထားခဲ့ပါတယ်။

“ကျွန်မနေကြာစေ့ရောင်းရတာ
မရှက်ပါဘူး
အမြတ်ငွေကိုလှူဖို့ရည်စူးထားတာ
တကယ်လို့ စားဝတ်နေရေး
အတွက် ရောင်းရမယ်ဆိုလဲမရှက်ပါဘူး
မိသားစုအတွက်အလုပ်လုပ်တဲ့အခါ သမာအာဇီဝဖြစ်ရင်ပြီးတာဘဲ အလုပ်ဟူသမျှဂုဏ်ရှိတာဘဲ
မင်းသမီးမို့ ဈေးရောင်းစားရလဲမရှက်ပါဘူး
ကျွန်မယူတဲ့အမြတ်က ကျွန်မမရှုးံရုံလေးယူထားတာ
ကိုယ့်လိပ်ပြာကိုယ်လုံတယ်
ကိုယ့်အလှူမှာကိုယ့်ကိုချစ်တဲ့သူတွေ တနိုင်လေးပါဝင်လို့ရတယ်
အရှက်ဆိုတာ တကယ်ရှက်သင့်တဲ့နေရာမှာရှက်ရမှာပါ
မရှက်သင့်တဲ့နေရာရှက် ရှက်သင့်တဲ့နေရာမရှက်ရင်ဘဝပါပျက်သွားပါလိမ့်မယ်
ဘဝမှာ ဟိတ်ဟန် အဓိကမဟုတ်ပါ အတွင်းစိတ်မှန်ဖို့ အဓိကပါ
ကျွန်မကတော့ သမီးကောင်း မိခင်ကောင်း ဇနီးကောင်း အနုပညာရှင်ကောင်းဖြစ်အောင် ကြိုးစားနေရတုန်းပါ

နက်ဖြန်နေကြာစေ့ ရောက်မယ်ရှင်
တစ်ထုပ် ၆၀၀၀ကျပ်
ဝယ်ယူအားပေးရင်း ကုသိုလ်ပါဝင်ပါဦးရှင်
ဝယ်ယူပြီးသောသူများကိုလည်း ကျေးဇူးပါရှင်
၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံကြပါစေရှင်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

မယ်လိုဒီရောင်းတဲ့ နေကြာစေ့

မယ်လိုဒီရောင်းတဲ့ နေကြာစေ့

တကယ်လည်း လှူဖို့ပဲ ရောင်းရောင်း၊ ဝင်ငွေအရပဲ ရောင်းရောင်း ကောင်းရောင်းကောင်းဝယ်လုပ်ငန်းလုပ်ရင် ဘာလုပ်လုပ် ဂုဏ်ယူစရာပါပဲ။ ရတဲ့ အမြတ်ကိုမှ လှူဦးမယ်ဆိုတော့ မယ်လိုဒီရဲ့ မြတ်တဲ့ စိတ်လေးကို သာဓုသာဓုသာဓုခေါ်ချင်ပါတယ်လို့။

www.akhayar.com

Photo Credit : Melody’s Facebook Account ၊ Amazing Grace