[Zawgyi]






Photos Credit – Melody

Stella(Akhayar)

www.akhayar.com

[Unicode]

အသဲလေးတွေပေးပါလို့ စနောက်လိုက်တဲ့ မယ်လိုဒီရဲ့အလှပုံရိပ်များ

တစ်သားမွေးတစ်သွေးလှတဲ့ မိခင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီတစ်ယောက်လည်းပါဝင်နေပါတယ်။ အသားအရေကြည်လင်ပြီး လှပတဲ့မျက်နှာနဲ့ အရပ်အမောင်းကြောင့်လည်း ဘယ်လိုဖက်ရှင်လေးတွေနဲ့မဆို အလှဆုံးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ မေမေ မယ်လိုဒီတစ်ယောက် လတ်တလောမှာ Jewelshine Gems လက်ဝတ်ရတနာ ကြော်ငြာရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။

ပန်းရောင်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေတဲ့ မယ်လိုဒီရဲ့ အလှပုံရိပ်လေးတွေကိုမြင်ရတာ တော်ဝင်တဲ့ အလှတရားကို သိသိသာသာမြင်တွေ့ရပါတယ်။
မယ်လိုဒီကတော့ သူမရဲ့ အလှပုံရိပ်တွေကို မျှဝေလိုက်ချိန်မှာ အခုလို အသဲလေးတွေပေးပါဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။


“ဘွားရီး မဆိုးပါဘူး အသဲလေးတွေ ပေးပါ
မိတ်ကပ်ဆရာနဲ့ဓာတ်ဆရာတော်တော့ လှနေတယ်လေ
Jewelshine Gems ကြော်ငြာလေးပါ
ဒီပုံလေးတွေတင်ရင် လက်ဆာင်ပေးမယ်တဲ့ (ခပ်တည်တည်ဘဲလေ)
၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်” လို့ ရေးသားထားတာတွေ့ရပါတယ်။
အသက်အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။

Photos Credit – Melody

Stella(Akhayar)

www.akhayar.com