[Zawgyi]

ဘုရင္မႀကီးနဲ႔ ခ်စ္ၾကည္မႈရေနၿပီဆိုတာကို ျပသလိုက္တဲ႔ Meghan Markle

Prince Harry နဲ႔ ေမလက ေတာ္ဝင္လက္ထက္ပဲြက်င္းပခဲ႔တဲ႔ Meghan Markle က သူမ၏ေတာ္ဝင္မဂၤလာပဲြ မတိုင္ခင္ကတည္းက အဝါႏုေရာင္နဲ႔ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ အဝတ္အထည္ေတြကို ေတာ္ဝင္နန္းေတာ္ထဲရွီ ဗီရုိထဲမွာ စုေဆာင္းထားတာကို ေတြ႔ရပါတယ္။ အထူးသျဖင္႔ ဘုရင္မႀကီး ထူးထူးျခားျခားႀကိဳက္ႏွစ္သက္ၿပီး ဝတ္ေလ့ဝတ္ထရွိတဲ႔ အေရာင္ေတာက္ေတာက္ကာလာမ်ဳိးေတြကို ေရွာင္ၿပီး အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြကို သတိထားၿပီး ဝယ္ယူကာ သူမရဲ႕ဗီရုိထဲမွာ ထည္႔သြင္းထားတာ ျဖစ္ပါတယ္။ ဒါေပမယ္႔ ၾကာသပေတးေန႔တုန္းက ဘုရင္မႀကီးမပါဘဲ တက္ေရာက္ရတဲ႔ ပဲြတစ္ခုမွာေတာ့ Markle က အေရာင္ေတာက္ေတာက္ ဝတ္စံုတစ္ထည္ကို စိတ္ဆံုးျဖတ္ၿပီး ဝတ္ဆင္ခဲ႔ပါတယ္။

Meghan Markel and Yellow Dress

Meghan Markel and Yellow Dress

ဒီလိုဝတ္ဆင္ျခင္းကလည္း ဘုရင္မႀကီးကို ေလးစားသမႈျပဳတယ္လို႔ ယူဆလို႔ရပါတယ္။ ဘာေၾကာင္႔လဲဆိုတာ သူမက မ်ားေသာအားျဖင္႔ ဘုရင္မႀကီးနဲ႔ ပဲြအတူတက္တဲ႔အခါမ်ဳိးမွာေတာ့ ဘုရင္မႀကီးကို အေလးေပးတဲ႔အေနနဲ႔ အေရာင္ေဖ်ာ့ေဖ်ာ့ေတြကိုသာ ေရြးခ်ယ္ဝတ္ဆင္ၿပီး ဘုရင္မႀကီးမပါတဲ႔ ပဲြမ်ဳိးမွသာ သူမကိုသူမ ထင္ေပၚေအာင္ ဝတ္ဆင္ထားေသာေၾကာင္႔ျဖစ္ပါတယ္။

Prince Harry and Meghan Markle

Prince Harry and Meghan Markle

သူမထင္ေပၚေအာင္ ဝတ္ဆင္ခဲ႔တဲ႔ ဝတ္စံုကေတာ့ ဒီဇုိင္နာ Brandon Maxwell ရဲ႕ အဝါေရာင္ေတာက္ေတာက္ လက္ျပတ္အက်ီၤျဖစ္ပါတယ္။ Markle က အဆိုပါဝတ္စံုကို ဝတ္ဆင္ၿပီး အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ Marlborough အိမ္ေတာ္မွာက်င္းပတဲ႔ “Your Commonwealth” Youth Challenge ပဲြကုိ တက္ေရာက္ခဲ႔တာ ျဖစ္ပါတယ္။ Town & Country ရဲ႕ အဆိုအရဆုိ ဒီဝတ္စံုက $1,495 တန္ေၾကးရွိၿပီး Meghan Markle ဝတ္ဆင္လုိက္တဲ႔အတြက္ ဒီဝတ္စံုက ဝယ္လိုအားမ်ားေနၿပီး Bergdorf Goodman Website မွာလည္း အေရာင္းေတြ ပိုသြက္လို႔ေနပါတယ္။ သူမက အဆိုပါဝတ္စံုနဲ႔အတူ အသားေရာင္ေဒါက္ျမင့္ဖိနပ္ကို တဲြဖက္ဝတ္ဆင္ကာ ယံုၾကည္မႈအျပည့္ရွိစြာနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ပဲြတက္္လာျခင္း ျဖစ္ပါတယ္။ ဘုရင္မႀကီးသာ ဝတ္ေလ့ဝတ္ထရွိတဲ့ အေရာင္ေတာက္ေတာက္ကာလာေတြကို ဝတ္ဆင္ထားရလို႔ စိုးရိမ္ပူပင္မႈမရွိတဲ႔ သူမရဲ႕ဟန္ပန္အမူအရာကို ၾကည့္ခ်င္အားျဖင့္ ပရိသတ္ေတြထင္ထားသလိုုမ်ဳိး ဘုရင္မႀကီးနဲ႔ သူမရဲ႕ၾကားက ဆက္ဆံေရးက ေအးတိေအးစက္ျဖစ္မေနတာကိုလည္း ျပသေနတဲ႔ သေဘာသက္ေရာက္ပါတယ္။

