[Zawgyi]

ဘရာဇီးတစ္ႏုိင္ငံလုံးကုိ ေျခာက္ျခားေစခဲ့တဲ့ လူသတ္သမားႀကီး Pedro Rodrigues Filho

စိတၱဇလူသတ္သမားလုိ႔ပဲ ဆုိရမလား၊ လူမသတ္ရရင္ မေနႏုိင္တဲ့လူလုိ႔ပဲ သတ္မွတ္ရမလား တခ်ိဳ႕ေတြက ဘဝတစ္ေလ်ွာက္လုံးမွာ လူတစ္ေယာက္ကုိ ေသြးထြက္သံယုိျဖစ္ေအာင္ လုပ္လုိက္ရမွ ေနသာထုိင္သာရွိတာ။ တခ်ိဳ႕ေတြက် ပုိဆုိးသြားျပန္ၿပီ ဘဝတစ္ေလ်ွာက္လုံးကုိ လူသတ္ရင္းနဲ႔ပဲ အခ်ိန္ကုန္ေနတာ။ သူသတ္ခဲ့တဲ့ လူအေရအတြက္က သူ႕အသက္ထက္ေတာင္ ပုိမ်ားေနတဲ့လူေတြ အမ်ားႀကီးရွိပါေသးတယ္။ အခုေဆာင္းပါးမွာေတာ့ ဘရာဇီးႏုိင္ငံမွာ ေၾကာက္စရာအေကာင္းဆုံး လူသတ္သမားတစ္ေယာက္ရဲ႕အေၾကာင္းကုိ ေဖာ္ျပမွာပါ။

မရဏေမာင္ေမာင္ရဲ႕နာမည္က Pedro Rodrigues Filho တဲ့။ (ဒီေဆာင္းပါးမွာေတာ့ သူ႕နာမည္ကုိ မရဏေမာင္ေမာင္လုိ႔ပဲ သုံးႏႈန္းသြားပါမယ္။) ေမြးရပ္က ဘရာဇီးႏုိင္ငံ Santa Rita do Sapucaí ၿမိဳ႕။ ၁၉၅၄ ခုႏွစ္ ဇြန္ (၁၇) ရက္မွာ လူ႕ေလာကထဲ ေရာက္တယ္ေပါ့ ။ ေလာကဓံလႈိင္းအပုတ္ကုိ အရြယ္နဲ႔ မမ်ွေအာင္ ခံစားခဲ့ရတယ္လုိ႔ ေျပာမလား၊ လူ႕ဘဝထဲကုိ မေရာက္ခင္ကပဲ ကံဆုိးတယ္လုိ႔ ဆုိမလား ဘယ္လုိျဖစ္ျဖစ္ပါ ေမြးလာကတည္းက သူ႕ေခါင္းမွာ ဒဏ္ရာႀကီးနဲ႔။ သူ႕အေဖက ကုိယ္ဝန္အရင့္အမာျဖစ္ေနတဲ့ မိန္းမကုိ ရုိက္ခဲ့လုိ႔ သေႏၶသားမွာ ဒဏ္ရာျဖစ္တဲ့သေဘာပါ။ ေက်ာင္းေစာင့္ျဖစ္တဲ့ အေဖဟာ မူးလာရင္ သူ႕အေမကုိ ရုိက္ႏွက္ေနတဲ့ ျမင္ကြင္းေတြဟာ သူ႕ငယ္ဘဝရဲ႕နာက်ည္းစရာေတြေပါ့။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

