[Zawgyi] 








Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Notch မပါတဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Meizu 16

 Android ဖုန်းတော်တော်များများက Notch တွေပါလာနေပြီဖြစ်တာကြောင့် Notch မပါတဲ့ ဖုန်းကို ရှာဝယ်ဖို့က စဉ်းစားရခက်လာပါတယ်။ Flagship ဖုန်းဝယ်ဖို့ စဉ်းစားနေသူတွေဆိုရင် ပိုပြီးစဉ်းစားရပါတယ်။ ပေးရတဲ့ဈေးနဲ့ ကိုယ်လိုချင်တဲ့ Design ၊ Display ၊ Specification တွေကို မရဘူးဆိုရင် ဝယ်ပြီးနောက်ပိုင်းမှာ စိတ်မကျေနပ်တာတွေ အနည်းနဲ့ အများဖြစ်လာတတ်ကြပါတယ်။ အဲ့ဒီလိုအခြေအနေမှာ Notch မပါတဲ့ Flagship ဖုန်းတွေက စိတ်ဝင်စားစရာပိုကောင်းလာတာ မဆန်းပါဘူး။ 

Leaked Image of Maize 16 Display

Meizu 16 ကတော့ Meizu ဖုန်းတွေထဲမှာ လိုချင်စရာအကောင်းဆုံး Flagship ဖုန်းတစ်လုံးဖြစ်လာတော့မှာပါ။ လက်တလောသတင်းပေါက်တာတွေ များနေပြီဖြစ်သလို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာမိတ်ဆက်သွားမယ်ဆိုတာကလည်း သတင်းအတိအကျထွက်ထားပြီးဖြစ်နေပါတယ်။ Meizu ပရိသတ်အတွက်တော့ မျှော်လင့်ချက်တွေပေးနေတဲ့ Flagship ဖုန်းတစ်လုံးဆိုရင် မမှားပါဘူး။ သတင်းပေါက်တဲ့အထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက်တွေကတေ့ Notch မပါတဲ့ OLED Display ၊ Qualcomm Snapdragon 845 SoC နဲ့ On Screen Fingerprint Scanner တို့ပဲဖြစ်ပါတယ်။ 

Leaked Image of Maize 16 Display

OLED Display တွေကိုတော့ Samsung ဆီကပဲ မှာသုံးထားတယ်လို့ သိရပါတယ်။ Display ကတော့ 18:9 Ratio နဲ့ဖြစ်လာမှာကြောင့် Full Screen Desgin ဖြစ်လာပါတယ်။ Gesture တွေကတော့ အရင်ကတည်းက Meizu ရဲ့ mTouch မှာ ပါပြီးသားဖြစ်နေတာကြောင့် အခုဖုန်းမှာလည်း Gesture တွေကိုပဲဆက်သုံးသွားမယ်ဆိုတာ သေချာပြီးသားအချက်ပါ။ Leak ထားတဲ့ ဓာတ်ပုံအရတော့ Fingerprint အတွက် Display ပေါ်မှာပဲ နေရာတစ်ခုသတ်မှတ်ပေးထားတာကို တွေ့ရပါတယ်။ Display အောက်ဖက်က ဘောင်တွေကလည်း အများကြီး ထူနေတာမျိုးမဟုတ်တာကြောင့် Screen To Body Ratio ကလည်း ပိုများနေမှာပါ။ ဘေးဖက်မှာတော့ Aluminium လို့ထင်ရတဲ့ ဘောင်တွေနဲ့ ကွတ်ပေးထားပါတယ်။ ပုံထဲက ဖုန်းနှစ်လုံးကတော့ Meizu 16 Version အခွဲတွေအဖြစ် Meizu 16 နဲ့ Meizu 16 Plus ဆိုပြီးဖြစ်လာနိုင်ပါတယ်။ 

Leaked Image Of Maize 16

နောက်တစ်ချက်ကတော့ အခုနောက်ပိုင်း Flagship တွေနဲ့ Gaming ဖုန်းတွေမှာ ပါလာတဲ့ Vapor Chamber ပါ။ Qualcomm Snapdragon 845 ကိုသုံးပေးထားမှာဖြစ်တာကြောင့် Powerful ဖြစ်သလို အပူသက်သာစေဖို့အတွက် Vapor Chamber ကိုထည့်ပေးလာနိုင်တယ်ဆိုတဲ့အချက်က  သေချာနေပါတယ်။ Miezu 16 Plus မှာပဲ Snapdragon 845 နဲ့ Vapor Chamber ကိုတွေ့ရနိုင်ပြီးတော့ Meizu 16 မှာတော့ Qualcomm Snapdragon 710 ကိုပဲ သုံးပေးထားမယ်လို့ သတင်းထွက်ထားပါတယ်။ Vapor Chamber ပါလာရင်တော့ ဖုန်းကိုအပူသက်သာစေသလို လက်ထဲမှာ အချိန်အကြာကြီးကိုင်ထားတဲ့အခါလည်း ပူနေတာမျိုးကို ခံစားရမှာမဟုတ်ပါဘူး။ အခုလို Vapor Chamber ပါတဲ့ ဖုန်းတွေကတော့ အရင်က ထွက်ပြီးသား Samsung Galaxy S7 ဖုန်းတွေနဲ့ Razer Phone ပါ။ Meizu 16 ကတော့ Notch မပါတာ တစ်ခုတည်းနဲ့တင် စိတ်ဝင်စားစရာကောင်းနေပါပြီ။ သင်ရော Meizu ပရိသတ်တစ်ယောက်လား။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။