[Zawgyi]

ကမၻာ့အဆင္းရဲဆုံးသမၼတႀကီး ဟုိေဆး မူဇီကာ (José Mujica)

ဥရုေဂြးဆုိတဲ့ ႏုိင္ငံေလး။ ကမၻာ့ဖလားပြဲေတြမွာ ဥရုေဂြးလက္ေရြးစင္အသင္းကုိ ၾကားရတတ္တယ္။ ေတာင္အေမရိကတုိက္က ႏုိင္ငံေလး သိပ္ေတာ့စိတ္ဝင္းစားစရာ မဟုတ္။ စိတ္ဝင္းစားစရာ ေကာင္းတာက ဥရုေဂြးႏုိင္ငံကုိ ပဲ့ကုိင္သြားတဲ့ သမၼတေဟာင္းႀကီး ဟုိေဆး မူဇီကာ (José Mujica)။ ရိုးသားလြန္းတဲ့ သမၼတႀကီး။ ကမၻာေက်ာ္သတင္းဌာနဘီဘီစီကေတာင္ ‘The World’s ‘Poorest’ President’ ကမၻာ့အဆင္းရဲဆုံးသမၼတလုိ႔ေတာင္ တင္စားခဲ့တယ္။ မူဇီကာ ဘာေတြလုပ္ခဲ့လုိ႔ ဆင္းရဲတာလဲ။

Jose Mujica

Jose Mujica

ဟုိေဆး မူဇီကာကုိ ၁၉၃၅ခုႏွစ္ ေမလ (၂ဝ) ရက္ေန႔မွာ ဥရုေဂြးႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ မြန္တီ ဗီဒီယုိၿမိဳ႕ (Montevideo) မွာ ေမြးတယ္။ ဖခင္က လယ္သမား ၊ ဆင္းရဲလြန္းလုိ႔ လူမြဲဘြဲ႕ခံလုိက္ရတယ္။ မိခင္ကေတာ့ အီတလီႏုိင္ငံကေနန ႏုိင္ငံေရးခုိလႈံသူ။ ဆင္းရဲလြန္းလုိ႔ မူဇီကာရဲ႕ဆယ္ေက်ာ္သက္ဘဝက အလုပ္ၾကမ္းေပါင္းစုံလုပ္ၿပီး ကုန္ဆုံးခဲ့ရတယ္။ ၁၉၆ဝခုႏွစ္ေတြမွာ က်ဴးဘားေတာ္လွန္ေရးရုိက္ခတ္မႈေတြေၾကာင့္ ဥရုေဂြးႏုိင္ငံမွာ လက္နက္တုိင္တပ္ဖြဲ႔ေတြေပၚလာၿပီး အစုိးရဆန္႔က်င္ေရးျပဳလုပ္လာခ်ိန္မွာ က်ဴးပါးမားကုိ႕စ္ (Tupamaros) အဖြဲ႕ထဲကုိ ဝင္ေရာက္ခဲ့တယ္။ သူတုိ႔အဖြဲ႕က ၿငိမ္းခ်မ္းမႈကုိ လုိခ်င္သူ ၊ ႏုိင္ငံကုိ အသစ္ျပန္လည္ေမြးဖြားလုိသူ။ ၁၉၇ဝခုႏွစ္ ႏုိင္ငံေရးသမားဘဝမွာ ေသနတ္ဒဏ္ရာ (၆) ခါရဖူးၿပီး (၁၄) ႏွစ္ေထာင္က်ခဲ့ဖူးတယ္။ ၁၉၉၄ ေရြးေကာက္ပြဲမွာ လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ အေရြးခံခဲ့ရတယ္။ ၁၉၉၉ ေရြးေကာက္ပြဲမွာေတာ့ အထက္လႊတ္ေတာ္အမတ္ျဖစ္လာခဲ့ပါတယ္။ ၂ဝဝ၅ခုႏွစ္ မတ္လ (၁) ရက္ေန႔မွာ မူဇီကာဟာ ေမြးျမဴေရးနဲ႔ေရလုပ္ငန္းဝန္ႀကီးျဖစ္လာခဲ့တယ္။ ၂ဝ၁ဝခုႏွစ္ မတ္လ (၁) ရက္ေန႔မွာ ဘ႑ာေရးဝန္ႀကီး ဒန္နီလုိ အက္စ္တုိရီ (Danilo Astori) ကုိေက်ာ္ျဖတ္ၿပီး ဥရုေဂြးႏုိင္ငံရဲ႕ အေယာက္(၄ဝ) ေျမာက္ သမၼတျဖစ္လာခဲ့တယ္။