အျမင္မေတာ္သမ်ွေတြကုိ ေဒါသအေနနဲ႔ ေပါက္ကြဲပစ္တဲ့အက်င့္ စြဲကပ္သြားတာလား မေျပာတတ္။ ဝမ္းကြဲညီအစ္ကုိနဲ႔ ရန္ျဖစ္တုန္းကဆုိရင္ ၾကံရည္ႀကိတ္စက္ထဲကုိ ပစ္သြင္းလုိက္တာ။ ဟုိေကာင္ေလးမွာ ေသလုေျမာပါးျဖစ္သြားခဲ့တယ္။ ဒီလုိနဲ႔ သူဟာ (၁၄) ႏွစ္သားေလာက္မွာ လူစသတ္ေနပီ။ Alfenas ရဲ႕ဒုတိယၿမိဳ႕ေတာ္ဝန္က သူ႕အေဖေက်ာင္းေစာင့္ကုိ အလုပ္ထုတ္လုိက္တယ္။ ေက်ာင္းမီးဖုိေခ်ာင္က အစားအစာေတြကုိ ခုိးယူတယ္လုိ႔ သံသယရွိလုိ႔ပါ။ ဒါကုိ မေက်နပ္တဲ့ မရဏေမာင္ေမာင္က ဒုတိယၿမိဳ႕ေတာ္ဝန္ကုိ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာပဲ ေသနတ္နဲ႔ ပစ္သတ္ခဲ့တယ္။ တကယ္တမ္း အစားအစာခုိးတဲ့ တျခားေက်ာင္းေစာင့္ကုိလည္း ပစ္သတ္ခဲ့တယ္။ လူႏွစ္ေယာက္ကုိ သတ္ၿပီးတာနဲ႔ Mogi das Cruzes ၿမိဳ႕ကုိ ေျပးေတာ့တာပဲ။

မရဏေမာင္ေမာင္ Pedro Rodrigues Filho

မရဏေမာင္ေမာင္ Pedro Rodrigues Filho

သူ႕ဘဝရဲ႕ဆယ္ေက်ာ္သက္အခ်ိန္ေတြမွာ ေဖာက္ထြင္းမႈေတြကုိ လုပ္ခဲ့တယ္။ ၿပီးေတာ့ မူးယစ္ေဆးဝါးေတြကုိ ေရာင္းဝယ္ခဲ့တယ္။ ဝင္ေငြေကာင္းလာသေလာက္ ၿပိဳင္ဘက္ေတြလည္း မ်ားလာခဲ့တယ္။ လက္ရဲဇတ္ရဲရွိတဲ့ မရဏေမာင္ေမာင္ဟာ ၿပိဳင္ဘက္ေတြကုိ သုတ္သင္ႏုိင္ခဲ့တယ္။ တခ်ိဳ႕ေတြက မေက်နပ္ၾကဖူး။ အဲဒီမွာ Maria Aparecida Olympia ဆုိတဲ့ မိန္းမေခ်ာေလးနဲ႔ ေတြ႕ခဲ့တယ္။ ခ်စ္ႀကိဳးသြယ္ခဲ့ၾကၿပီး ပန္းေမြ႕ယာဖန္ေကာ္ေဇာထက္မွာ ေပ်ာ္စရာအတိျဖစ္ခဲ့ပါတယ္။ ကံဇာတာၿဂိဳလ္စီးခ်င္ေတာ့ ၿပိဳင္ဘက္မူးယစ္သမားေတြက မရဏေမာင္ေမာင္ကုိ အျပတ္ရွင္းဖုိ႔ ႀကိဳးစားရာမွာ ခ်စ္သူ Maria Aparecida Olympia ေသဆုံးသြားတာပါ။ ရန္သူရဲ႕လက္ခ်က္နဲ႔ ခ်စ္သူ ေသဆုံးသြားတာကုိ နာက်ည္းၿပီး ရန္သူေတြကုိ မုိးအဆုံးေျမအဆုံးလုိက္ၿပီး လက္စားေခ်ခဲ့တယ္။ (၁၈) ႏွစ္မျပည့္ခင္မွာ လူသတ္ခဲ့တာ လူဆယ္ေယာက္ေက်ာ္ေနၿပီ။ သူ႕ေၾကာင့္ ဒုကၡိတျဖစ္တဲ့သူေတြလည္း ဒုနဲ႔ေဒး။

