[Zawgyi]

ပုိက္ဆံေတြကုိ ဘယ္လုိရွာၿပီး ဘယ္မွာသုံးလုိက္တာလဲ Cristiano Ronaldo

Cristiano Ronaldo (CR7) လုိ႔ ေျပာလုိက္ရင္ မ်က္ေမွာက္ေခတ္ေဘာလုံးေလာကရဲ႕  မီးရႈးတန္ေဆာင္၊ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္၊ ေအာင္ျမင္မႈမ်ားစြာ သိမ္းပုိက္ထားသူ၊ ကြင္းတြင္းကြင္းျပင္ ႀကိဳးစားတဲ့ ကစားသမားစတဲ့ . . . ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စုံတဲ့သူပါ။ Google ၊ Yahoo နဲ႔ Bing တုိ႔လုိ Search Engine ေတြမွာ ရွာေဖြမႈအျမင့္ဆုံးသူ၊ ေၾကာ္ျငာေငြအမ်ားဆုံးရရွိသူနဲ႔ လူမႈကြန္ရက္မွာ ပရိသတ္အမ်ားဆုံးရွိတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စုံလုိ႔သာ သူ႕ကုိ အေက်ာ္ၾကားဆုံးအားကစားသမား (Most Famous Athlete in the World) အျဖစ္ ESPN က သတ္မွတ္ထားပါတယ္။

လက္ရွိအခ်ိန္မွာ သူနဲ႔တန္းတူကစားသမားဆုိလုိ႔ Lionel Messi နဲ႔ Neymar ေလာက္သာရွိတဲ့အေနအထား။ ၂ဝ၁၈ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံးအားကစားသမားစာရင္းမွာ Floyd Mayweather (၂၈၅ သန္း) နဲ႔ Lionel Messi (၁၁၁ သန္း) တုိ႔ၿပီးရင္ (၁ဝ၈ သန္း) နဲ႔ တတိယေနရာမွာ ရပ္တည္ႏုိင္သူ။ ၂ဝ၁၆ခုႏွစ္တုန္းကလည္း ဝင္ေငြ (၈၈) သန္း ၊ ၂ဝ၁၇ခုႏွစ္တုန္းက (၉၃) သန္းအထိ ဝင္ေငြရွိခဲ့သူ။ လက္ရွိအခ်ိန္မွာလည္း သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈက ေဒၚလာ (၄၅ဝ) သန္းအထိရွိတဲ့ ကစားသမား။

၂ဝ၁၈ခုႏွစ္အတြင္းမွာပဲ သူ႕ရဲ႕ေၾကာ္ျငာဝင္ေငြက ေဒၚလာ (၄၇) သန္းအထိ ရွိခဲ့တယ္။ တစ္ဝက္ေလာက္က Tag Heuer ၊ Herbalife နဲ႔ Nike တုိ႔လုိ အမွတ္တံဆိပ္ေတြက ရခဲ့တာပါ။

၂ဝဝ၆ခုႏွစ္မွာ Cristiano Ronaldo ဟာ CR7 ဆုိတဲ့ ဖက္ရွင္ဆုိင္ကုိ ေပၚတူဂီႏုိင္ငံ Madeira ကြ်န္းေပၚမွာ ဖြင့္လုိက္ခဲ့တယ္။ သူ႕ရဲ႕အမွတ္တံဆိပ္ဟာ လူႀကိဳက္မ်ားခဲ့လုိ႔ Lisbon ၿမိဳ႕ မွာ ဆုိင္ခြဲဖြင့္ႏုိင္တဲ့အထိ တုိးတက္ခဲ့ပါတယ္။ ရွပ္အကၤ် ီ၊ အတြင္းခံေဘာင္းဘီနဲ႔ ေရေမႊးေတြကိုေတာင္ CR7 တံဆိပ္နဲ႔ ထုတ္ႏုိင္တ့ဲအထိ ေအာင္ျမင္ခဲ့ပါတယ္။ တကယ္လုိ႔ သူဟာ ေဘာလုံးေလာကမွ အနားယူသြားမယ္ဆုိရင္ေတာင္ ျပင္ပဝင္ေငြေတြနဲ႔ ျပည့္ျပည့္စုံစုံေနႏုိင္တဲ့သူပါ။