Queen Elizabeth

Queen Elizabeth

ဘာပဲျဖစ္ျဖစ္ Meghan Markle ရဲ႕ အေျခအေနအခ်ိန္အခါကိုၾကည္႔ၿပီး ကၽြမ္းက်င္လိမၼာပါးနပ္စြာ ေနထိုင္တတ္မႈကေတာ့ ၾသခ်ရေလာက္ေအာင္ပါပဲေနာ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘုရင်မကြီးနဲ့ ချစ်ကြည်မှုရနေပြီဆိုတာကို ပြသလိုက်တဲ့ Meghan Markle

Prince Harry နဲ့ မေလက တော်ဝင်လက်ထက်ပွဲကျင်းပခဲ့တဲ့ Meghan Markle က သူမ၏တော်ဝင်မင်္ဂလာပွဲ မတိုင်ခင်ကတည်းက အဝါနုရောင်နဲ့ ပန်းရောင်ဖျော့ဖျော့ အဝတ်အထည်တွေကို တော်ဝင်နန်းတော်ထဲရှီ ဗီရိုထဲမှာ စုဆောင်းထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဘုရင်မကြီး ထူးထူးခြားခြားကြိုက်နှစ်သက်ပြီး ဝတ်လေ့ဝတ်ထရှိတဲ့ အရောင်တောက်တောက်ကာလာမျိုးတွေကို ရှောင်ပြီး အရောင်ဖျော့ဖျော့လေးတွေကို သတိထားပြီး ဝယ်ယူကာ သူမရဲ့ဗီရိုထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့တုန်းက ဘုရင်မကြီးမပါဘဲ တက်ရောက်ရတဲ့ ပွဲတစ်ခုမှာတော့ Markle က အရောင်တောက်တောက် ဝတ်စုံတစ်ထည်ကို စိတ်ဆုံးဖြတ်ပြီး ဝတ်ဆင်ခဲ့ပါတယ်။

Meghan Markel and Yellow Dress

Meghan Markel and Yellow Dress

ဒီလိုဝတ်ဆင်ခြင်းကလည်း ဘုရင်မကြီးကို လေးစားသမှုပြုတယ်လို့ ယူဆလို့ရပါတယ်။ ဘာကြောင့်လဲဆိုတာ သူမက များသောအားဖြင့် ဘုရင်မကြီးနဲ့ ပွဲအတူတက်တဲ့အခါမျိုးမှာတော့ ဘုရင်မကြီးကို အလေးပေးတဲ့အနေနဲ့ အရောင်ဖျော့ဖျော့တွေကိုသာ ရွေးချယ်ဝတ်ဆင်ပြီး ဘုရင်မကြီးမပါတဲ့ ပွဲမျိုးမှသာ သူမကိုသူမ ထင်ပေါ်အောင် ဝတ်ဆင်ထားသောကြောင့်ဖြစ်ပါတယ်။

Prince Harry and Meghan Markle

Prince Harry and Meghan Markle

သူမထင်ပေါ်အောင် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကတော့ ဒီဇိုင်နာ Brandon Maxwell ရဲ့ အဝါရောင်တောက်တောက် လက်ပြတ်အကျီၤဖြစ်ပါတယ်။ Markle က အဆိုပါဝတ်စုံကို ဝတ်ဆင်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Marlborough အိမ်တော်မှာကျင်းပတဲ့ “Your Commonwealth” Youth Challenge ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ Town & Country ရဲ့ အဆိုအရဆို ဒီဝတ်စုံက $1,495 တန်ကြေးရှိပြီး Meghan Markle ဝတ်ဆင်လိုက်တဲ့အတွက် ဒီဝတ်စုံက ဝယ်လိုအားများနေပြီး Bergdorf Goodman Website မှာလည်း အရောင်းတွေ ပိုသွက်လို့နေပါတယ်။ သူမက အဆိုပါဝတ်စုံနဲ့အတူ အသားရောင်ဒေါက်မြင့်ဖိနပ်ကို တွဲဖက်ဝတ်ဆင်ကာ ယုံကြည်မှုအပြည့်ရှိစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပွဲတက်လာခြင်း ဖြစ်ပါတယ်။ ဘုရင်မကြီးသာ ဝတ်လေ့ဝတ်ထရှိတဲ့ အရောင်တောက်တောက်ကာလာတွေကို ဝတ်ဆင်ထားရလို့ စိုးရိမ်ပူပင်မှုမရှိတဲ့ သူမရဲ့ဟန်ပန်အမူအရာကို ကြည့်ချင်အားဖြင့် ပရိသတ်တွေထင်ထားသလိုမျိုး ဘုရင်မကြီးနဲ့ သူမရဲ့ကြားက ဆက်ဆံရေးက အေးတိအေးစက်ဖြစ်မနေတာကိုလည်း ပြသနေတဲ့ သဘောသက်ရောက်ပါတယ်။

Queen Elizabeth

Queen Elizabeth

ဘာပဲဖြစ်ဖြစ် Meghan Markle ရဲ့ အခြေအနေအချိန်အခါကိုကြည့်ပြီး ကျွမ်းကျင်လိမ္မာပါးနပ်စွာ နေထိုင်တတ်မှုကတော့ သြချရလောက်အောင်ပါပဲနော်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။