အဲဒီအခ်ိန္မွာ သတင္းဆုိးတစ္ခုကုိ မရဏေမာင္ေမာင္ ၾကားလုိက္တယ္။ သူ႕အေမ ေသၿပီတဲ့။ ရုိးရုိးေသတာ မဟုတ္ အသတ္ခံရလုိ႔တဲ့။ အသတ္ခံရတာေတာင္ ဓားနဲ႔ ရက္ရက္စက္စက္ခုတ္သတ္သြားတာတဲ့။ လူသတ္သမားက တျခားလူ မဟုတ္ဖူး သူ႕အေဖပဲတဲ့။ အဲဒီအခ်ိန္မွာ ငယ္စဥ္ဘဝတုန္းက အေမကုိ ညွင္းပန္းႏွိပ္စက္ခဲ့တဲ့ သူ႕အေဖရဲ႕ပုံရိပ္ေတြကုိ ျမင္ေယာင္လာတယ္။ လက္စားေခ်တတ္တဲ့သူဟာ သူ႕အေဖကုိ ျပန္သတ္ခ်င္လာတယ္။ ဒါ့ေၾကာင့္ ေထာင္ထဲကုိ ေရာက္ေနတဲ့ သူ႕အေဖကုိ ျပန္သတ္တယ္၊ ရင္ကုိခြဲတယ္၊ အသည္းကုိ ထုတ္တယ္၊ ဝါးစားၿပီး ျပန္ေထြးပစ္တဲ့အထိ လုပ္ခဲ့ပါတယ္။ ဖခင္ကုိ သတ္တာက ပဥၥာနႏၲရိယကံထုိက္သြားေပမယ့္ မရဏေမာင္ေမာင္က ေသြးဆာေနတုန္းပါပဲ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

၁၉၇၃ခုႏွစ္ ေမလ (၂၄) ရက္ေန႔မွာ မရဏေမာင္ေမာင္ အဖမ္းခံလုိက္ရတယ္။ အဲဒီအခ်ိန္တုန္းက သူ႕အသက္က (၂၁) ႏွစ္ပဲ ရွိေသးတယ္။ ေထာင္ထဲမွာ သူ႕ကုိ တျခားေထာင္သားေတြက ေသြးတုိးစမ္းတယ္ထင္ပါရဲ႕၊ ေထာင္သား (၄) ေယာက္ကုိ ထပ္သတ္လုိက္ေသးတယ္။ သူ႕ဖခင္အပါအဝင္ လူသတ္မႈ (၇၁) ခုနဲ႔ တရားစြဲခံရပါတယ္။ (တကယ္တမ္းေတာ့ လူသတ္မႈ (၁ဝဝ) ေက်ာ္ က်ဴးလြန္ခဲ့တာပါ။) ဘရာဇီးႏုိင္ငံမွာ ရာဇဝတ္သားကုိ ေထာင္ဒဏ္ႏွစ္ (၃ဝ) ထက္ ပုိမခ်ေပမယ့္ မရဏေမာင္ေမာင္ကုိ ၂ဝဝ၃ခုႏွစ္မွာ (၁၂၈) ႏွစ္အထိ ခ်မွတ္လုိက္ပါတယ္။ ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္လုိက္တာေတာင္ ေထာင္ထဲမွာ တျခားရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တာေၾကာင့္ ေထာင္ဒဏ္ႏွစ္ (၄ဝဝ) အထိ တုိးျမွင့္ခ်လုိက္ပါတယ္။ ကံေကာင္းခ်င္ေတာ့ ၂ဝဝ၇ခုႏွစ္မွာ တရားရုံးခ်ဳပ္ဟာ သူ႕ကုိ ျပန္လႊတ္ခဲ့ပါတယ္။ (ဒါဟာ အဆိပ္ပင္ ေရေလာင္းတာလား မေျပာတတ္။)

