[Zawgyi]

ေတာ္ဝင္စည္းမ်ဥ္းကို ခ်ိဳးေဖာက္လိုက္လို႔ ပြဲဆူခဲ့တဲ့ Meghan Markle ရဲ႕အျပဳအမူ

ေတာ္ဝင္မိသားစုဆိုတာကေတာ့ စည္းကမ္းေတြ၊ ေနထိုင္သြားလာမႈထံုးတမ္းအစဥ္အလာေတြ၊ ဥပေဒသေတြနဲ႔ အၿမဲစကၠန္႔မလပ္ သတိႀကီးႀကီးထားၿပီးရွင္သန္ေနရတဲ့ ျပည္သူ႔စံျပပုဂိၢဳလ္ေတြပါ။ သတိမမူမိလိုက္တဲ့အျပဳအမူေသးေသးေလးကအစ မီဒီယာေတြရဲ႕ သားေကာင္ျဖစ္ႏိုင္တာမို႔ အၿမဲသတိျပဳေနရတဲ့ဘဝပါ။

ဒါေပမယ့္ ဇြန္လ ၂၆ ရက္ေန႔မွာ က်င္းပခဲ့တဲ့ Queen’s Leaders Awards ဆုခ်ီးျမႇင့္ပြဲအခမ္းအနားမွာ မွတ္တမ္းတင္ခဲ့တဲ့ဓါတ္ပံုေတြမွာေတာ့ Meghan Markle ရဲ႕ တျခားေတာ္ဝင္မိသားစုနဲ႔မတူညီတဲ့ အျပဳအမူတစ္ရပ္ကို ထင္းထင္းႀကီးေတြ႕ျမင္ခဲ့ရပါတယ္။

ပံုမွန္အားျဖင့္ လူထုၾကားထဲမွတ္တမ္းတင္ဓါတ္ပံု႐ိုက္တာပဲျဖစ္ျဖစ္၊ ကိုယ့္ထိုင္ခံုမွာ ေနရာယူၿပီး ထိုင္တဲ့အခါပဲျဖစ္ျဖစ္ ေျခေထာက္၂ေခ်ာင္းကို ပူးကပ္ၿပီးကိုယ္ဟန္မတ္မတ္ထိုင္တာမ်ိဳးနဲ႔ ေျခက်င္းဝတ္နားကို တေစာင္းခ်ိတ္ၿပီး ေျခေထာက္ကို ေဘးတေစာင္းထားထိုင္တာေတြဟာ ေတာ္ဝင္မိသားစုရဲ႕ စည္းမ်ဥ္းနဲ႔ကိုက္ညီေပမယ့္ ေျခသလံုးကိုခ်ိတ္ၿပီး ေမာ္ေမာ္ႂကြားႂကြားထိုင္တာကိုေတာ့ သေဘာမက်ၾကပါဘူး။

ဒါေပမယ့္ Meghan ကေတာ့ ေတာ္ဝင္မိသားစုေတြနဲ႔ အရာရွိေတြအားလံုးစုေပါင္းၿပီး မွတ္တမ္းတင္ဓါတ္ပံု႐ိုက္ခ်ိန္ေနရာယူတဲ့အခါ ေရွ႕ဆံုးတန္း Prince Harry ရဲ႕ ေဘးမွာ ေနရာယူၿပီး ေျခသလံုးသားခ်ိတ္ကာ ေၾကာ႔ေၾကာ့ေမာ့ေမာ့ေလးထိုင္ခဲ့ပါတယ္။

ဓါတ္ပံုထဲမွာေတာ့ ဘုရင္မႀကီးရဲ႕ အသြင္အျပင္ကေတာင္ တည္ၿငိမ္ေနေပမယ့္ Meghan ကေတာ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ Prada Dress ေလးနဲ႔ ေမာ္ေမာ္ႂကြားႂကြား ယံုၾကည္မႈအျပည့္ရွိေနတဲ့ပံုပါပဲ။