Nike နဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္သစ္အရ Cristiano Ronaldo ဟာ တစ္ႏွစ္မွာ ေပါင္ (၁၉) သန္းအထိ သက္တမ္းတစ္ေလ်ွာက္လုံး ရရွိသြားမွာပါ။ သူဟာ (၇၃) ႏွစ္ပဲ အသက္ရွည္မယ္ဆုိရင္ေတာင္ စာခ်ဳပ္တန္ဖုိးက ေဒၚလာ သန္း(၁ဝဝဝ) ျဖစ္သြားမွာပါ။ ဒါ့အျပင္ သူဟာ Castrol ၊ Samsung နဲ႔ KFC တုိ႔ဆီကေန ေၾကာ္ျငာခတင္ သန္းခ်ီရေနသူပါ။ သူဟာ Twitter မွာ Follower (၇၄.၁) သန္း၊ Instagram မွာ (၁၃၁) သန္းနဲ႔ Facebook မွာ (၁၂၂.၆) သန္းအထိ ပရိသတ္ေတြမ်ားေနလုိ႔ စီးပြားေရးသမားေတြအတြက္ မ်က္စိ္က်စရာျဖစ္ေနတာပါ။ ဒါ့အျပင္ သူဟာ ၂ဝ၁၈ခုႏွစ္အတြင္းမွာတင္ Real Madrid အသင္းကေန လစာနဲ႔ အပုိဆုေၾကးက ေဒၚလာ (၆၁) သန္းအထိရွိခဲ့သူပါ။ (ဒါေတာင္ စာခ်ဳပ္သက္တမ္းတုိးလာရင္ ဒီထက္မ်ားႏုိင္ဖြယ္ရွိပါတယ္။)

တကယ္လုိ႔ Cristiano Ronaldo ဟာ အသင္းကထြက္ခြာမယ္ဆုိရင္ေတာင္ သူ႕လစာႏႈန္းထားနဲ႔ ႏွစ္ရွည္စာခ်ဳပ္မယ္ဆုိရင္ စာခ်ဳပ္တန္ေၾကးဟာ ေဒၚလာသန္း (၁ဝဝဝ) နီးပါးရွိသြားမွာပါ။ ဒီပမာဏကုိ တက္ႏုိင္တဲ့အသင္းဟာ ေဘာလုံးေလာကမွာ မ်ားမ်ားစားစားမရွိပါဘူး။ ကဲ . . . ဒီေလာက္ဝင္ေငြေတြ ေကာင္းေနတဲ့ ကစားသမားတစ္ေယာက္ဟာ သူ႕ရဲ႕ဝင္ေငြေတြကုိ ဘယ္ေနရာမွာ သုံးေနသလဲ။

Cristiano Ronaldo ဟာ ေမာ္ေတာ္ကားဝါသနာအုိးတစ္ေယာက္ပါ။ သူဟာ ေဒၚလာ (၃) သိန္းတန္ Lamborghini Aventador ကားႀကီးကုိလည္း ပုိင္ဆုိင္ထားသူပါ။ Maserati ဇိမ္ခံကားႀကီးကုိလည္း ျမတ္ျမတ္ႏုိးႏုိး စီးေနတဲ့သူပါ။ ဒါ့အျပင္ သူဟာ Bugatti Chiron ၊ Bentley ၊ Porsche ၊ Mercedes နဲ႔ တျခားဇိမ္ခံကားေတြအမ်ားႀကီးကုိ ဝယ္ထားပါေသးတယ္။

ဒါေပမယ့္ Cristiano Ronaldo ဟာ ကားေမာင္းၾကမ္းတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ၂ဝဝ၉ ခုႏွစ္တုန္းက သူစီးလာတဲ့ ေဒၚလာ (၃၂ဝ,ဝဝဝ) တန္ Ferrari ကားဟာ Manchester  ၿမိဳ႕မွာ ယာဥ္တုိက္မႈျဖစ္ၿပီး ပ်က္စီးသြားေပမယ့္ သူကေတာ့ ‘သတၱဝါတစ္ခု ကံတစ္ခု’ လုိ သေဘာထားခဲ့ပါတယ္။

