[Zawgyi]




Meghan Markel

Meghan Markel



Meghan Markel

Meghan Markel


HP Spectre 13

HP Spectre 13






Acer Nitro 5

Acer Nitro 5



Redrose (Akhayar)

www.akhayar.com

Ref : Elle.com


[Unicode]

မီဂန်မာကယ်လ် (Meghan Markel) မင်္ဂလာပွဲမှာ ဘယ်လိုမိတ်ကပ်ပုံစံနဲ့ ပြင်ဆင်လာမလဲ?

တော်ဝင်မင်းသားချော ဟယ်ရီနဲ့ မီဂန်မာကယ်လ် (Meghan Markel) တို့ရဲ့ လာမယ့် မေလ ၁၉ ရက်နေ့မှာ ကျင်းပတော့မယ့် တော်ဝင်မင်္ဂလာပွဲသတင်းတွေကတော့ အခုအချိန်မှာ မင်္ဂလာကိတ်အရသာ ကအစ လာရောက်မယ့် ဧည့်စာရင်း၊ ဖြေဖျော်မယ့်သူတွေအထိ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် သတို့သမီးက ဘယ်လိုမျိုး မိတ်ကပ်ပြင်ဆင်လာမလဲဆိုတဲ့အပေါ်မှာကတော့ လုံးဝကို မသိရသေးဘူးပဲဖြစ်ပါတယ်။ အဲ့တော့ မီဂန်မာကယ်လ် (Meghan Markel) က ဘယ်လိုမျိုး မင်္ဂလာပွဲမှာ အလှပဆုံးပြင်ဆင်လာမှာလဲဆိုတာ အရင်မှန်းကြည့်ရအောင်။

သဘာဝကျကျနဲ့ Classic ပုံစံမျိုးပြင်ဆင်လာမယ်

Meghan Markel

Meghan Markel

မာကယ်လ်ရဲ့ မိတ်ကပ်ပညာရှင်အနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အတူရှိနေခဲ့တဲ့ Lydia Sellers ကတော့ မာကယ်လ်က သူမအခုနောက်ပိုင်း ပြုလုပ်ဖြစ်နေတဲ့ အချိန်အပိုင်းအခြားကန့်သတ်ခြင်းမရှိတဲ့ Classic စတိုင် မိတ်ကပ်ကိုပဲ ဝတ်ဆင်လာဖြစ်မယ်ထင်တယ်လို့ People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ သဘာဝကျကျတောက်ပနေတဲ့ အသားအရေနဲ့ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်း၊ Daytime Smoky Eye တွေနဲ့ လှပတဲ့မျက်တိုင်တွေနဲ့ မာကယ်လ်က လှပနေမှာပါလို့ ပြောခဲ့ပါတယ်။

သူမရဲ့ အကြိုက်ဆုံးထုတ်ကုန်တွေကိုပဲ အသုံးပြုမယ်

Meghan Markel

Meghan Markel

ပြီးခဲ့တဲ့နှစ်တွေမှာ မာကယ်လ်က သူမရဲ့ အကြိုက်နှစ်သက်ဆုံးသော အလှပဆိုင်ရာထုတ်ကုန်တွေကို အင်တာဗျူးတွေမှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲမှာ YSL Touche Éclat Concealer ၊ Charlotte Tilbury Matte Revolution Lipstick in Very Victoria ၊ NARS Orgasm Blush ၊ Dior Diorshow Iconic Mascara နဲ့ M.A.C eyeliner in Teddy တွေပါဝင်ပြီးတော့ အခုမင်္ဂလာပွဲမှာလည်း အဆိုပါ ထုတ်ကုန်တွေနဲ့ပဲ ပြင်ဆင်လာဖို့ များတယ်လို့ ခန့်မှန်းလာကြပါတယ်။ မာကယ်လ်ကိုယ်တိုင်ကလည်း သဘာဝထုတ်ကုန်တွေကို ရိုးရှင်းပြီး စစ်မှန်တာကြောင့် တန်ဖိုးထားပြီး သုံးစွဲတတ်တဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း Sellers က ပြောကြားခဲ့ပါသေးတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

သူမရဲ့ အသားအရေကိုအဓိကထားပြီး ပြင်ဆင်လာမယ်

ပြီးခဲ့တဲ့ Refinery 23 နဲ့ အင်တာဗျူးမှာ Sellers က မာကယ်လ်ကို မိတ်ကပ်ပင်ဆင်ပေးတိုင်း အောက်ခံဖောင်ဒေရှင်းတွေ အများကြီးသုံးတာကိုမကြိုက်ပဲ သူမရဲ့ တောက်ပနေတဲ့ ပင်ကိုယ်အသားအရေကိုပဲ အဓိကထားဖို့ ပြောဖူးတယ်လို့ ပြောကြားခဲ့ပြီးတော့ အခု မင်္ဂလာပွဲမှာလည်း မာကယ်လ်က သူမရဲ့ အသားအရေအတွက် အကြိုက်ဆုံးထုတ်ကုန်တွေဖြစ်တဲ့ Kate Somerville Quench Hydrating Face Serum ၊Bioré Daily Deep Pore Cleansing Cloths နဲ့ Tatcha Rice Enzyme Powder တွေကို အသုံးလာနိုင်ခြေများတယ်လို့ ခန့်မှန်းထားပါတယ်။

ကိတ်မစ်ဒယ်တန် (Kate Middleton) ကို အတုယူလာနိုင်ပါတယ်

မာကယ်လ်က ပြီးခဲ့တဲ့ ကိတ်မစ်ဒယ်တန်ရဲ့ နာမည်ကြီး ကိုယ်တိုင်မိတ်ကပ်ပြင်ဆင်ခဲ့သလို ပြင်ဆင်လာမလားဆိုတာကတော့ မသေချာသေးပါဘူး။ ဒါပေမယ့် မာကယ်လ်ဟာ ၂၀၁၆ ခုနှစ်တုန်းက Uber ပေါ်မှာ Bobbi Brown နဲ့အတူ Backseat Beauty Tutorial တစ်ခုပြုလုပ်ခဲ့ဖူးတဲ့အတွက် အခု မင်္ဂလာပွဲမှာလည်း Bobbi Brown Cosmetics တွေကိုပဲ အသုံးပြုလာမယ်ဆိုတာက ကျိန်းသေသလောက်ဖြစ်နေပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဘာပဲဖြစ်ဖြစ် တော်ဝင်မိသားစုဝင် အလောင်းအလျာလေး မီဂန်မာကယ်လ်ရဲ့ မင်္ဂလာပွဲမိတ်ကပ်ကတော့ မိန်းကလေးတွေ အားကျရလောက်အောင် လှပနေမှာကတော့ သေချာပါတယ်။

Redrose (Akhayar)

www.akhayar.com

Ref : Elle.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။