[Zawgyi]

အေရွ႕ေတာင္အာရွရဲ႕ ႏိုင္ငံအလိုက္ ခ်မ္းသာႂကြယ္ဝဆံုး သူေဌးႀကီးမ်ား

အေရွ႕ေတာင္အာရွဟာ တရွိန္ထိုးစီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈရွိေနတဲ့ ေဒသျဖစ္တဲ့အတြက္ ခ်မ္းသာႂကြယ္ဝသူအမ်ားအျပားေပၚထြက္လာခဲ့ပါတယ္။ အေရွ႕ေတာင္အာရွမွာ ဘီလ်ံနာေပါင္း ၁၀၂ ဦးရွိတယ္လို႔ စာရင္းေတြက ျပဆိုထားၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ အေရွ႕ေတာင္အာရွကို ကမာၻလွည့္ခရီးသည္ေတြတင္ မဟုတ္ဘဲ ရင္းႏွီးႁမွဳပ္ႏွံသူနဲ႔ လုပ္ငန္းႀကီးေတြကပါ ေျခခ်ဖို႔ မ်က္စိက်လာၾကပါတယ္။

ဒီမွာေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံအလိုက္ သူ႔ႏိုင္ငံမွာ သူ အခ်မ္းသာဆံုး Tycoon သူေဌးႀကီးေတြအေၾကာင္း Prospects ASEAN ကေရးသားထားတာကို ျပန္လည္မွ်ေဝလိုက္ပါတယ္။

ဘ႐ူႏိုင္း

Sultan Hassanal Bolkiah

Sultan Hassanal Bolkiah

ဘ႐ူႏိုင္းရဲ႕ အခ်မ္းသာဆံုးပုဂၢိဳလ္ႀကီးကေတာ့ ဘ႐ူႏိုင္း ဘုရင္ Sultan Hassanal Bolkiah ျဖစ္ၿပီး သူဟာ ဘ႐ူႏိုင္းရဲ႕လက္ရွိဝန္ႀကီးခ်ဳပ္လည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ ႂကြယ္ဝခ်မး္သာမႈကေတာ့ ေဒၚလာ ဘီလီယံ ၂၀ ေလာက္ရွိၿပီး လက္ရွိေတာ့ အသက္ ၇၂ ႏွစ္ရွိၿပီျဖစ္ပါတယ္။ အရင္ Sultan Omar Ali Saifuddien III နဲ႔ မိဖုရား Raja Isteri ရဲ အႀကီးဆံုးသားေတာ္ျဖစ္ၿပီး ဘ႐ူႏိုင္းႏိုင္ငံရဲ႕ ၂၉ ဆက္ေျမာက္ Sultan ဘုရင္လည္း ျဖစ္ပါတယ္။ ဘ႐ူႏိုင္းႏိုင္ငံရဲ႕ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕က ရတဲ့ ဝင္ေငြကပဲ Sultan ဘုရင္ရဲ႕ အႀကီးမားဆံုး ဝင္ေငြစီးေၾကာငး္ပဲ ျဖစ္ပါတယ္။

Rolls Royce နဲ႔ Porsche ကားေတြလို ဇိမ္ခံကားေတြ စုတာဝါသနာပါၿပီး ဇိမ္ခံကားေပါင္း ၇၀၀၀ ေက်ာ္နဲ႔ Private Jet ေလယာဥ္ေတြလည္း ပိုင္ဆိုင္ၿပီး ေလယာဥ္ေတြရဲ႕ အတြင္းခန္းကို ေရႊသားအတိ အလွဆင္ထားတတ္ပါတယ္။