စပိန္ႏုိင္ငံ Madraid ၿမိဳ႕မွာ Cristiano Ronaldo ေနတဲ့ သီရိေဂဟာဟာ ကာလတန္ေၾကး ေဒၚလာ (၇.၁) သန္းေတာင္ ရွိပါတယ္။ ဒီအိမ္ေတာ္ႀကီးကုိ စပိန္နာမည္ေက်ာ္ ဗိသုကာပညာရွင္ Joaquin Torres တာဝန္ယူတည္ေဆာက္ေပးခဲ့တာပါ။ အိမ္အတြင္းပုိင္းကုိလည္း အလန္းစားတည္ေဆာက္ထားၿပီး ေရကူးကန္ေတြ အားကစားေလ့က်င့္ခန္းေတြနဲ႔ ေနခ်င္စဖြယ္ႀကီးပါ။ Trump Tower မွာလည္း ေဒၚလာ (၁၈.၅) သန္းတန္ ဇိမ္ခံတုိက္ခန္းႀကီးကုိလည္း ၂ဝ၁၅ခုႏွစ္တုန္းက ေရာင္းခဲ့ပါေသးတယ္။

၂ဝ၁၆ခုႏွစ္တုန္းကလည္း ေမြးရပ္ေျမေပၚတူဂီႏုိင္ငံမွာ ေဘာလုံးကြင္းပုံစံ ဖန္တီးထားတဲ့ Pestana CR7 ဇိမ္ခံဟုိတယ္ႀကီးကုိ ဖြင့္လွစ္ခဲ့ပါေသးတယ္။

ဒါ့ေၾကာင့္လည္း ဝင္ေငြေကာင္းေနတာပါ။ သူဝတ္ထားတဲ့ Jacob & Co နာရီဟာ ေဒၚလာ (၁၆ဝ,ဝဝဝ) အထိ ရွိပါတယ္။ Cristiano Ronaldo ဟာ Madrid Museum of Wax မွာ ထားရွိတဲ့ သူ႕ရဲ႕ဖေယာင္းရုပ္ပုံတူကုိ သေဘာက်ၿပီး ပညာရွင္ Michael Wade ကုိ ဆက္သြယ္ခဲ့ပါတယ္။ ေဒၚလာ (၃) သိန္းေပးခဲ့ၿပီး ပုံတူေနာက္တစ္ရုပ္ကုိ ဆက္ဖန္တီးခုိင္းခဲ့ပါေသးတယ္။

အားကစားေလာကမွာ ထြန္းေတာက္ေနတုန္း ၂ဝ၁ဝခုႏွစ္မွာ Cristiano Ronaldo ဟာ ရုရွားေမာ္ဒယ္ Irina Shayk နဲ႔ ခ်စ္ကြ်မ္းဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ၂ဝ၁၅ခုႏွစ္ ဇန္နဝါရီလမွာေတာ့ ႏွစ္ဦးသေဘာတူလမ္းခြဲခဲ့ပါတယ္။ စပိန္ေမာ္ဒယ္ Georgina Rodriguez နဲ႔ ခ်စ္သူေတြျဖစ္ခဲ့ၿပီး ၂ဝ၁၇ခုႏွစ္ ႏုိဝင္ဘာလမွာ Alana Martina ဆုိတဲ့ သမီးေလးေမြးဖြားခဲ့ပါတယ္။ (သူဟာ CR7 Junior ၊ Eva Maria နဲ႔ Mateo ဆုိတဲ့ အမႊာကေလးေတြ ရွိပါေသးတယ္။)

Cristiano Ronaldo ဟာ ဖက္ရွင္ဂုရုႀကီးျဖစ္ၿပီး တန္ဖုိးႀကီးဝတ္စုံေတြကုိ ဆင္ျမန္းတတ္ရုံမက Armani ဖက္ရွင္ကုမၸဏီအတြက္ ေမာ္ဒယ္လုပ္ေပးခဲ့ပါေသးတယ္။

