[Zawgyi]

ကမၻာ့အခ်မ္းသာဆုံးလုပ္ငန္းရွင္ေတြက ဘီလ္ဂိတ္ (Bill Gates) ၊ ဝါရင့္ဘန္႔ဖတ္ (Warren Buffett) ၊ ဂ်က္ဘီဇုိ (Jeff Bezos) ေတြပဲဆုိတာ အားလုံးသိၾကမယ္ထင္ပါတယ္။ ၂ဝ၁၇ Forbes မဂၢဇင္းရဲ႕အဆုိအရ ကမၻာေပၚမွာ ဘီလ်ံနာေပါင္း ၂ဝ၄၃ဦးရွိတယ္လုိ႔ သိရပါတယ္။ ဘီလ်ံနာစာရင္းထဲကမွ အခ်မ္းသာဆုံးလူမည္းေတြကုိ ေရြးထုတ္ေဖာ္ျပလုိက္ရပါတယ္။

၁ဝ။ မုိဟာမတ္ ေအဗရာဟင္ (ၾကြယ္ဝမႈ ၁.၁၄ ဘီလီယံ)

ဆူဒန္ႏုိင္ငံမွာ ေမြးဖြားေပမယ့္ အဂၤလန္ႏုိင္ငံသား ခံယူထားတဲ့ မုိဟာမတ္ ေအဗရာဟင္ (Mohammed Ibrahim) ဟာ သူပုိင္ဆုိင္တဲ့ Celtel International ဆက္သြယ္ေရးကုမၸဏီကုိ ေရာင္းခ်ၿပီး ၂ဝဝ၅ခုႏွစ္မွာ ဘီလ်ံနာျဖစ္လာခဲ့ပါတယ္။ အဂၤလန္ႏုိင္ငံမွာ ၁၁ေယာက္ေျမာက္အခ်မ္းသာဆုံးျဖစ္ၿပီး Mo Ibrahim Foundation ကုိလည္း တည္ေထာင္ထားပါေသးတယ္။

Mohammed Ibrahim

၉။ မုိက္ကယ္ေဂ်ာ္ဒန္ (ၾကြယ္ဝမႈ ၁.၃၁ ဘီလီယံ)

ဂႏၱဝင္ဘတ္စကတ္ေဘာသမားႀကီး မုိက္ကယ္ေဂ်ာ္ဒန္ (Michael Jordan) ဟာ အားကစားမွာလည္း ထူးခြ်န္ခဲ့ရုံမက ၾကြယ္ဝခ်မ္းသာလြန္းလုိ႔ လူမည္းအသုိင္းအဝုိင္းမွာ နာမည္တစ္လုံးနဲ႕ ထင္ရွားခဲ့ပါတယ္။ ကစားသမားဘဝမွာ အေမရိကန္ေဒၚလာ သန္း၉ဝ ေလာက္ရွာႏုိင္ခဲ့တယ္လုိ႔ Forbes မဂၢဇင္းအရ သိရၿပီး အနားယူခဲ့ၿပီး Nike ၊ Coca – Cola ၊ Chevrolet တုိ႔လုိ တံဆိပ္ေတြရဲ႕ စာခ်ဳပ္ေတြေၾကာင့္ ၾကြယ္ဝလာတယ္လုိ႔ သိရပါတယ္။ Charlotte Hornets ဆုိတဲ့ အေမရိကန္ဘတ္စကတ္ေဘာအသင္းကုိလည္း ပုိင္ဆုိင္ထားပါေသးတယ္။

Michael Jordan

Michael Jordan

၈။ ဖုိလုိရမ္ရႈိအယ္လာကီဂ်ာ (ၾကြယ္ဝမႈ ၁.၆၁ ဘီလီယံ)