Jose Mujica

Jose Mujica

အေမရိကန္သမၼတဆုိရင္ အိမ္ျဖဴေတာ္မွာေနတယ္၊ ျပင္သစ္သမၼတဆုိရင္ အဲလက္စ္ နန္းေတာ္ (Élysée Palace) မွာေနတယ္၊ အဂၤလန္ဘုရင္မႀကီးဆုိရင္လည္း သူ႕နန္းေတာ္မွာပဲေနတယ္။ မူဇာကီ သမၼတျဖစ္ေတာ့ ႏုိင္ငံေတာ္က စီစဥ္ေပးတဲ့အိမ္မွာ မေနဘူး။ ရပုိင္ခြင့္ေတြကုိ မယူတဲ့သေဘာ။ မြန္တီ ဗီဒီယုိၿမိဳ႕ရဲ႕ဆင္ေျခဖုံးရပ္ကြက္မွာရွိတဲ့ လယ္ေတာအိမ္မွာပဲေနတယ္။ သူ႕အတြက္နဲ႔ ႏုိင္ငံေတာ္ကုိ စရိတ္မတက္ေစခ်င္တဲ့သေဘာ။

Jose Mujica

Jose Mujica

အဝတ္အစားကုိလည္း ျဖစ္သလုိပဲ ဝတ္တယ္။ ကပုိကရုိေနတတ္တယ္။ သမၼတလစာက ေဒၚလာ ၁၂,ဝဝဝရတယ္။ သိန္း ၁၂ဝပဲဆုိပါစုိ႔။ သူ႕လစာထဲက (၉ဝ) ရာခုိင္ႏႈန္းကုိ ဆင္းရဲတဲ့ျပည္သူေတြကုိ လွဴပစ္ခဲ့တယ္။ သူ႕အိမ္မွာ လယ္ကြင္းႀကီးရယ္။ ထြန္စက္အေဟာင္းႀကီးရယ္။ ေျခတစ္ဖက္ျပတ္ေနတဲ့ မာႏူလာ (Manuela) လုိ႔ေခၚတဲ့ ေခြးႀကီးရယ္။ အိမ္ရဲ႕မလွမ္းမကမ္းမွာ သမၼတႀကီးလုံျခံဳေရးကုိ ေစာင့္ေနတဲ့ရဲသားႏွစ္ေယာက္ရယ္ပဲရွိပါတယ္။

Jose Mujica with Volkswagen Beetle

Jose Mujica with Volkswagen Beetle

သမၼတျဖစ္ေနေပမယ့္ ဇိမ္ခံကားကုိ မစီးပါဘူး။ သူ႕အတြက္နဲ႔ ႏုိင္ငံေတာ္ဘတ္ဂ်က္ မကုန္ေစခ်င္ဘူး။ ၁၉၈၇ခုႏွစ္က ထုတ္တဲ့ ေဒၚလာ ၁၈ဝဝ (သိန္း ၂ဝ) တန္ Volkswagen Beetle လိပ္ခုံးကားကုိပဲ ျမတ္ျမတ္ႏုိးႏုိး စီးေနတုန္းပါ။ က်န္းမာေရးမေကာင္းရင္လည္း အမ်ားျပည္သူေတြနဲ႔ ေဆးခန္းမွာပဲ ကုတယ္။ သီးသန္႔မကုဘူး။ သူ႕အတြက္နဲ႔ ႏုိင္ငံေတာ္ဘတ္ဂ်က္မထိခုိက္ေစခ်င္ဘူး။ ၂ဝ၁ဝခုႏွစ္ မတ္လ ၁ရက္မွာ သမၼတျဖစ္တယ္၊ ၂ဝ၁၅ခုႏွစ္ မတ္လ ၁ရက္မွာ သမၼတရာထူးက ဆင္းသြားတယ္။ သူ႕ရာထူးမွာ တစ္ရက္ပုိမေနဘူး။ အခ်ိန္တန္ရင္ ဆင္းသြားတယ္။ လယ္ေတာထဲက လာတဲ့လူက လယ္ေတာထဲမွာပဲ ျပန္ဆင္းသြားခဲ့ပါတယ္။

“ကြ်န္ေတာ့္ကုိ အဆင္းရဲဆုံး သမၼတလုိ႔ ေျပာၾကတယ္။

ကုိယ့္ကုိယ္ကုိ ဆင္းရဲတယ္လုိ႔ မခံစားမိပါဘူး။

တကယ္တမ္းဆင္းရဲတဲ့သူဆုိတာ ကုန္က်စရိတ္ျမင့္မားတဲ့ လူေနမႈဘဝကုိ

ကာမိဖုိ႔ ပုိက္ဆံေတြကုိ မရပ္မနားရွာေဖြေနရတဲ့သူေတြပါ”