မရဏေမာင္ေမာင္ Pedro Rodrigues Filho

မရဏေမာင္ေမာင္ Pedro Rodrigues Filho

ေထာင္ထြက္တာနဲ႔ မရဏေမာင္ေမာင္ဟာ ဘရာဇီးႏုိင္ငံ အေရွ႕ေျမာက္ပုိင္းမွာရွိတဲ့ Fortaleza ၿမိဳ႕ကုိ ထြက္သြားခဲ့ပါတယ္။ သူ႕ကုိ ေစာင့္ၾကည့္ေနတဲ့ စုံေထာက္အဖြဲ႕နဲ႔ အဆက္အသြယ္ျပတ္သြားေအာင္လုိ႔ေပါ့။ Balneário Camboriú ၿမိဳ႕မွာ အိမ္သန္႔ရွင္းေရးသမားအျဖစ္ ဟန္ေဆာင္ၿပီး အထိကရုဏ္းမႈေတြနဲ႔ အႏုၾကမ္းစီးမႈေတြကုိ လုပ္ေဆာင္ေနခဲ့ပါတယ္။ ဘရာဇီးေထာက္လွမ္းေရးသမားေတြက သတိထားမိသြားၿပီး ၂ဝ၁၁ခုႏွစ္ စက္တင္ဘာလ (၁၅) ရက္မွာ အၿပီးတုိင္ထိန္းသိမ္းသြားပါတယ္။ အခုခ်ိန္မွာ မရဏေမာင္ေမာင္ဟာ (၆၄) ႏွစ္ရွိၿပီဆုိေပမယ့္ သူ႕နာမည္ကုိၾကားရင္ ဘရာဇီးႏုိင္ငံသားေတြက ဒူးတုန္ဆဲပါ။

အခုေဖာ္ျပသြားခဲ့တဲ့ ကြင္းဆက္လူသတ္သမားႀကီး Pedro Rodrigues Filho ရဲ႕အေၾကာင္းကုိ ဖတ္မိၿပီး စိတ္ထဲမွာ ရသတစ္ခု က်န္ရစ္မယ္လုိ႔ ထင္ျမင္မိပါတယ္။ ေနာက္လာမယ့္ေဆာင္းပါးေတြမွာလည္း သုတရသျဖစ္ဖြယ္ အေၾကာင္းအရာေတြကုိ ေရြးခ်ယ္ေဖာ္ျပသြားမွာျဖစ္လုိ႔ ေစာင့္ေမ်ွာ္အားေပးၾကပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘရာဇီးတစ်နိုင်ငံလုံးကို ခြောက်ခြားစေခဲ့တဲ့ လူသတ်သမားကြီး Pedro Rodrigues Filho

စိတ္တဇလူသတ်သမားလို့ပဲ ဆိုရမလား၊ လူမသတ်ရရင် မနေနိုင်တဲ့လူလို့ပဲ သတ်မှတ်ရမလား တချို့တွေက ဘဝတစ်လျှောက်လုံးမှာ လူတစ်ယောက်ကို သွေးထွက်သံယိုဖြစ်အောင် လုပ်လိုက်ရမှ နေသာထိုင်သာရှိတာ။ တချို့တွေကျ ပိုဆိုးသွားပြန်ပြီ ဘဝတစ်လျှောက်လုံးကို လူသတ်ရင်းနဲ့ပဲ အချိန်ကုန်နေတာ။ သူသတ်ခဲ့တဲ့ လူအရေအတွက်က သူ့အသက်ထက်တောင် ပိုများနေတဲ့လူတွေ အများကြီးရှိပါသေးတယ်။ အခုဆောင်းပါးမှာတော့ ဘရာဇီးနိုင်ငံမှာ ကြောက်စရာအကောင်းဆုံး လူသတ်သမားတစ်ယောက်ရဲ့အကြောင်းကို ဖော်ပြမှာပါ။

မရဏမောင်မောင်ရဲ့နာမည်က Pedro Rodrigues Filho တဲ့။ (ဒီဆောင်းပါးမှာတော့ သူ့နာမည်ကို မရဏမောင်မောင်လို့ပဲ သုံးနှုန်းသွားပါမယ်။) မွေးရပ်က ဘရာဇီးနိုင်ငံ Santa Rita do Sapucaí မြို့။ ၁၉၅၄ ခုနှစ် ဇွန် (၁၇) ရက်မှာ လူ့လောကထဲ ရောက်တယ်ပေါ့ ။ လောကဓံလှိုင်းအပုတ်ကို အရွယ်နဲ့ မမျှအောင် ခံစားခဲ့ရတယ်လို့ ပြောမလား၊ လူ့ဘဝထဲကို မရောက်ခင်ကပဲ ကံဆိုးတယ်လို့ ဆိုမလား ဘယ်လိုဖြစ်ဖြစ်ပါ မွေးလာကတည်းက သူ့ခေါင်းမှာ ဒဏ်ရာကြီးနဲ့။ သူ့အဖေက ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ မိန်းမကို ရိုက်ခဲ့လို့ သန္ဓေသားမှာ ဒဏ်ရာဖြစ်တဲ့သဘောပါ။ ကျောင်းစောင့်ဖြစ်တဲ့ အဖေဟာ မူးလာရင် သူ့အမေကို ရိုက်နှက်နေတဲ့ မြင်ကွင်းတွေဟာ သူ့ငယ်ဘဝရဲ့နာကျည်းစရာတွေပေါ့။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