လူသားတစ္ဦးျဖစ္တာေၾကာင့္ ဝမ္းသာမႈ၊ ဝမ္းနည္းမႈေတြကုိ သယ္ပုိးၿပီး ေအာင္ျမင္မႈခရီးလမ္းေပၚမွာ ေခြ်းစက္ေတြနဲ႔ ဆက္လွမ္းေနသူက ဘယ္သူလဲလုိ႔ေမးလာရင္ ျပည္သူ႕အခ်စ္ေတာ္ Cristiano Ronaldo ပဲျဖစ္ပါတယ္။

Photo Credit – ESPN ၊ Business Insider

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ပိုက်ဆံတွေကို ဘယ်လိုရှာပြီး ဘယ်မှာသုံးလိုက်တာလဲ Cristiano Ronaldo

Cristiano Ronaldo (CR7) လို့ ပြောလိုက်ရင် မျက်မှောက်ခေတ်ဘောလုံးလောကရဲ့  မီးရှုးတန်ဆောင်၊ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်၊ အောင်မြင်မှုများစွာ သိမ်းပိုက်ထားသူ၊ ကွင်းတွင်းကွင်းပြင် ကြိုးစားတဲ့ ကစားသမားစတဲ့ . . . ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့သူပါ။ Google ၊ Yahoo နဲ့ Bing တို့လို Search Engine တွေမှာ ရှာဖွေမှုအမြင့်ဆုံးသူ၊ ကြော်ငြာငွေအများဆုံးရရှိသူနဲ့ လူမှုကွန်ရက်မှာ ပရိသတ်အများဆုံးရှိတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံလို့သာ သူ့ကို အကျော်ကြားဆုံးအားကစားသမား (Most Famous Athlete in the World) အဖြစ် ESPN က သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်မှာ သူနဲ့တန်းတူကစားသမားဆိုလို့ Lionel Messi နဲ့ Neymar လောက်သာရှိတဲ့အနေအထား။ ၂ဝ၁၈ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးအားကစားသမားစာရင်းမှာ Floyd Mayweather (၂၈၅ သန်း) နဲ့ Lionel Messi (၁၁၁ သန်း) တို့ပြီးရင် (၁ဝ၈ သန်း) နဲ့ တတိယနေရာမှာ ရပ်တည်နိုင်သူ။ ၂ဝ၁၆ခုနှစ်တုန်းကလည်း ဝင်ငွေ (၈၈) သန်း ၊ ၂ဝ၁၇ခုနှစ်တုန်းက (၉၃) သန်းအထိ ဝင်ငွေရှိခဲ့သူ။ လက်ရှိအချိန်မှာလည်း သူ့ရဲ့အသားတင်ကြွယ်ဝမှုက ဒေါ်လာ (၄၅ဝ) သန်းအထိရှိတဲ့ ကစားသမား။

၂ဝ၁၈ခုနှစ်အတွင်းမှာပဲ သူ့ရဲ့ကြော်ငြာဝင်ငွေက ဒေါ်လာ (၄၇) သန်းအထိ ရှိခဲ့တယ်။ တစ်ဝက်လောက်က Tag Heuer ၊ Herbalife နဲ့ Nike တို့လို အမှတ်တံဆိပ်တွေက ရခဲ့တာပါ။

၂ဝဝ၆ခုနှစ်မှာ Cristiano Ronaldo ဟာ CR7 ဆိုတဲ့ ဖက်ရှင်ဆိုင်ကို ပေါ်တူဂီနိုင်ငံ Madeira ကျွန်းပေါ်မှာ ဖွင့်လိုက်ခဲ့တယ်။ သူ့ရဲ့အမှတ်တံဆိပ်ဟာ လူကြိုက်များခဲ့လို့ Lisbon မြို့ မှာ ဆိုင်ခွဲဖွင့်နိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။ ရှပ်အင်္ကျ ီ၊ အတွင်းခံဘောင်းဘီနဲ့ ရေမွှေးတွေကိုတောင် CR7 တံဆိပ်နဲ့ ထုတ်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ တကယ်လို့ သူဟာ ဘောလုံးလောကမှ အနားယူသွားမယ်ဆိုရင်တောင် ပြင်ပဝင်ငွေတွေနဲ့ ပြည့်ပြည့်စုံစုံနေနိုင်တဲ့သူပါ။