ေတာ္ဝင္မိသားစုေတြရဲ႕ က်င့္ဝတ္ထံုးတမ္းဆိုင္ရာကြ်မ္းက်င္အရာရွိ Myka Meier ကေတာ့ ေျခသလံုးခ်ိတ္ထိုင္ျခင္းကို ဘယ္ေတာ္ဝင္စည္းမ်ဥ္းထဲမွာမွ မတားျမစ္ထားေပမယ့္ Cambridge ၿမိဳ႕စားကေတာ္ Kate Middleton အလွည့္မွာ စတင္သတ္မွတ္ခဲ့တဲ့ “Duchess Slant” လို႔ ေခၚတဲ့ ေတာ္ဝင္တစ္ေစာင္းခ်ိတ္ထိုင္နည္းနဲ႔ ထိုင္တာက အသင့္ေတာ္ဆံုးပါလို႔ People Magazine ကို ေျဖဆိုခဲ့ပါတယ္။

“Duchess Slant” ဆိုတာကေတာ့ ကိုယ္ထိုင္တဲ့ခံုနဲ႔ ဖိနပ္ေနာက္ေျခၾကား ၾကက္ဥတစ္လံုးစာအကြာအေဝးေနရာျခားၿပီး ေျခေထာက္၂ေခ်ာင္းကို ပူးကပ္ကာ အနည္းငယ္ေစာင္းၿပီး ထိုင္ရတဲ့အေနအထားပါ။ လက္၂ဖက္ကိုလည္း ေပါင္၂ဖက္ေပၚ ထပ္ၿပီးတင္ထားရတာျဖစ္ပါတယ္။ အဲ့လိုေနရင္းက ၾကာလာလို႔ ေျခေထာက္ေညာင္းလာရင္ ေျခက်င္းဝတ္ ၂ဖက္ကို ခ်ိတ္ၿပီးလည္း ေၿပာင္းထိုင္လို႔ရပါတယ္။

Kate Middleton လက္ထက္မတိုင္ခင္ကအထိ ေ၀လမင္းသမီး Diana တို႔လို ေျခသလံုးခ်ိတ္ထိုင္ေလ့ရွိတဲ့ ေတာ္ဝင္အမ်ိဳးသမီးအခ်ိဳ႕လည္းရွိခဲ့ပါေသးတယ္။ Kate Middleton လက္ထက္မွာေတာ့ ေတာ္ဝင္အမ်ိဳးသမီးအားလံုး ဒီနည္းလမ္းအတိုင္း ေနရာယူထိုင္ခဲ့ၾကေပမယ့္ Meghan ကေတာ့ ဒီပြဲမွာ သက္ေတာင့္သက္သာပဲ ေျခသလံုးခ်ိတ္ထိုင္ခဲ့တာေတြ႕ခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

တော်ဝင်စည်းမျဉ်းကို ချိုးဖောက်လိုက်လို့ ပွဲဆူခဲ့တဲ့ Meghan Markle ရဲ့အပြုအမူ

တော်ဝင်မိသားစုဆိုတာကတော့ စည်းကမ်းတွေ၊ နေထိုင်သွားလာမှုထုံးတမ်းအစဉ်အလာတွေ၊ ဥပဒေသတွေနဲ့ အမြဲစက္ကန့်မလပ် သတိကြီးကြီးထားပြီးရှင်သန်နေရတဲ့ ပြည်သူ့စံပြပုဂ္ဂိုလ်တွေပါ။ သတိမမူမိလိုက်တဲ့အပြုအမူသေးသေးလေးကအစ မီဒီယာတွေရဲ့ သားကောင်ဖြစ်နိုင်တာမို့ အမြဲသတိပြုနေရတဲ့ဘဝပါ။

ဒါပေမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Queen’s Leaders Awards ဆုချီးမြှင့်ပွဲအခမ်းအနားမှာ မှတ်တမ်းတင်ခဲ့တဲ့ဓါတ်ပုံတွေမှာတော့ Meghan Markle ရဲ့ တခြားတော်ဝင်မိသားစုနဲ့မတူညီတဲ့ အပြုအမူတစ်ရပ်ကို ထင်းထင်းကြီးတွေ့မြင်ခဲ့ရပါတယ်။