ဖိလစ္ပိုင္

Henry Sy

Henry Sy

ဖိလစ္ပိုင္ႏိ္ုင္ငံရဲ႕ အခ်မ္းသာဆံုး ပုဂၢိဳလ္ကေတာ့ Henry Sy ျဖစ္ၿပီး တ႐ုတ္-ဖိလစ္ပိုင္စပ္ သူေဌးႀကီးရဲ႕ ႂကြယ္ဝမႈကေတာ့ လက္ရွိမွာ ေဒၚလာ ၁၇.၉ ဘီလီယံရွိပါတယ္။ အိမ္ျခံေျမ၊ ေဟာ္တယ္လုပ္ငနး္၊ ဘဏ္လုပ္ငန္း၊ မိုင္းတြင္း၊ ပညာေရးနဲ႔ က်န္းမာေရးလုပ္ငန္းေတြမွာ ဝင္ေရာက္ လုပ္ေဆာင္ေနပါတယ္။ SM Prime Holdings ရဲ႕ တည္ေထာင္သူ ျဖစ္ၿပီး Forbes မဂၢဇင္းရဲ႕ ဖိလစ္ပိုင္အႂကြယ္ဝအခ်မ္းသာဆံုးစာရင္းမွာ နံပါတ္ ၁ ေနရာက ၁၁ ႏွစ္ဆက္တိုက္ဦးေဆာင္ေနခဲ့သူ ျဖစ္ပါတယ္။ သူ႔အေဖရဲ႕ Convenience Store မွာ ကူညီရင္းကေန ေငြေၾကးအလံုအေလာက္စုမိတဲ့အခါ ဖိနပ္လုပ္ငန္းလုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ လက္ရွိေတာ့ အသက္ ၉၄ ႏွစ္ရွိၿပီျဖစ္ပါတယ္။

ထိုင္း

Chearavanont brothers

Chearavanont brothers

ထိုင္းႏိုင္ငံရဲ႕ အခ်မး္သာဆံုးကေတာ့ Chearavanont ညီအစ္ကိုေတြပဲ ျဖစ္ပါတယ္။ ကမာၻ႔အႀကီးဆံုး တိရစာၦန္အစာနဲ႔ ေမြးျမဴေရးလုပ္ငန္းေတြထဲက တစ္ခုျဖစ္တဲ့ Charoen Pokphand Group (CP Group) ရဲ႕ ပိုင္ဆိုင္မႈေတြကို ခြဲေဝပိုင္ဆိုင္ထားၾကသူေတြလည္း ျဖစ္ပါတယ္။ သူတို႔ရဲ႕ ပိုင္ဆိုင္မႈဟာ ေဒၚလာ ဘီလီယံ ၃၀ ေလာက္ရွိၿပီး သူတို႔ရဲ႕ အေဖ Chia Ek Chor နဲ႔ ညီအစ္ကိုေတာ္ Choncharoen Chiaravanont တို႔ဟာ ၁၉၂၁ ခုႏွစ္ထဲက တ႐ုတ္ျပည္ကေန ထိုင္းကို မ်ိဳးေစ့ေတြ တင္သြင္းခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဒီစီးပြားေရးလုပ္ငန္းစုႀကီးကို Chia Ek Chor ရဲ႕ သား ၊ Senior Chairman Dhanin နဲ႔  Dhanin ရဲ႕ အႀကီးဆံုးသား Soopakji နဲ႔ အငယ္ဆံုးသား Suphachai တို႔က Chairman နဲ႔ CEO အျဖစ္ဆက္လက္ဦးေဆာင္ေနပါတယ္။ Dhanin ရဲ႕ အသက္ကေတာ့ လက္ရွိမွာ ၇၉ ႏွစ္ရွိျပီ ျဖစ္ပါတယ္။

အင္ဒိုနီးရွား

အင္ဒိုနီးရွားရဲ႕ အခ်မ္းသာဆံုးကလည္း Robert Budi Hartono နဲ႔ Michael Hartono တို႔ ညီအစ္ကိုေတြပါပဲ။ သူတို႔ႏွစ္ေယာက္ရဲ႕ ၾကြယ္ဝမႈစုစုေပါင္းက ေဒၚလာ ၃၂.၃ ဘီလီယံထိရွိျပီး သူတုိ႔ရဲ႕ ၾကြယ္ဝခ်မ္းသာမႈ သံုးပံုႏွစ္ပံုဟာ Bank Central Asia မွာ ရင္းႏွီးျမွဳပ္ႏွံမႈေတြကေန ရရွိတာ ျဖစ္ပါတယ္။ Hartonon ညီအစ္ကုိေတြဟာ Salims မိသားစုဆီကေန ရွယ္ယာေတြ ဝယ္ခဲ့တာ ျဖစ္ျပီး ၁၉၉၇ -၁၉၉၈ အာရွစီးပြားပ်က္ကပ္မွာ Salims မိသားစုဟာ BCA ဘဏ္ထိန္းခ်ဳပ္ခြင့္ကို ဆံုးရႈံးခဲ့ရတာ ျဖစ္ပါတယ္။ တျခားသူတို႔ကုိ ခ်မ္းသာၾကြယ္ဝေစတဲ့ အရာေတြကေတာ့ Kretek စီးကရက္ထုတ္လုပ္မႈက ျဖစ္ျပီး တျခားအိမ္ျခံေျမနဲ႔ လွ်ပ္စစ္ပစၥည္းလုပ္ငန္းေတြကေန ရရွိတာ ျဖစ္ပါတယ္။ Robert Budi Hartono က လက္ရွိအခ်ိန္္မွာ အသက္ ၇၈ႏွစ္နဲ႔ Michael Hartono ကေတာ့ အသက္ ၇၉ ႏွစ္ရွိျပီ ျဖစ္ပါတယ္။