ႏုိက္ဂ်ီးရီးယားႏုိင္ငံသူ ဖုိလုိရမ္ရႈိအယ္လာကီဂ်ာ (Folorunsho Alakija) ဟာ Famfa Oil Limited နဲ႔ ဖက္ရွင္လုပ္ငန္း Rose of Sharon House of Fashion ကုိလည္း တည္ေထာင္ထားပါေသးတယ္။ ႏုိက္ဂ်ီးရီးယားႏုိင္ငံ လာဂုိၿမိဳ႕မွာ အေျခခ်ေနထုိင္ၿပီး ၂ဝ၁၆ခုႏွစ္ မတ္လမွာ Osun State University ရဲ႕ ပထမဆုံးအမ်ိဳးသမီးအႀကီးအကဲ ျဖစ္လာခဲ့ပါတယ္။

Folorunsho Alakija

Folorunsho Alakija

၇။ ပတ္ထရစ္ ေမာ့ဆက္ပီ (ၾကြယ္ဝမႈ ၁.၈၁ ဘီလီယံ)

ေတာင္အာဖရိကႏုိင္ငံသား ပတ္ထရစ္ ေမာ့ဆက္ပီ (Patrice Motsepe) ဟာ အသက္၅၅ႏွစ္ရွိၿပီး သတၳဴတူးေဖာ္ေရးကုမၸဏီ African Rainbow Minerals တည္ေထာင္သူလည္း ျဖစ္ပါတယ္။ Motsepe Foundation ကုိတည္ေထာင္ထားၿပီး အာဖရိကျပည္သူေတြရဲ႕ စီးပြားေရး၊ လူမႈေရး၊ ပညာေရးေတြကုိ ကူညီေထာက္ပံ့ေစဖုိ႔ ျဖစ္ပါတယ္။

Patrice Motsepe

၆။ ေရာဘတ္စမတ္ (ၾကြယ္ဝမႈ ၂.၅ ဘီလီယံ)

ေရာဘတ္စမတ္ (Robert Smith) ဟာ Vista Equity Partners ကုမၸဏီကုိ ၂ဝဝဝခုႏွစ္မွာ တည္ေထာင္ထားၿပီး CEO အျဖစ္ တာဝန္ယူထားပါတယ္။ အေမရိကန္ႏုိင္ငံ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမိဳ႕ (Austin) မွာ အေျခခ်ေနထုိင္ပါတယ္။

Robert Smith

Robert Smith

၅။ ေအာ္ပရာဝင္းဖေရး (ၾကြယ္ဝမႈ ၃ဘီလီယံ)

အခ်မ္းသာဆုံး လူမည္းစာရင္းမွာ ေအာ္ပရာဝင္းဖေရး (Oprah Winfrey) ထိပ္ဆုံးက ပါေနတာ အျငင္းပြားဖြယ္ရာ မရွိပါဘူး။ သူမဟာ အစီအစဥ္တင္ဆက္သူအေနနဲ႔ မီဒီယာေလာကမွာ ဘုရင္မႀကီးသဖြယ္ ထင္ရွားသူျဖစ္ၿပီး စိတ္အားတက္ၾကြယ္ဖြယ္ အျဖစ္အပ်က္ေတြေၾကာင့္ လူငယ္ေတြအတြက္ စံျပအမ်ိဳးသမီးႀကီးျဖစ္ခဲ့ပါတယ္။

Oprah Winfrey

Oprah Winfrey

၄။ အစ္စဘယ္ေဒါ့ဆန္းတုိ႔စ္ (ၾကြယ္ဝမႈ ၃.၁ဘီလီယံ)