အမြင်မတော်သမျှတွေကို ဒေါသအနေနဲ့ ပေါက်ကွဲပစ်တဲ့အကျင့် စွဲကပ်သွားတာလား မပြောတတ်။ ဝမ်းကွဲညီအစ်ကိုနဲ့ ရန်ဖြစ်တုန်းကဆိုရင် ကြံရည်ကြိတ်စက်ထဲကို ပစ်သွင်းလိုက်တာ။ ဟိုကောင်လေးမှာ သေလုမြောပါးဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ သူဟာ (၁၄) နှစ်သားလောက်မှာ လူစသတ်နေပီ။ Alfenas ရဲ့ဒုတိယမြို့တော်ဝန်က သူ့အဖေကျောင်းစောင့်ကို အလုပ်ထုတ်လိုက်တယ်။ ကျောင်းမီးဖိုချောင်က အစားအစာတွေကို ခိုးယူတယ်လို့ သံသယရှိလို့ပါ။ ဒါကို မကျေနပ်တဲ့ မရဏမောင်မောင်က ဒုတိယမြို့တော်ဝန်ကို မြို့တော်ခန်းမရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ တကယ်တမ်း အစားအစာခိုးတဲ့ တခြားကျောင်းစောင့်ကိုလည်း ပစ်သတ်ခဲ့တယ်။ လူနှစ်ယောက်ကို သတ်ပြီးတာနဲ့ Mogi das Cruzes မြို့ကို ပြေးတော့တာပဲ။

မရဏမောင်မောင် Pedro Rodrigues Filho

မရဏမောင်မောင် Pedro Rodrigues Filho

သူ့ဘဝရဲ့ဆယ်ကျော်သက်အချိန်တွေမှာ ဖောက်ထွင်းမှုတွေကို လုပ်ခဲ့တယ်။ ပြီးတော့ မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ခဲ့တယ်။ ဝင်ငွေကောင်းလာသလောက် ပြိုင်ဘက်တွေလည်း များလာခဲ့တယ်။ လက်ရဲဇတ်ရဲရှိတဲ့ မရဏမောင်မောင်ဟာ ပြိုင်ဘက်တွေကို သုတ်သင်နိုင်ခဲ့တယ်။ တချို့တွေက မကျေနပ်ကြဖူး။ အဲဒီမှာ Maria Aparecida Olympia ဆိုတဲ့ မိန်းမချောလေးနဲ့ တွေ့ခဲ့တယ်။ ချစ်ကြိုးသွယ်ခဲ့ကြပြီး ပန်းမွေ့ယာဖန်ကော်ဇောထက်မှာ ပျော်စရာအတိဖြစ်ခဲ့ပါတယ်။ ကံဇာတာဂြိုလ်စီးချင်တော့ ပြိုင်ဘက်မူးယစ်သမားတွေက မရဏမောင်မောင်ကို အပြတ်ရှင်းဖို့ ကြိုးစားရာမှာ ချစ်သူ Maria Aparecida Olympia သေဆုံးသွားတာပါ။ ရန်သူရဲ့လက်ချက်နဲ့ ချစ်သူ သေဆုံးသွားတာကို နာကျည်းပြီး ရန်သူတွေကို မိုးအဆုံးမြေအဆုံးလိုက်ပြီး လက်စားချေခဲ့တယ်။ (၁၈) နှစ်မပြည့်ခင်မှာ လူသတ်ခဲ့တာ လူဆယ်ယောက်ကျော်နေပြီ။ သူ့ကြောင့် ဒုက္ခိတဖြစ်တဲ့သူတွေလည်း ဒုနဲ့ဒေး။