မေလးရွား

Robert Kuok

Robert Kuok

မေလးရွားရဲ႕ အခ်မ္းသာဆံုးဘိုးေတာ္ၾကီးကေတာ့ Robert Kuok ျဖစ္ျပီး ဟုိတယ္လုပ္ငန္းနဲ႔ အိမ္ျခံေျမလုပ္ငန္းေတြ လုပ္ကုိင္ေနတဲ့ Kuok Group ကို ပိုင္ဆုိင္ထားသူျဖစ္ပါတယ္။ သူ႔ရဲ႕ ၾကြယ္ဝမႈကေတာ့ ေဒၚလာ ၁၃.၂ ဘီလီယံေလာက္ရွိျပီး ၁၉၇၁ ခုႏွစ္မွာ ပထမဆံုး Shangri-La Hotel ကို စင္ကာပူမွာ တည္ေဆာက္ခဲ့သူလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ တျခားရင္းႏွီးျမွဳပ္ႏွံမႈေတြကေတာ့ သၾကား၊ဂ်ံဳနဲ႔ တိရစာဆန္အစာလုပ္ငန္းေတြ အထိ ပါဝင္ပါတယ္။ သူ႔ရဲ႕ အၾကီးမားဆံုးဝင္ေငြကေတာ့ ကမာၻ႔အၾကီးမားဆံုး စားအုန္းဆီေရာင္းဝယ္ေရးကုမၸဏီျဖစ္တဲ့ Wilmar International မွာ ထည့္ဝင္ထားတဲ့ ရွယ္ယာေတြက ျဖစ္ပါတယ္။ အသက္ ၉၅ ႏွစ္ရွိျပီ ျဖစ္ျပီး မီဒီယာေတြေရွ႕လူလံုးထြက္ျပေလ့မရွိသူလည္း ျဖစ္ပါတယ္။

စင္ကာပူ

Robert and Philip Ng

Robert and Philip Ng

အေရွ႕ေတာင္အာရွမွာေတာ့ ညီအစ္ကိုေတြက ေအာင္ျမင္ေနတဲ့ သေဘာပါပဲဗ်ာ။ စင္ကာပူရဲ႕ အခ်မ္းသာဆံုးကေတာ့ Robert Ng နဲ႔ Philip Ng တို႔ ျဖစ္ျပီး သူတို႔ရဲ႕ ၾကြယ္ဝမႈက ေဒၚလာ ၁၁.၉ ဘီလီယံရွိပါတယ္။ စင္ကာပူရဲ႕ အၾကီးဆံုးအိမ္ျခံေျမလုပ္ငန္းစု Far East Organization ရဲ႕ ပဲ့ကိုင္ရွင္ Robert နဲ႔ Philip Ng ဟာ သူတို႔ရဲ႕ အေဖ Ng Teng Fong ဆီကေန ဒီလုပ္ငန္းကုိ လက္ခံခဲ့တာ ျဖစ္ပါတယ္။ သူတို႔အေဖဟာ တရုတ္ျပည္ကေန စင္ကာပူကို ၁၉၃၄ ခုႏွစ္က ေရႊ႕ေျပာင္းလာခဲ့သူ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေဟာင္ေကာင္ကုမၸဏီျဖစ္တဲ့ Sino Group ကိုေတာ့ အကိုၾကီး Robert Ng နဲ႔ သူ႔ရဲ႕ သား Daryl က ဦးစီးျပီး Philip Ng ကေတာ့ စင္ကာပူက လုပ္ငန္းေတြကို အု္ပခ်ဳပ္ပါတယ္။ Robert Ng ကေတာ့ လက္ရွိ အသက္ ၆၆ ႏွစ္ျဖစ္ျပီး Philip Ng ကေတာ့ အသက္ ၆၀ ႏွစ္ျဖစ္ပါတယ္။