အစ္စဘယ္ေဒါ့ဆန္းတုိ႔စ္ (Isabel Dos Santos) ဟာ အန္ဂုိလာသမၼတႀကီး ဟုိေဆးေဒါ့ဆန္းတုိ႔စ္ (José dos Santos) ရဲ႕ သမီးျဖစ္ပါတယ္။ ဖခင္ ဟုိေဆးေဒါ့ဆန္းတုိ႔စ္ဟာ အန္ဂုိလာႏုိင္ငံကုိ အာဏာရွင္ဆန္ဆန္ ၁၉၇၉ခုႏွစ္ကေန အခုခ်ိန္ထိ ႏွစ္၃ဝေက်ာ္ အုပ္ခ်ဳပ္လာတာျဖစ္ၿပီး ၾကြယ္ဝမႈ ၂ဝဘီလီယံနီးပါးရွိတယ္လုိ႔ သိရပါတယ္။ သမီးျဖစ္သူ အစ္စဘယ္ေဒါ့ဆန္းတုိ႔စ္ရဲ႕ ၾကြယ္ဝမႈေတြဟာ ဖခင္ျဖစ္သူနဲ႔ ဆက္စပ္ေနတဲ့အတြက္ သူမရဲ႕ႀကိဳးစားအားထုတ္မႈက ခ်ီးက်ဴးစရာေတာ့ မေကာင္းလွပါဘူး။

Isabel Dos Santos

Isabel Dos Santos

၃။ မုိက္အဒမ္ႏူဂါ (ၾကြယ္ဝမႈ ၆.၁ဘီလီယံ)

မုိက္အဒမ္ႏူဂါ (Mike Adenuga) ဟာ ဆက္သြယ္ေရးကုမၸဏီ Globacom ရဲ႕ပုိင္ရွင္ျဖစ္ၿပီး ႏုိက္ဂ်ီးရီးယားႏုိင္ငံရဲ႕ ဒုတိယေျမာက္အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ပါတယ္။ Equitorial Bank နဲ႔ ဆီကုမၸဏီ Conoil ကုိလည္း ပုိင္ဆုိင္ထားသူျဖစ္ပါတယ္။ Pace University မွ MBA ဘြဲ႕ကုိရရွိထားၿပီး သားသမီး၇ေယာက္နဲ႔ ႏုိက္ဂ်ီးရီးယားႏုိင္ငံ လာဂုိၿမိဳ႕ (Lagos) မွာ ေနထုိင္ပါတယ္။

Mike Adenuga

Mike Adenuga

၂။ မုိဟာမတ္အယ္ေမာက္ဒီ (ၾကြယ္ဝမႈ ၈.၄ဘီလီယံ)

မုိဟာမတ္အယ္ေမာက္ဒီ (Mohammed Al Amoudi) ဟာ အီသုိးယုိးပီးယားႏုိင္ငံမွာ ေမြးဖြားၿပီး အသက္၁၉ႏွစ္ေရာက္မွ ေဆာ္ဒီအာေရဗ်ႏုိင္ငံကုိ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။ အစိုးရရဲ႕ အိမ္ျခံေျမလုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္ရြက္ရာက ခ်မ္းသာလာခဲ့သူျဖစ္ပါတယ္။ ေဆာ္ဒီအာေရဗ်ႏုိင္ငံ၊ အီသုိယုိးပီးယားႏုိင္ငံနဲ႔ ဆြီဒင္ႏုိင္ငံေတြမွာ ေဆာက္လုပ္ေရးလုပ္ငန္း၊ စုိက္ပ်ိဳးေရးလုပ္ငန္း၊ ဆီလုပ္ငန္းနဲ႔ သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြကုိ အေျခခ်ထားတဲ့ လုပ္ငန္းရွင္ျဖစ္ပါတယ္။

Mohammed Al Amoudi

Mohammed Al Amoudi

၁။ အယ္လီကုိဒန္ဂုိတီ (ၾကြယ္ဝမႈ ၁၂.၂ဘီလီယံ)