Nike နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သစ်အရ Cristiano Ronaldo ဟာ တစ်နှစ်မှာ ပေါင် (၁၉) သန်းအထိ သက်တမ်းတစ်လျှောက်လုံး ရရှိသွားမှာပါ။ သူဟာ (၇၃) နှစ်ပဲ အသက်ရှည်မယ်ဆိုရင်တောင် စာချုပ်တန်ဖိုးက ဒေါ်လာ သန်း(၁ဝဝဝ) ဖြစ်သွားမှာပါ။ ဒါ့အပြင် သူဟာ Castrol ၊ Samsung နဲ့ KFC တို့ဆီကနေ ကြော်ငြာခတင် သန်းချီရနေသူပါ။ သူဟာ Twitter မှာ Follower (၇၄.၁) သန်း၊ Instagram မှာ (၁၃၁) သန်းနဲ့ Facebook မှာ (၁၂၂.၆) သန်းအထိ ပရိသတ်တွေများနေလို့ စီးပွားရေးသမားတွေအတွက် မျက်စိကျစရာဖြစ်နေတာပါ။ ဒါ့အပြင် သူဟာ ၂ဝ၁၈ခုနှစ်အတွင်းမှာတင် Real Madrid အသင်းကနေ လစာနဲ့ အပိုဆုကြေးက ဒေါ်လာ (၆၁) သန်းအထိရှိခဲ့သူပါ။ (ဒါတောင် စာချုပ်သက်တမ်းတိုးလာရင် ဒီထက်များနိုင်ဖွယ်ရှိပါတယ်။)

တကယ်လို့ Cristiano Ronaldo ဟာ အသင်းကထွက်ခွာမယ်ဆိုရင်တောင် သူ့လစာနှုန်းထားနဲ့ နှစ်ရှည်စာချုပ်မယ်ဆိုရင် စာချုပ်တန်ကြေးဟာ ဒေါ်လာသန်း (၁ဝဝဝ) နီးပါးရှိသွားမှာပါ။ ဒီပမာဏကို တက်နိုင်တဲ့အသင်းဟာ ဘောလုံးလောကမှာ များများစားစားမရှိပါဘူး။ ကဲ . . . ဒီလောက်ဝင်ငွေတွေ ကောင်းနေတဲ့ ကစားသမားတစ်ယောက်ဟာ သူ့ရဲ့ဝင်ငွေတွေကို ဘယ်နေရာမှာ သုံးနေသလဲ။

Cristiano Ronaldo ဟာ မော်တော်ကားဝါသနာအိုးတစ်ယောက်ပါ။ သူဟာ ဒေါ်လာ (၃) သိန်းတန် Lamborghini Aventador ကားကြီးကိုလည်း ပိုင်ဆိုင်ထားသူပါ။ Maserati ဇိမ်ခံကားကြီးကိုလည်း မြတ်မြတ်နိုးနိုး စီးနေတဲ့သူပါ။ ဒါ့အပြင် သူဟာ Bugatti Chiron ၊ Bentley ၊ Porsche ၊ Mercedes နဲ့ တခြားဇိမ်ခံကားတွေအများကြီးကို ဝယ်ထားပါသေးတယ်။

ဒါပေမယ့် Cristiano Ronaldo ဟာ ကားမောင်းကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၉ ခုနှစ်တုန်းက သူစီးလာတဲ့ ဒေါ်လာ (၃၂ဝ,ဝဝဝ) တန် Ferrari ကားဟာ Manchester  မြို့မှာ ယာဉ်တိုက်မှုဖြစ်ပြီး ပျက်စီးသွားပေမယ့် သူကတော့ ‘သတ္တဝါတစ်ခု ကံတစ်ခု’ လို သဘောထားခဲ့ပါတယ်။