ဗီယက္နမ္

Pham Nhat Vuong

Pham Nhat Vuong

ဗီယက္နမ္ရဲ႕ အခ်မ္းသာဆံုးပုဂၢိဳလ္ Pham Nhat Vuong ဟာ ငယ္စဥ္က ရုရွားမွာ ပညာသင္ၾကားခဲ့သူျဖစ္ျပီး ၁၉၉၀ ႏွစ္မ်ားဆီမွာ ယူကရိန္းႏိုင္ငံမွာ ေခါက္ဆြဲေျခာက္လုပ္ငန္းလုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ဗီယက္နမ္ရဲ႕ အၾကီးဆံုးေက္ာပိုေရးရွင္းေတြထဲက တစ္ခုျဖစ္တဲ့ Vingroup ရဲ႕ Chairman ျဖစ္ျပီး အိမျ္ခံေျမ၊ လက္လီအေရာင္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္။ သူ႔ရဲ႕ ၾကြယ္ဝမႈဟာ ေဒၚလာ ၆.၆ ဘီလီယံေလာက္ရွိျပီး အသက္ကေတာ့ ၅၀ ႏွစ္ရွိပါျပီ။ ေနာက္ပိုင္းမွာ အျမတ္အစြန္းဦးမတည္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာေရးနဲ႔ အားကစားလုပ္ငန္းေတြမွာ ရင္းႏွီးျမွဳပ္ႏွံခဲ့ျပီး Contemporary Art Center တစ္ခုလည္း တည္ေဆာက္ခဲ့ပါတယ္။

ကေမာၻဒီးယား

Kith Meng

Kith Meng

ကေမာၻဒီးယားရဲ႕ အခ်မ္းသာဆံုး သူေဌးေတြထဲမွာ Kith Meng က နံပါတ္ တစ္ျဖစ္ပါတယ္။ Kith Meng ရဲ႕ ပိုင္ဆုိင္ၾကြယ္ဝမႈဟာ ေဒၚလာ ၁.၆ ဘီလီယံ ရွိျပီး ANZ Royal Bank၊ မိုဘုိင္းလ္ဖုန္းေအာ္ပေရတာ ျဖစ္တဲ့ Mobitel နဲ႔ Toll Royal Railways တို႔မွာ ရွယ္ဟာ ၄၅% ပိုင္ဆုိင္တဲ့ Royal Group ရဲ႕ Chairman ျဖစ္တဲ့ Kith Meng ဟာ လက္ရွိအခ်ိန္မွာ အသက္ ၅၀ ရွိျပီ ျဖစ္ပါတယ္။

ျမန္မာ

ျမန္မာႏုိင္ငံလို ကိန္းဂဏန္းအခ်က္အလက္ေကာက္ရခက္တဲ့ ႏုိင္ငံမွာ အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ ဦးေတဇကို ProspectsASEAN က ေဖာ္ျပခဲ့ပါတယ္။ သူ႔ရဲ႕ ၾကြယ္ဝမႈကိုေတာ့ ေဒၚလာ ၁.၂ ဘီလီယံရွိတယ္လို႔ ခန္႔မွန္းထားျပီး HTOO Group of Companies (Myanmar) ရဲ႕ Chairman လည္း ျဖစ္ပါတယ္။ လက္ရွိ အသက္ ၅၄ ႏွစ္ရွိျပီျဖစ္ျပီး သီရိပ်ံခ်ီဘြဲ႕ကို ခ်ီးျမွင့္ခံထားရသူလည္း ျဖစ္ပါတယ္။

လာအို

Khamtai Siphandone

Khamtai Siphandone

လာအိုရဲ႕ အခ်မ္းသာဆံုး ပုဂၢိဳလ္ကေတာ့ ၁၉၉၈ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့တဲ့ လာအုိသမၼတေဟာင္း Khamtai Siphandone ျဖစ္ျပီး သူ႔ရဲ႕ ၾကြယ္ဝမႈကေတာ့ ေဒၚလာ ၈၀၀ နဲ႔ ၈၆၀ မီလီယံၾကားရွိပါတယ္။ လယ္သမားမိဘႏွစ္ပါးကေန ေမြးဖြားလာသူျဖစ္ျပီး သူ႔ရဲ႕ ပထမဆံုးအလုပ္က စာပို႔သမားျဖစ္ပါတယ္။ လက္ရွိ အသက္ ၉၄ ႏွစ္ရွိျပီ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : ProspectsASEAN
[Unicode]