အယ္လီကုိဒန္ဂုိတီ (Aliko Dangote) ဟာ Dangote Group ရဲ႕ CEO ျဖစ္ၿပီး ႏုိက္ဂ်ီးရီးယားႏုိင္ငံရဲ႕ အခ်မ္းသာဆုံးလုပ္ငန္းရွင္ျဖစ္ပါတယ္။ ဝင္ေငြ၉ဝရာခုိင္ႏႈန္းကုိ Dangote ဘိလပ္ေျမမွ ရရွိခဲ့ၿပီး ပညာေရး၊ စုိက္ပ်ိဳးေရးနဲ႔ က်န္းမာေရးလုပ္ငန္းေတြကုိ ကူညီဖုိ႔ Dangote Foundation ကုိ တည္ေထာင္ထားပါေသးတယ္။ ကမၻာ့အခ်မ္းသာဆုံးလူမည္းျဖစ္ၿပီး လူထုအက်ိဳးျပဳလုပ္ငန္းေတြ ေဆာင္ရြက္ေနတာေၾကာင့္ အသက္ရာေက်ာ္ရွည္ပါေစလုိ႔ ေတာင္းဆုေခြ်လုိက္ရပါတယ္။

Aliko Dangote

Aliko Dangote

ဒါေတြကေတာ့ ကမၻာ့အခ်မ္းသာဆုံးလူမည္း (၁ဝ) ဦးကုိ Forbes မဂၢဇင္းရဲ႕ မွတ္တမ္းအတုိင္း ေဖာ္ျပလုိက္တာ ျဖစ္ပါတယ္။ သူတုိ႔ေတြရဲ႕ ေအာင္ျမင္မႈကုိ ၾကည့္ၿပီး အတုယူႏုိင္သလုိ ဗဟုသုတလည္း ယူႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့အချမ်းသာဆုံးလုပ်ငန်းရှင်တွေက ဘီလ်ဂိတ် (Bill Gates) ၊ ဝါရင့်ဘန့်ဖတ် (Warren Buffett) ၊ ဂျက်ဘီဇို (Jeff Bezos) တွေပဲဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ၂ဝ၁၇ Forbes မဂ္ဂဇင်းရဲ့အဆိုအရ ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း ၂ဝ၄၃ဦးရှိတယ်လို့ သိရပါတယ်။ ဘီလျံနာစာရင်းထဲကမှ အချမ်းသာဆုံးလူမည်းတွေကို ရွေးထုတ်ဖော်ပြလိုက်ရပါတယ်။

၁ဝ။ မိုဟာမတ် အေဗရာဟင် (ကြွယ်ဝမှု ၁.၁၄ ဘီလီယံ)

ဆူဒန်နိုင်ငံမှာ မွေးဖွားပေမယ့် အင်္ဂလန်နိုင်ငံသား ခံယူထားတဲ့ မိုဟာမတ် အေဗရာဟင် (Mohammed Ibrahim) ဟာ သူပိုင်ဆိုင်တဲ့ Celtel International ဆက်သွယ်ရေးကုမ္ပဏီကို ရောင်းချပြီး ၂ဝဝ၅ခုနှစ်မှာ ဘီလျံနာဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၁၁ယောက်မြောက်အချမ်းသာဆုံးဖြစ်ပြီး Mo Ibrahim Foundation ကိုလည်း တည်ထောင်ထားပါသေးတယ်။

Mohammed Ibrahim

Mohammed Ibrahim

၉။ မိုက်ကယ်ဂျော်ဒန် (ကြွယ်ဝမှု ၁.၃၁ ဘီလီယံ)

ဂန္တဝင်ဘတ်စကတ်ဘောသမားကြီး မိုက်ကယ်ဂျော်ဒန် (Michael Jordan) ဟာ အားကစားမှာလည်း ထူးချွန်ခဲ့ရုံမက ကြွယ်ဝချမ်းသာလွန်းလို့ လူမည်းအသိုင်းအဝိုင်းမှာ နာမည်တစ်လုံးနဲ့ ထင်ရှားခဲ့ပါတယ်။ ကစားသမားဘဝမှာ အမေရိကန်ဒေါ်လာ သန်း၉ဝ လောက်ရှာနိုင်ခဲ့တယ်လို့ Forbes မဂ္ဂဇင်းအရ သိရပြီး အနားယူခဲ့ပြီး Nike ၊ Coca – Cola ၊ Chevrolet တို့လို တံဆိပ်တွေရဲ့ စာချုပ်တွေကြောင့် ကြွယ်ဝလာတယ်လို့ သိရပါတယ်။ Charlotte Hornets ဆိုတဲ့ အမေရိကန်ဘတ်စကတ်ဘောအသင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Michael Jordan

