[Zawgyi]




ကျော်စိုးအောင် (အခရာ)

www.akhayar.com

[Unicode]

သြစတေးလျနိုင်ငံကို ရောက်ရှိလာတဲ့ Prince Harry and Meghan Markle

Prince Harry and Meghan Markle တို့ဟာ တော်ဝင်မိသားစုခရီးစဉ်အနေနဲ့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ကို တနင်္လာနေ့ ဒေသစံတော်ချိန် မနက် (၇) နာရီမှာ ရောက်ရှိလာခဲ့ပါတယ်။ လန်ဒန်မြို့ ကနေ Qantas Flight ကနေ ရောက်ရှိလာတာဖြစ်ပြီး First Class ကနေ စီးလာတယ်လို့ သိရပါတယ်။ ဆစ်ဒနီမြို့ မှာ ကိုးရက်ကြာ နေထိုင်မှာဖြစ်ပြီး Admiralty House မှာ တည်းခိုမယ်လို့ သိရပါတယ်။

Sussex မြို့ စားကတော် Meghan Markle ဟာ စာတွဲဖိုင်နှစ်ခုကို သယ်ဆောင်လာပြီး သူမနဲ့အတူ အတွင်းရေးမှူးအပြင်၊ ဆံပင်ညှပ်သမားစတဲ့ အဖွဲ့ဝင် (၁ဝ) ယောက်အထိ ပါလာတယ်လို့ သိရပါတယ်။ ဆစ်ဒနီ၊ မယ်လ်ဘုန်းမြို့ နဲ့ ဖရေဇာကျွန်းတွေအပြင် ဖီဂျီ၊ တွန်ဂါနဲ့ နယူးဇီလန်တို့လို ဓနသဟာရနိုင်ငံတွေလည်း သွားရောက်လည်ပတ်မှာပါ။ ခရီးစဉ်အားလုံးဟာ (၁၆) ရက် ကြာမြင့်မှာဖြစ်ပြီး အောက်တိုဘာလ (၃၁) ရက်နေ့ နယူးဇီလန်နိုင်ငံမှာ အဆုံးသတ်မယ်လို့ သိရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com