အရှေ့တောင်အာရှရဲ့ နိုင်ငံအလိုက် ချမ်းသာကြွယ်ဝဆုံး သူဌေးကြီးများ

အရှေ့တောင်အာရှဟာ တရှိန်ထိုးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိနေတဲ့ ဒေသဖြစ်တဲ့အတွက် ချမ်းသာကြွယ်ဝသူအများအပြားပေါ်ထွက်လာခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ဘီလျံနာပေါင်း ၁၀၂ ဦးရှိတယ်လို့ စာရင်းတွေက ပြဆိုထားပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အရှေ့တောင်အာရှကို ကမ္ဘာလှည့်ခရီးသည်တွေတင် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူနဲ့ လုပ်ငန်းကြီးတွေကပါ ခြေချဖို့ မျက်စိကျလာကြပါတယ်။

ဒီမှာတော့ အရှေ့တောင်အာရှနိုင်ငံအလိုက် သူ့နိုင်ငံမှာ သူ အချမ်းသာဆုံး Tycoon သူဌေးကြီးတွေအကြောင်း Prospects ASEAN ကရေးသားထားတာကို ပြန်လည်မျှဝေလိုက်ပါတယ်။

ဘရူနိုင်း

Sultan Hassanal Bolkiah

Sultan Hassanal Bolkiah

ဘရူနိုင်းရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးကတော့ ဘရူနိုင်း ဘုရင် Sultan Hassanal Bolkiah ဖြစ်ပြီး သူဟာ ဘရူနိုင်းရဲ့လက်ရှိဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ဘီလီယံ ၂၀ လောက်ရှိပြီး လက်ရှိတော့ အသက် ၇၂ နှစ်ရှိပြီဖြစ်ပါတယ်။ အရင် Sultan Omar Ali Saifuddien III နဲ့ မိဖုရား Raja Isteri ရဲ အကြီးဆုံးသားတော်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံရဲ့ ၂၉ ဆက်မြောက် Sultan ဘုရင်လည်း ဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရတဲ့ ဝင်ငွေကပဲ Sultan ဘုရင်ရဲ့ အကြီးမားဆုံး ဝင်ငွေစီးကြောင်းပဲ ဖြစ်ပါတယ်။

Rolls Royce နဲ့ Porsche ကားတွေလို ဇိမ်ခံကားတွေ စုတာဝါသနာပါပြီး ဇိမ်ခံကားပေါင်း ၇၀၀၀ ကျော်နဲ့ Private Jet လေယာဉ်တွေလည်း ပိုင်ဆိုင်ပြီး လေယာဉ်တွေရဲ့ အတွင်းခန်းကို ရွှေသားအတိ အလှဆင်ထားတတ်ပါတယ်။

ဖိလစ်ပိုင်

Henry Sy

Henry Sy

ဖိလစ်ပိုင်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကတော့ Henry Sy ဖြစ်ပြီး တရုတ်-ဖိလစ်ပိုင်စပ် သူဌေးကြီးရဲ့ ကြွယ်ဝမှုကတော့ လက်ရှိမှာ ဒေါ်လာ ၁၇.၉ ဘီလီယံရှိပါတယ်။ အိမ်ခြံမြေ၊ ဟော်တယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ မိုင်းတွင်း၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ဆောင်နေပါတယ်။ SM Prime Holdings ရဲ့ တည်ထောင်သူ ဖြစ်ပြီး Forbes မဂ္ဂဇင်းရဲ့ ဖိလစ်ပိုင်အကြွယ်ဝအချမ်းသာဆုံးစာရင်းမှာ နံပါတ် ၁ နေရာက ၁၁ နှစ်ဆက်တိုက်ဦးဆောင်နေခဲ့သူ ဖြစ်ပါတယ်။ သူ့အဖေရဲ့ Convenience Store မှာ ကူညီရင်းကနေ ငွေကြေးအလုံအလောက်စုမိတဲ့အခါ ဖိနပ်လုပ်ငန်းလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိတော့ အသက် ၉၄ နှစ်ရှိပြီဖြစ်ပါတယ်။