Michael Jordan

၈။ ဖိုလိုရမ်ရှိုအယ်လာကီဂျာ (ကြွယ်ဝမှု ၁.၆၁ ဘီလီယံ)

နိုက်ဂျီးရီးယားနိုင်ငံသူ ဖိုလိုရမ်ရှိုအယ်လာကီဂျာ (Folorunsho Alakija) ဟာ Famfa Oil Limited နဲ့ ဖက်ရှင်လုပ်ငန်း Rose of Sharon House of Fashion ကိုလည်း တည်ထောင်ထားပါသေးတယ်။ နိုက်ဂျီးရီးယားနိုင်ငံ လာဂိုမြို့မှာ အခြေချနေထိုင်ပြီး ၂ဝ၁၆ခုနှစ် မတ်လမှာ Osun State University ရဲ့ ပထမဆုံးအမျိုးသမီးအကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

Folorunsho Alakija

Folorunsho Alakija

၇။ ပတ်ထရစ် မော့ဆက်ပီ (ကြွယ်ဝမှု ၁.၈၁ ဘီလီယံ)

တောင်အာဖရိကနိုင်ငံသား ပတ်ထရစ် မော့ဆက်ပီ (Patrice Motsepe) ဟာ အသက်၅၅နှစ်ရှိပြီး သတ္ထူတူးဖော်ရေးကုမ္ပဏီ African Rainbow Minerals တည်ထောင်သူလည်း ဖြစ်ပါတယ်။ Motsepe Foundation ကိုတည်ထောင်ထားပြီး အာဖရိကပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေကို ကူညီထောက်ပံ့စေဖို့ ဖြစ်ပါတယ်။

Patrice Motsepe

Patrice Motsepe

၆။ ရောဘတ်စမတ် (ကြွယ်ဝမှု ၂.၅ ဘီလီယံ)

ရောဘတ်စမတ် (Robert Smith) ဟာ Vista Equity Partners ကုမ္ပဏီကို ၂ဝဝဝခုနှစ်မှာ တည်ထောင်ထားပြီး CEO အဖြစ် တာဝန်ယူထားပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့ (Austin) မှာ အခြေချနေထိုင်ပါတယ်။

Robert Smith

Robert Smith

၅။ အော်ပရာဝင်းဖရေး (ကြွယ်ဝမှု ၃ဘီလီယံ)

အချမ်းသာဆုံး လူမည်းစာရင်းမှာ အော်ပရာဝင်းဖရေး (Oprah Winfrey) ထိပ်ဆုံးက ပါနေတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ သူမဟာ အစီအစဉ်တင်ဆက်သူအနေနဲ့ မီဒီယာလောကမှာ ဘုရင်မကြီးသဖွယ် ထင်ရှားသူဖြစ်ပြီး စိတ်အားတက်ကြွယ်ဖွယ် အဖြစ်အပျက်တွေကြောင့် လူငယ်တွေအတွက် စံပြအမျိုးသမီးကြီးဖြစ်ခဲ့ပါတယ်။

Oprah Winfrey

Oprah Winfrey

၄။ အစ်စဘယ်ဒေါ့ဆန်းတို့စ် (ကြွယ်ဝမှု ၃.၁ဘီလီယံ)

