Google ကနေ Android Oreo Go Edition ကို ပြီးခဲ့တဲ့ Android 8.1 Oreo Version ကို စတင်မိတ်ဆက်တုန်းက အတူယှဉ်တွဲပြီးတော့ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android Go စမတ်ဖုန်းကို ထုတ်လုပ်မယ့် စမတ်ဖုန်းကုမ္ပဏိတစ်ခုကို ထပ်မံမြင်ရတော့မှာဖြစ်ပါတယ်။

Meizu

အခုတစ်ကြိမ်မှာတော့ Android Go စမတ်ဖုန်းကို ထုတ်လုပ်မယ့် ကုမ္ပဏီကတော့ Meizu ပဲဖြစ်ပြီးတော့ Meizu ရဲ့ Global Marketing Head ဖြစ်တဲ့ Ard Boudeling ကနေ အခုသတင်းကို သူရဲ့ Twitter Account မှာတင်ထားခဲ့တာဖြစ်ပါတယ်။

Meizu ရော၊ Google ကရော အခုထုတ်လုပ်မယ့် Android Go စမတ်ဖုန်းဟာ ဘယ်လိုပုံစံမျိုးဖြစ်လာမယ်ဆိုတာကို ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် လက်ရှိ အခြားသော Android Go စမတ်ဖုန်းတွေထက် ပိုသာမလားဆိုတာ နဲ့ ဈေးနှုန်းကိုအတိအကျသိရှိရခြင်းမရှိသေးပါဘူး။

Google ရဲ့ Android Go OS ဟာ စွမ်းဆောင်ရည်နိမ့်ပါးတဲ့ ဘတ်ဂျတ်စမတ်ဖုန်းတွေအတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပြီးတော့ RAM 1GB အောက် စမတ်ဖုန်းတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရရှိဖို့အတွက် ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အခု Meizu ရဲ့ Android Go စမတ်ဖုန်းကလည်း ဒေါ်လာ ၁၀၀ အောက်ပဲ ရှိနိုင်မယ်လို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]