ထိုင်း

Chearavanont brothers

Chearavanont brothers

ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးကတော့ Chearavanont ညီအစ်ကိုတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်အစာနဲ့ မွေးမြူရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Charoen Pokphand Group (CP Group) ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေပိုင်ဆိုင်ထားကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလီယံ ၃၀ လောက်ရှိပြီး သူတို့ရဲ့ အဖေ Chia Ek Chor နဲ့ ညီအစ်ကိုတော် Choncharoen Chiaravanont တို့ဟာ ၁၉၂၁ ခုနှစ်ထဲက တရုတ်ပြည်ကနေ ထိုင်းကို မျိုးစေ့တွေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီစီးပွားရေးလုပ်ငန်းစုကြီးကို Chia Ek Chor ရဲ့ သား ၊ Senior Chairman Dhanin နဲ့  Dhanin ရဲ့ အကြီးဆုံးသား Soopakji နဲ့ အငယ်ဆုံးသား Suphachai တို့က Chairman နဲ့ CEO အဖြစ်ဆက်လက်ဦးဆောင်နေပါတယ်။ Dhanin ရဲ့ အသက်ကတော့ လက်ရှိမှာ ၇၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားရဲ့ အချမ်းသာဆုံးကလည်း Robert Budi Hartono နဲ့ Michael Hartono တို့ ညီအစ်ကိုတွေပါပဲ။ သူတို့နှစ်ယောက်ရဲ့ ကြွယ်ဝမှုစုစုပေါင်းက ဒေါ်လာ ၃၂.၃ ဘီလီယံထိရှိပြီး သူတို့ရဲ့ ကြွယ်ဝချမ်းသာမှု သုံးပုံနှစ်ပုံဟာ Bank Central Asia မှာ ရင်းနှီးမြှုပ်နှံမှုတွေကနေ ရရှိတာ ဖြစ်ပါတယ်။ Hartonon ညီအစ်ကိုတွေဟာ Salims မိသားစုဆီကနေ ရှယ်ယာတွေ ဝယ်ခဲ့တာ ဖြစ်ပြီး ၁၉၉၇ -၁၉၉၈ အာရှစီးပွားပျက်ကပ်မှာ Salims မိသားစုဟာ BCA ဘဏ်ထိန်းချုပ်ခွင့်ကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ တခြားသူတို့ကို ချမ်းသာကြွယ်ဝစေတဲ့ အရာတွေကတော့ Kretek စီးကရက်ထုတ်လုပ်မှုက ဖြစ်ပြီး တခြားအိမ်ခြံမြေနဲ့ လျှပ်စစ်ပစ္စည်းလုပ်ငန်းတွေကနေ ရရှိတာ ဖြစ်ပါတယ်။ Robert Budi Hartono က လက်ရှိအချိန်မှာ အသက် ၇၈နှစ်နဲ့ Michael Hartono ကတော့ အသက် ၇၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

မလေးရှား

Robert Kuok

Robert Kuok

မလေးရှားရဲ့ အချမ်းသာဆုံးဘိုးတော်ကြီးကတော့ Robert Kuok ဖြစ်ပြီး ဟိုတယ်လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Kuok Group ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၁၃.၂ ဘီလီယံလောက်ရှိပြီး ၁၉၇၁ ခုနှစ်မှာ ပထမဆုံး Shangri-La Hotel ကို စင်ကာပူမှာ တည်ဆောက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ သကြား၊ဂျုံနဲ့ တိရစာဆန်အစာလုပ်ငန်းတွေ အထိ ပါဝင်ပါတယ်။ သူ့ရဲ့ အကြီးမားဆုံးဝင်ငွေကတော့ ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ Wilmar International မှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေက ဖြစ်ပါတယ်။ အသက် ၉၅ နှစ်ရှိပြီ ဖြစ်ပြီး မီဒီယာတွေရှေ့လူလုံးထွက်ပြလေ့မရှိသူလည်း ဖြစ်ပါတယ်။