ပုံမှန်အားဖြင့် လူထုကြားထဲမှတ်တမ်းတင်ဓါတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ ကိုယ့်ထိုင်ခုံမှာ နေရာယူပြီး ထိုင်တဲ့အခါပဲဖြစ်ဖြစ် ခြေထောက်၂ချောင်းကို ပူးကပ်ပြီးကိုယ်ဟန်မတ်မတ်ထိုင်တာမျိုးနဲ့ ခြေကျင်းဝတ်နားကို တစောင်းချိတ်ပြီး ခြေထောက်ကို ဘေးတစောင်းထားထိုင်တာတွေဟာ တော်ဝင်မိသားစုရဲ့ စည်းမျဉ်းနဲ့ကိုက်ညီပေမယ့် ခြေသလုံးကိုချိတ်ပြီး မော်မော်ကြွားကြွားထိုင်တာကိုတော့ သဘောမကျကြပါဘူး။

ဒါပေမယ့် Meghan ကတော့ တော်ဝင်မိသားစုတွေနဲ့ အရာရှိတွေအားလုံးစုပေါင်းပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ချိန်နေရာယူတဲ့အခါ ရှေ့ဆုံးတန်း Prince Harry ရဲ့ ဘေးမှာ နေရာယူပြီး ခြေသလုံးသားချိတ်ကာ ကြော့ကြော့မော့မော့လေးထိုင်ခဲ့ပါတယ်။

ဓါတ်ပုံထဲမှာတော့ ဘုရင်မကြီးရဲ့ အသွင်အပြင်ကတောင် တည်ငြိမ်နေပေမယ့် Meghan ကတော့ ပန်းရောင်ဖျော့ဖျော့ Prada Dress လေးနဲ့ မော်မော်ကြွားကြွား ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံပါပဲ။

တော်ဝင်မိသားစုတွေရဲ့ ကျင့်ဝတ်ထုံးတမ်းဆိုင်ရာကျွမ်းကျင်အရာရှိ Myka Meier ကတော့ ခြေသလုံးချိတ်ထိုင်ခြင်းကို ဘယ်တော်ဝင်စည်းမျဉ်းထဲမှာမှ မတားမြစ်ထားပေမယ့် Cambridge မြို့စားကတော် Kate Middleton အလှည့်မှာ စတင်သတ်မှတ်ခဲ့တဲ့ “Duchess Slant” လို့ ခေါ်တဲ့ တော်ဝင်တစ်စောင်းချိတ်ထိုင်နည်းနဲ့ ထိုင်တာက အသင့်တော်ဆုံးပါလို့ People Magazine ကို ဖြေဆိုခဲ့ပါတယ်။

“Duchess Slant” ဆိုတာကတော့ ကိုယ်ထိုင်တဲ့ခုံနဲ့ ဖိနပ်နောက်ခြေကြား ကြက်ဥတစ်လုံးစာအကွာအဝေးနေရာခြားပြီး ခြေထောက်၂ချောင်းကို ပူးကပ်ကာ အနည်းငယ်စောင်းပြီး ထိုင်ရတဲ့အနေအထားပါ။ လက်၂ဖက်ကိုလည်း ပေါင်၂ဖက်ပေါ် ထပ်ပြီးတင်ထားရတာဖြစ်ပါတယ်။ အဲ့လိုနေရင်းက ကြာလာလို့ ခြေထောက်ညောင်းလာရင် ခြေကျင်းဝတ် ၂ဖက်ကို ချိတ်ပြီးလည်း ပြောင်းထိုင်လို့ရပါတယ်။

Kate Middleton လက်ထက်မတိုင်ခင်ကအထိ ဝေလမင်းသမီး Diana တို့လို ခြေသလုံးချိတ်ထိုင်လေ့ရှိတဲ့ တော်ဝင်အမျိုးသမီးအချို့လည်းရှိခဲ့ပါသေးတယ်။ Kate Middleton လက်ထက်မှာတော့ တော်ဝင်အမျိုးသမီးအားလုံး ဒီနည်းလမ်းအတိုင်း နေရာယူထိုင်ခဲ့ကြပေမယ့် Meghan ကတော့ ဒီပွဲမှာ သက်တောင့်သက်သာပဲ ခြေသလုံးချိတ်ထိုင်ခဲ့တာတွေ့ခဲ့ပါတယ်။

EiEiKhineMinn (Akhayar)