Sussex မြို့ စား Prince Harry ရဲ့  ကြင်ယာတော်ဖြစ်တဲ့ Meghan Markle ဟာ ကိုယ်ဝန်လွယ်ထားပြီလို့ တော်ဝင်မိသားစုရဲ့ ကိုယ်ပိုင်လူမှုကွန်ရက် တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ ၂ဝ၁၉ခုနှစ်ရဲ့ နွေဦးရာသီ (မတ်လ၊ ဧပြီလ၊ မေလ) မှာ မွေးဖွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် Meghan Markle ဟာ အနည်းဆုံးကိုယ်ဝန် ၁၂ ပတ် (၃လ) ရှိပြီလို့ သုံးသပ်ရပါတယ်။ Meghan Markle ဟာ အသက် (၃၇) နှစ်ရှိပြီဖြစ်တာကြောင့် လက်ထပ်ပြီး မကြာခင်မှာပဲ အခုလိုကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ခဲ့ဟန်တူပါတယ်။

ဘုရင်မကြီး Elizabeth II ရဲ့ မြေးတော်ဖြစ်တဲ့ Prince Harry နဲ့ Meghan Markle ဟာ ၂ဝ၁၆ခုနှစ် ဇွန်လမှာ ချစ်သူဖြစ်ခဲ့ပြီး ၂ဝ၁၈ခုနှစ် မေလ (၁၉) ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ Sussex မြို့ စားကတော် Meghan Markle ဟာ ကိုယ်ဝန်လွယ်ထားရပေမယ့် တော်ဝင်မိသားစုရဲ့ (၁၆) ရက်တာ ခရီးစဉ်ကိုတော့ မဖျက်ဘဲ သြစတေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com