အစ်စဘယ်ဒေါ့ဆန်းတို့စ် (Isabel Dos Santos) ဟာ အန်ဂိုလာသမ္မတကြီး ဟိုဆေးဒေါ့ဆန်းတို့စ် (José dos Santos) ရဲ့ သမီးဖြစ်ပါတယ်။ ဖခင် ဟိုဆေးဒေါ့ဆန်းတို့စ်ဟာ အန်ဂိုလာနိုင်ငံကို အာဏာရှင်ဆန်ဆန် ၁၉၇၉ခုနှစ်ကနေ အခုချိန်ထိ နှစ်၃ဝကျော် အုပ်ချုပ်လာတာဖြစ်ပြီး ကြွယ်ဝမှု ၂ဝဘီလီယံနီးပါးရှိတယ်လို့ သိရပါတယ်။ သမီးဖြစ်သူ အစ်စဘယ်ဒေါ့ဆန်းတို့စ်ရဲ့ ကြွယ်ဝမှုတွေဟာ ဖခင်ဖြစ်သူနဲ့ ဆက်စပ်နေတဲ့အတွက် သူမရဲ့ကြိုးစားအားထုတ်မှုက ချီးကျူးစရာတော့ မကောင်းလှပါဘူး။

Isabel Dos Santos

Isabel Dos Santos

၃။ မိုက်အဒမ်နူဂါ (ကြွယ်ဝမှု ၆.၁ဘီလီယံ)

မိုက်အဒမ်နူဂါ (Mike Adenuga) ဟာ ဆက်သွယ်ရေးကုမ္ပဏီ Globacom ရဲ့ပိုင်ရှင်ဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံရဲ့ ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ Equitorial Bank နဲ့ ဆီကုမ္ပဏီ Conoil ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Pace University မှ MBA ဘွဲ့ကိုရရှိထားပြီး သားသမီး၇ယောက်နဲ့ နိုက်ဂျီးရီးယားနိုင်ငံ လာဂိုမြို့ (Lagos) မှာ နေထိုင်ပါတယ်။

Mike Adenuga

Mike Adenuga

၂။ မိုဟာမတ်အယ်မောက်ဒီ (ကြွယ်ဝမှု ၈.၄ဘီလီယံ)

မိုဟာမတ်အယ်မောက်ဒီ (Mohammed Al Amoudi) ဟာ အီသိုးယိုးပီးယားနိုင်ငံမှာ မွေးဖွားပြီး အသက်၁၉နှစ်ရောက်မှ ဆော်ဒီအာရေဗျနိုင်ငံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အစိုးရရဲ့ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရာက ချမ်းသာလာခဲ့သူဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ၊ အီသိုယိုးပီးယားနိုင်ငံနဲ့ ဆွီဒင်နိုင်ငံတွေမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆီလုပ်ငန်းနဲ့ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကို အခြေချထားတဲ့ လုပ်ငန်းရှင်ဖြစ်ပါတယ်။

Mohammed Al Amoudi

Mohammed Al Amoudi

၁။ အယ်လီကိုဒန်ဂိုတီ (ကြွယ်ဝမှု ၁၂.၂ဘီလီယံ)

အယ်လီကိုဒန်ဂိုတီ (Aliko Dangote) ဟာ Dangote Group ရဲ့ CEO ဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးလုပ်ငန်းရှင်ဖြစ်ပါတယ်။ ဝင်ငွေ၉ဝရာခိုင်နှုန်းကို Dangote ဘိလပ်မြေမှ ရရှိခဲ့ပြီး ပညာရေး၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ကူညီဖို့ Dangote Foundation ကို တည်ထောင်ထားပါသေးတယ်။ ကမ္ဘာ့အချမ်းသာဆုံးလူမည်းဖြစ်ပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် အသက်ရာကျော်ရှည်ပါစေလို့ တောင်းဆုချွေလိုက်ရပါတယ်။

Aliko Dangote

Aliko Dangote

ဒါတွေကတော့ ကမ္ဘာ့အချမ်းသာဆုံးလူမည်း (၁ဝ) ဦးကို Forbes မဂ္ဂဇင်းရဲ့ မှတ်တမ်းအတိုင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုကို ကြည့်ပြီး အတုယူနိုင်သလို ဗဟုသုတလည်း ယူနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com