ကဲ . . . လူ႕ဘဝတုိတုိေလးထဲမွာ ေနာက္ဆုံးေပၚဖက္ရွင္၊ တန္ဖုိးႀကီးတံဆိပ္ေတြေနာက္ကုိ လုိက္ၿပီးေတာ့ ရူးသြပ္ေနေတာ့မွာလား။ အက်ိဳးရွိတာေတြကုိ လုပ္ေနၿပီး ကုန္ဆုံးေတာ့မွာလား။ ကုိယ္တုိင္ပဲ ဆုံးျဖတ္ၾကရေအာင္ဗ်ာ။ အဓိကအခ်က္က အေရးမႀကီးတာေတြ လုပ္ေနရင္ အေရးႀကီးတာေတြ ေမ့တတ္တယ္ဆုိတဲ့ ဒႆနကို အျမဲသတိရသင့္ပါတယ္။ လူ႕ဘဝတုိုတုိေလးမွာ ရုိးရုိးရွင္းရွင္းေနၾကရေအာင္ေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး ဟိုဆေး မူဇီကာ (José Mujica)

ဥရုဂွေးဆိုတဲ့ နိုင်ငံလေး။ ကမ္ဘာ့ဖလားပွဲတွေမှာ ဥရုဂွေးလက်ရွေးစင်အသင်းကို ကြားရတတ်တယ်။ တောင်အမေရိကတိုက်က နိုင်ငံလေး သိပ်တော့စိတ်ဝင်းစားစရာ မဟုတ်။ စိတ်ဝင်းစားစရာ ကောင်းတာက ဥရုဂွေးနိုင်ငံကို ပဲ့ကိုင်သွားတဲ့ သမ္မတဟောင်းကြီး ဟိုဆေး မူဇီကာ (José Mujica)။ ရိုးသားလွန်းတဲ့ သမ္မတကြီး။ ကမ္ဘာကျော်သတင်းဌာနဘီဘီစီကတောင် ‘The World’s ‘Poorest’ President’ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတလို့တောင် တင်စားခဲ့တယ်။ မူဇီကာ ဘာတွေလုပ်ခဲ့လို့ ဆင်းရဲတာလဲ။

Jose Mujica

Jose Mujica

ဟိုဆေး မူဇီကာကို ၁၉၃၅ခုနှစ် မေလ (၂ဝ) ရက်နေ့မှာ ဥရုဂွေးနိုင်ငံရဲ့မြို့တော် မွန်တီ ဗီဒီယိုမြို့ (Montevideo) မှာ မွေးတယ်။ ဖခင်က လယ်သမား ၊ ဆင်းရဲလွန်းလို့ လူမွဲဘွဲ့ခံလိုက်ရတယ်။ မိခင်ကတော့ အီတလီနိုင်ငံကနေန နိုင်ငံရေးခိုလှုံသူ။ ဆင်းရဲလွန်းလို့ မူဇီကာရဲ့ဆယ်ကျော်သက်ဘဝက အလုပ်ကြမ်းပေါင်းစုံလုပ်ပြီး ကုန်ဆုံးခဲ့ရတယ်။ ၁၉၆ဝခုနှစ်တွေမှာ ကျူးဘားတော်လှန်ရေးရိုက်ခတ်မှုတွေကြောင့် ဥရုဂွေးနိုင်ငံမှာ လက်နက်တိုင်တပ်ဖွဲ့တွေပေါ်လာပြီး အစိုးရဆန့်ကျင်ရေးပြုလုပ်လာချိန်မှာ ကျူးပါးမားကို့စ် (Tupamaros) အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။ သူတို့အဖွဲ့က ငြိမ်းချမ်းမှုကို လိုချင်သူ ၊ နိုင်ငံကို အသစ်ပြန်လည်မွေးဖွားလိုသူ။ ၁၉၇ဝခုနှစ် နိုင်ငံရေးသမားဘဝမှာ သေနတ်ဒဏ်ရာ (၆) ခါရဖူးပြီး (၁၄) နှစ်ထောင်ကျခဲ့ဖူးတယ်။ ၁၉၉၄ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။ ၁၉၉၉ ရွေးကောက်ပွဲမှာတော့ အထက်လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၅ခုနှစ် မတ်လ (၁) ရက်နေ့မှာ မူဇီကာဟာ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဖြစ်လာခဲ့တယ်။ ၂ဝ၁ဝခုနှစ် မတ်လ (၁) ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီး ဒန်နီလို အက်စ်တိုရီ (Danilo Astori) ကိုကျော်ဖြတ်ပြီး ဥရုဂွေးနိုင်ငံရဲ့ အယောက်(၄ဝ) မြောက် သမ္မတဖြစ်လာခဲ့တယ်။

