
meghan-markle-has-shut-down-all-of-her-social-media-accounts-
meghan-markle-has-shut-down-all-of-her-social-media-accounts-

[Zawgyi]





HUAWEI Nova 2i
HUAWEI Nova 2i







ကျော်စိုးအောင် (အခရာ)

www.akhayar.com

[Unicode]

လူမှုကွန်ရက်အကောင့်တွေကို ယာယီပိတ်သိမ်းလိုက်တဲ့ မီဂန်မာကယ်လ် (Meghan Markel)

တော်ဝင်မင်းသား ဟယ်ရီ (Prince Harry) ရဲ့ ကြင်ယာတော်လောင်း မီဂန်မာကယ်လ် (Meghan Markel) ဟာ လူမှုကွန်ရက်အကောင့်တွေကို ယာယီပိတ်သိမ်းလိုက်တယ်လို့ တော်ဝင်မိသားစုအသိုင်းအဝိုင်းမှ သိရပါတယ်။ သူမ သုံးနေကျဖြစ်တဲ့ Facebook ၊ Twitter နဲ့ Instagram အကောင့်တွေကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ ၉ရက် (အင်္ဂါနေ့) နေ့လယ်ပိုင်းက ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

မီဂန်မာကယ်လ် (Meghan Markel)
မီဂန်မာကယ်လ် (Meghan Markel)

“Meghan ဟာ လူမှုကွန်ရက်မှာ အားပေးနေကြတဲ့ ပရိသတ်တွေကို အလေးထားသူပါ။ ဒါပေမယ့် လူမှုကွန်ရက်အကောင့်တွေကို ကာလအတော်ကြာအောင် ပိတ်သိမ်းမယ်လို့ သူမ ဆုံးဖြတ်လိုက်ပါပြီ” လို့ တော်ဝင်မိသားစုအသိုင်းအဝိုင်းမှ သိရပါတယ်။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အကြောင်း အသေးစိတ်သိရှိရန်

၂ဝ၁၇ခုနှစ် ဧပြီလတုန်းက သူမရဲ့ ‘The Tig’ ဝက်ဘ်ဆိုက်ကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီတုန်းက “ ၃နှစ်ကျော်ကြာအောင် တည်ဆောက်ခဲ့တဲ့ ဝက်ဘ်ဆိုက်ကြီးကို ပိတ်သိမ်းလိုက်ပါတယ်။ အချိန်တစ်ခုအတွင်းမှာ အားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်” လို့ ‘မီဂန်မာကယ်လ်’ က ဆိုခဲ့ပါတယ်။

မီဂန်မာကယ်လ် (Meghan Markel)
မီဂန်မာကယ်လ် (Meghan Markel)

‘မီဂန်မာကယ်လ်’ ဟာ တော်ဝင်မင်းသား ‘ဟယ်ရီ’ နဲ့ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တုန်းက တရားဝင်စေ့စပ်ခဲ့ပါတယ်။ သူမဟာ ၂ဝ၁၈ခုနှစ် မေလ (၁၉) ရက်နေ့မှာ လက်ထပ်ပြီးရင် တော်ဝင်မိသားစုဝင် ဖြစ်လာတော့မှာပါ။

မင်းသား ဟယ်ရီ (Prince Harry) နဲ့ မီဂန်မာကယ်လ် (Meghan Markel)
မင်းသား ဟယ်ရီ (Prince Harry) နဲ့ မီဂန်မာကယ်လ် (Meghan Markel)

တော်ဝင်မိသားစုတွေဟာ သတင်းအချက်အလက်တွေကို ‘Kensington Palace’ ကပဲ ထုတ်ပြန်လေ့ရှိတာကြောင့် သူမရဲ့တစ်ကိုယ်ရည်သုံး လူမှုကွန်ရက်တွေကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။