Meizu ကေန ယခုႏွစ္ထဲမွာ 16 Series စမတ္ဖုန္းေတြျဖစ္တဲ့ Meizu 16 ၊ Meizu 16 Plus နဲ႔ Meizu 16X စမတ္ဖုန္းေတြကို မိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။ ၾကည့္ရတာကေတာ့ Meizu ကေန ေနာက္ႏွစ္မွာထြက္ရွိလာမယ့္ Flagship စမတ္ဖုန္းကိုလည္း Meizu 16 Series အေနနဲ႔ပဲ ထုတ္ဦးမယ့္ပံုပါပဲ။

Meizu 16

အခုသတင္းကေတာ့ Meizu ရဲ႕ CEO ျဖစ္တဲ့ Jack Wong ကိုယ္တိုင္က အတည္ျပဳေပးခဲ့တာျဖစ္ျပီးေတာ့ ကုမၸဏီရဲ႕ Next Generation Flagship ကို Meizu 16s လုိ႔ ေခၚဆိုမွာျဖစ္ျပီးေတာ့ Qualcomm ရဲ႕ 7nm Architecture သံုး Snapdragon 8150 Processor ကို အသံုးျပဳလာမွာျဖစ္ပါတယ္။ Jack Wong က အဆုိပါ Meizu 16s စမတ္ဖုန္းကို မိတ္ဆက္မယ့္အခ်ိန္ကိုလည္းေျပာၾကားခဲ့ျပီးေတာ့ လာမယ့္ ၂၀၁၉ ခုႏွစ္ ေမလအတြင္းမွာ မိတ္ဆက္လာမွာျဖစ္ပါတယ္။

Meizu 16

အဲ့ဒီအတြက္ Meizu ကေန ျပိဳင္ဘက္ျဖစ္တဲ့ Xiaomi ထက္ေတာင္ေစာျပီးေတာ့ Qualcomm Snapdragon 8150 Processor နဲ႔ Flagship စမတ္ဖုန္းကို မိတ္ဆက္လာႏုိင္ပါတယ္။ ဒါေပမယ့္ ဒါက Meizu 16 Series စမတ္ဖုန္းတစ္ခုပဲျဖစ္လာမွာျဖစ္ျပီးေတာ့ ေနာက္ထပ္ Meizu 17 နံပါတ္နဲ႔ Flagship စမတ္ဖုန္းတစ္ခုပါ ထပ္မံထြက္ရွိလာႏုိင္ပါေသးတယ္။

Meizu 16

အခု Meizu 16s စမတ္ဖုန္းက လက္ရွိေရာင္းခ်ေနတဲ့ Meizu 16 ဖုန္းနဲ႔ အျပင္ပန္းဒီဇုိင္းတူညီမွာျဖစ္ျပီးေတာ့ အတြင္းပိုင္း Specs ေတြအရပဲ အဆင့္ျမွင့္တင္ထားမွာျဖစ္ပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Meizu ကနေ ယခုနှစ်ထဲမှာ 16 Series စမတ်ဖုန်းတွေဖြစ်တဲ့ Meizu 16 ၊ Meizu 16 Plus နဲ့ Meizu 16X စမတ်ဖုန်းတွေကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ကြည့်ရတာကတော့ Meizu ကနေ နောက်နှစ်မှာထွက်ရှိလာမယ့် Flagship စမတ်ဖုန်းကိုလည်း Meizu 16 Series အနေနဲ့ပဲ ထုတ်ဦးမယ့်ပုံပါပဲ။

Meizu 16

အခုသတင်းကတော့ Meizu ရဲ့ CEO ဖြစ်တဲ့ Jack Wong ကိုယ်တိုင်က အတည်ပြုပေးခဲ့တာဖြစ်ပြီးတော့ ကုမ္ပဏီရဲ့ Next Generation Flagship ကို Meizu 16s လို့ ခေါ်ဆိုမှာဖြစ်ပြီးတော့ Qualcomm ရဲ့ 7nm Architecture သုံး Snapdragon 8150 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Jack Wong က အဆိုပါ Meizu 16s စမတ်ဖုန်းကို မိတ်ဆက်မယ့်အချိန်ကိုလည်းပြောကြားခဲ့ပြီးတော့ လာမယ့် ၂၀၁၉ ခုနှစ် မေလအတွင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Meizu 16

အဲ့ဒီအတွက် Meizu ကနေ ပြိုင်ဘက်ဖြစ်တဲ့ Xiaomi ထက်တောင်စောပြီးတော့ Qualcomm Snapdragon 8150 Processor နဲ့ Flagship စမတ်ဖုန်းကို မိတ်ဆက်လာနိုင်ပါတယ်။ ဒါပေမယ့် ဒါက Meizu 16 Series စမတ်ဖုန်းတစ်ခုပဲဖြစ်လာမှာဖြစ်ပြီးတော့ နောက်ထပ် Meizu 17 နံပါတ်နဲ့ Flagship စမတ်ဖုန်းတစ်ခုပါ ထပ်မံထွက်ရှိလာနိုင်ပါသေးတယ်။

Meizu 16

အခု Meizu 16s စမတ်ဖုန်းက လက်ရှိရောင်းချနေတဲ့ Meizu 16 ဖုန်းနဲ့ အပြင်ပန်းဒီဇိုင်းတူညီမှာဖြစ်ပြီးတော့ အတွင်းပိုင်း Specs တွေအရပဲ အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com