စပိန်နိုင်ငံ Madraid မြို့မှာ Cristiano Ronaldo နေတဲ့ သီရိဂေဟာဟာ ကာလတန်ကြေး ဒေါ်လာ (၇.၁) သန်းတောင် ရှိပါတယ်။ ဒီအိမ်တော်ကြီးကို စပိန်နာမည်ကျော် ဗိသုကာပညာရှင် Joaquin Torres တာဝန်ယူတည်ဆောက်ပေးခဲ့တာပါ။ အိမ်အတွင်းပိုင်းကိုလည်း အလန်းစားတည်ဆောက်ထားပြီး ရေကူးကန်တွေ အားကစားလေ့ကျင့်ခန်းတွေနဲ့ နေချင်စဖွယ်ကြီးပါ။ Trump Tower မှာလည်း ဒေါ်လာ (၁၈.၅) သန်းတန် ဇိမ်ခံတိုက်ခန်းကြီးကိုလည်း ၂ဝ၁၅ခုနှစ်တုန်းက ရောင်းခဲ့ပါသေးတယ်။

၂ဝ၁၆ခုနှစ်တုန်းကလည်း မွေးရပ်မြေပေါ်တူဂီနိုင်ငံမှာ ဘောလုံးကွင်းပုံစံ ဖန်တီးထားတဲ့ Pestana CR7 ဇိမ်ခံဟိုတယ်ကြီးကို ဖွင့်လှစ်ခဲ့ပါသေးတယ်။

ဒါ့ကြောင့်လည်း ဝင်ငွေကောင်းနေတာပါ။ သူဝတ်ထားတဲ့ Jacob & Co နာရီဟာ ဒေါ်လာ (၁၆ဝ,ဝဝဝ) အထိ ရှိပါတယ်။ Cristiano Ronaldo ဟာ Madrid Museum of Wax မှာ ထားရှိတဲ့ သူ့ရဲ့ဖယောင်းရုပ်ပုံတူကို သဘောကျပြီး ပညာရှင် Michael Wade ကို ဆက်သွယ်ခဲ့ပါတယ်။ ဒေါ်လာ (၃) သိန်းပေးခဲ့ပြီး ပုံတူနောက်တစ်ရုပ်ကို ဆက်ဖန်တီးခိုင်းခဲ့ပါသေးတယ်။

အားကစားလောကမှာ ထွန်းတောက်နေတုန်း ၂ဝ၁ဝခုနှစ်မှာ Cristiano Ronaldo ဟာ ရုရှားမော်ဒယ် Irina Shayk နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၅ခုနှစ် ဇန်နဝါရီလမှာတော့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။ စပိန်မော်ဒယ် Georgina Rodriguez နဲ့ ချစ်သူတွေဖြစ်ခဲ့ပြီး ၂ဝ၁၇ခုနှစ် နိုဝင်ဘာလမှာ Alana Martina ဆိုတဲ့ သမီးလေးမွေးဖွားခဲ့ပါတယ်။ (သူဟာ CR7 Junior ၊ Eva Maria နဲ့ Mateo ဆိုတဲ့ အမွှာကလေးတွေ ရှိပါသေးတယ်။)

Cristiano Ronaldo ဟာ ဖက်ရှင်ဂုရုကြီးဖြစ်ပြီး တန်ဖိုးကြီးဝတ်စုံတွေကို ဆင်မြန်းတတ်ရုံမက Armani ဖက်ရှင်ကုမ္ပဏီအတွက် မော်ဒယ်လုပ်ပေးခဲ့ပါသေးတယ်။

လူသားတစ်ဦးဖြစ်တာကြောင့် ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေကို သယ်ပိုးပြီး အောင်မြင်မှုခရီးလမ်းပေါ်မှာ ချွေးစက်တွေနဲ့ ဆက်လှမ်းနေသူက ဘယ်သူလဲလို့မေးလာရင် ပြည်သူ့အချစ်တော် Cristiano Ronaldo ပဲဖြစ်ပါတယ်။

Photo Credit – ESPN ၊ Business Insider

ကျော်စိုးအောင် (အခရာ)

www.akhayar.com