စင်ကာပူ

Robert and Philip Ng

Robert and Philip Ng

အရှေ့တောင်အာရှမှာတော့ ညီအစ်ကိုတွေက အောင်မြင်နေတဲ့ သဘောပါပဲဗျာ။ စင်ကာပူရဲ့ အချမ်းသာဆုံးကတော့ Robert Ng နဲ့ Philip Ng တို့ ဖြစ်ပြီး သူတို့ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၁၁.၉ ဘီလီယံရှိပါတယ်။ စင်ကာပူရဲ့ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းစု Far East Organization ရဲ့ ပဲ့ကိုင်ရှင် Robert နဲ့ Philip Ng ဟာ သူတို့ရဲ့ အဖေ Ng Teng Fong ဆီကနေ ဒီလုပ်ငန်းကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ သူတို့အဖေဟာ တရုတ်ပြည်ကနေ စင်ကာပူကို ၁၉၃၄ ခုနှစ်က ရွှေ့ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ သူတို့ရဲ့ ဟောင်ကောင်ကုမ္ပဏီဖြစ်တဲ့ Sino Group ကိုတော့ အကိုကြီး Robert Ng နဲ့ သူ့ရဲ့ သား Daryl က ဦးစီးပြီး Philip Ng ကတော့ စင်ကာပူက လုပ်ငန်းတွေကို အု်ပချုပ်ပါတယ်။ Robert Ng ကတော့ လက်ရှိ အသက် ၆၆ နှစ်ဖြစ်ပြီး Philip Ng ကတော့ အသက် ၆၀ နှစ်ဖြစ်ပါတယ်။

ဗီယက်နမ်

Pham Nhat Vuong

Pham Nhat Vuong

ဗီယက်နမ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် Pham Nhat Vuong ဟာ ငယ်စဉ်က ရုရှားမှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး ၁၉၉၀ နှစ်များဆီမှာ ယူကရိန်းနိုင်ငံမှာ ခေါက်ဆွဲခြောက်လုပ်ငန်းလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ အကြီးဆုံးကေ်ာပိုရေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Vingroup ရဲ့ Chairman ဖြစ်ပြီး အိြမ်ခံမြေ၊ လက်လီအရောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၆.၆ ဘီလီယံလောက်ရှိပြီး အသက်ကတော့ ၅၀ နှစ်ရှိပါပြီ။ နောက်ပိုင်းမှာ အမြတ်အစွန်းဦးမတည်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အားကစားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး Contemporary Art Center တစ်ခုလည်း တည်ဆောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယား

Kith Meng

Kith Meng

ကမ္ဘောဒီးယားရဲ့ အချမ်းသာဆုံး သူဌေးတွေထဲမှာ Kith Meng က နံပါတ် တစ်ဖြစ်ပါတယ်။ Kith Meng ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ ဒေါ်လာ ၁.၆ ဘီလီယံ ရှိပြီး ANZ Royal Bank၊ မိုဘိုင်းလ်ဖုန်းအော်ပရေတာ ဖြစ်တဲ့ Mobitel နဲ့ Toll Royal Railways တို့မှာ ရှယ်ဟာ ၄၅% ပိုင်ဆိုင်တဲ့ Royal Group ရဲ့ Chairman ဖြစ်တဲ့ Kith Meng ဟာ လက်ရှိအချိန်မှာ အသက် ၅၀ ရှိပြီ ဖြစ်ပါတယ်။

မြန်မာ

မြန်မာနိုင်ငံလို ကိန်းဂဏန်းအချက်အလက်ကောက်ရခက်တဲ့ နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဦးတေဇကို ProspectsASEAN က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုကိုတော့ ဒေါ်လာ ၁.၂ ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပြီး HTOO Group of Companies (Myanmar) ရဲ့ Chairman လည်း ဖြစ်ပါတယ်။ လက်ရှိ အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး သီရိပျံချီဘွဲ့ကို ချီးမြှင့်ခံထားရသူလည်း ဖြစ်ပါတယ်။

လာအို

Khamtai Siphandone

Khamtai Siphandone

လာအိုရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကတော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ လာအိုသမ္မတဟောင်း Khamtai Siphandone ဖြစ်ပြီး သူ့ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၈၀၀ နဲ့ ၈၆၀ မီလီယံကြားရှိပါတယ်။ လယ်သမားမိဘနှစ်ပါးကနေ မွေးဖွားလာသူဖြစ်ပြီး သူ့ရဲ့ ပထမဆုံးအလုပ်က စာပို့သမားဖြစ်ပါတယ်။ လက်ရှိ အသက် ၉၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : ProspectsASEAN