Jose Mujica

Jose Mujica

အမေရိကန်သမ္မတဆိုရင် အိမ်ဖြူတော်မှာနေတယ်၊ ပြင်သစ်သမ္မတဆိုရင် အဲလက်စ် နန်းတော် (Élysée Palace) မှာနေတယ်၊ အင်္ဂလန်ဘုရင်မကြီးဆိုရင်လည်း သူ့နန်းတော်မှာပဲနေတယ်။ မူဇာကီ သမ္မတဖြစ်တော့ နိုင်ငံတော်က စီစဉ်ပေးတဲ့အိမ်မှာ မနေဘူး။ ရပိုင်ခွင့်တွေကို မယူတဲ့သဘော။ မွန်တီ ဗီဒီယိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ လယ်တောအိမ်မှာပဲနေတယ်။ သူ့အတွက်နဲ့ နိုင်ငံတော်ကို စရိတ်မတက်စေချင်တဲ့သဘော။

Jose Mujica

Jose Mujica

အဝတ်အစားကိုလည်း ဖြစ်သလိုပဲ ဝတ်တယ်။ ကပိုကရိုနေတတ်တယ်။ သမ္မတလစာက ဒေါ်လာ ၁၂,ဝဝဝရတယ်။ သိန်း ၁၂ဝပဲဆိုပါစို့။ သူ့လစာထဲက (၉ဝ) ရာခိုင်နှုန်းကို ဆင်းရဲတဲ့ပြည်သူတွေကို လှူပစ်ခဲ့တယ်။ သူ့အိမ်မှာ လယ်ကွင်းကြီးရယ်။ ထွန်စက်အဟောင်းကြီးရယ်။ ခြေတစ်ဖက်ပြတ်နေတဲ့ မာနူလာ (Manuela) လို့ခေါ်တဲ့ ခွေးကြီးရယ်။ အိမ်ရဲ့မလှမ်းမကမ်းမှာ သမ္မတကြီးလုံခြုံရေးကို စောင့်နေတဲ့ရဲသားနှစ်ယောက်ရယ်ပဲရှိပါတယ်။

Jose Mujica with Volkswagen Beetle

Jose Mujica with Volkswagen Beetle

သမ္မတဖြစ်နေပေမယ့် ဇိမ်ခံကားကို မစီးပါဘူး။ သူ့အတွက်နဲ့ နိုင်ငံတော်ဘတ်ဂျက် မကုန်စေချင်ဘူး။ ၁၉၈၇ခုနှစ်က ထုတ်တဲ့ ဒေါ်လာ ၁၈ဝဝ (သိန်း ၂ဝ) တန် Volkswagen Beetle လိပ်ခုံးကားကိုပဲ မြတ်မြတ်နိုးနိုး စီးနေတုန်းပါ။ ကျန်းမာရေးမကောင်းရင်လည်း အများပြည်သူတွေနဲ့ ဆေးခန်းမှာပဲ ကုတယ်။ သီးသန့်မကုဘူး။ သူ့အတွက်နဲ့ နိုင်ငံတော်ဘတ်ဂျက်မထိခိုက်စေချင်ဘူး။ ၂ဝ၁ဝခုနှစ် မတ်လ ၁ရက်မှာ သမ္မတဖြစ်တယ်၊ ၂ဝ၁၅ခုနှစ် မတ်လ ၁ရက်မှာ သမ္မတရာထူးက ဆင်းသွားတယ်။ သူ့ရာထူးမှာ တစ်ရက်ပိုမနေဘူး။ အချိန်တန်ရင် ဆင်းသွားတယ်။ လယ်တောထဲက လာတဲ့လူက လယ်တောထဲမှာပဲ ပြန်ဆင်းသွားခဲ့ပါတယ်။

“ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ပြောကြတယ်။

ကိုယ့်ကိုယ်ကို ဆင်းရဲတယ်လို့ မခံစားမိပါဘူး။

တကယ်တမ်းဆင်းရဲတဲ့သူဆိုတာ ကုန်ကျစရိတ်မြင့်မားတဲ့ လူနေမှုဘဝကို

ကာမိဖို့ ပိုက်ဆံတွေကို မရပ်မနားရှာဖွေနေရတဲ့သူတွေပါ”

ကဲ . . . လူ့ဘဝတိုတိုလေးထဲမှာ နောက်ဆုံးပေါ်ဖက်ရှင်၊ တန်ဖိုးကြီးတံဆိပ်တွေနောက်ကို လိုက်ပြီးတော့ ရူးသွပ်နေတော့မှာလား။ အကျိုးရှိတာတွေကို လုပ်နေပြီး ကုန်ဆုံးတော့မှာလား။ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရအောင်ဗျာ။ အဓိကအချက်က အရေးမကြီးတာတွေ လုပ်နေရင် အရေးကြီးတာတွေ မေ့တတ်တယ်ဆိုတဲ့ ဒဿနကို အမြဲသတိရသင့်ပါတယ်။ လူ့ဘဝတိုတိုလေးမှာ ရိုးရိုးရှင်းရှင်းနေကြရအောင်နော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com