အဲဒီအချိန်မှာ သတင်းဆိုးတစ်ခုကို မရဏမောင်မောင် ကြားလိုက်တယ်။ သူ့အမေ သေပြီတဲ့။ ရိုးရိုးသေတာ မဟုတ် အသတ်ခံရလို့တဲ့။ အသတ်ခံရတာတောင် ဓားနဲ့ ရက်ရက်စက်စက်ခုတ်သတ်သွားတာတဲ့။ လူသတ်သမားက တခြားလူ မဟုတ်ဖူး သူ့အဖေပဲတဲ့။ အဲဒီအချိန်မှာ ငယ်စဉ်ဘဝတုန်းက အမေကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ သူ့အဖေရဲ့ပုံရိပ်တွေကို မြင်ယောင်လာတယ်။ လက်စားချေတတ်တဲ့သူဟာ သူ့အဖေကို ပြန်သတ်ချင်လာတယ်။ ဒါ့ကြောင့် ထောင်ထဲကို ရောက်နေတဲ့ သူ့အဖေကို ပြန်သတ်တယ်၊ ရင်ကိုခွဲတယ်၊ အသည်းကို ထုတ်တယ်၊ ဝါးစားပြီး ပြန်ထွေးပစ်တဲ့အထိ လုပ်ခဲ့ပါတယ်။ ဖခင်ကို သတ်တာက ပဉ္စာနန္တရိယကံထိုက်သွားပေမယ့် မရဏမောင်မောင်က သွေးဆာနေတုန်းပါပဲ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

၁၉၇၃ခုနှစ် မေလ (၂၄) ရက်နေ့မှာ မရဏမောင်မောင် အဖမ်းခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက သူ့အသက်က (၂၁) နှစ်ပဲ ရှိသေးတယ်။ ထောင်ထဲမှာ သူ့ကို တခြားထောင်သားတွေက သွေးတိုးစမ်းတယ်ထင်ပါရဲ့၊ ထောင်သား (၄) ယောက်ကို ထပ်သတ်လိုက်သေးတယ်။ သူ့ဖခင်အပါအဝင် လူသတ်မှု (၇၁) ခုနဲ့ တရားစွဲခံရပါတယ်။ (တကယ်တမ်းတော့ လူသတ်မှု (၁ဝဝ) ကျော် ကျူးလွန်ခဲ့တာပါ။) ဘရာဇီးနိုင်ငံမှာ ရာဇဝတ်သားကို ထောင်ဒဏ်နှစ် (၃ဝ) ထက် ပိုမချပေမယ့် မရဏမောင်မောင်ကို ၂ဝဝ၃ခုနှစ်မှာ (၁၂၈) နှစ်အထိ ချမှတ်လိုက်ပါတယ်။ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာတောင် ထောင်ထဲမှာ တခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ်နှစ် (၄ဝဝ) အထိ တိုးမြှင့်ချလိုက်ပါတယ်။ ကံကောင်းချင်တော့ ၂ဝဝ၇ခုနှစ်မှာ တရားရုံးချုပ်ဟာ သူ့ကို ပြန်လွှတ်ခဲ့ပါတယ်။ (ဒါဟာ အဆိပ်ပင် ရေလောင်းတာလား မပြောတတ်။)

မရဏမောင်မောင် Pedro Rodrigues Filho

မရဏမောင်မောင် Pedro Rodrigues Filho

ထောင်ထွက်တာနဲ့ မရဏမောင်မောင်ဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Fortaleza မြို့ကို ထွက်သွားခဲ့ပါတယ်။ သူ့ကို စောင့်ကြည့်နေတဲ့ စုံထောက်အဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားအောင်လို့ပေါ့။ Balneário Camboriú မြို့မှာ အိမ်သန့်ရှင်းရေးသမားအဖြစ် ဟန်ဆောင်ပြီး အထိကရုဏ်းမှုတွေနဲ့ အနုကြမ်းစီးမှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ဘရာဇီးထောက်လှမ်းရေးသမားတွေက သတိထားမိသွားပြီး ၂ဝ၁၁ခုနှစ် စက်တင်ဘာလ (၁၅) ရက်မှာ အပြီးတိုင်ထိန်းသိမ်းသွားပါတယ်။ အခုချိန်မှာ မရဏမောင်မောင်ဟာ (၆၄) နှစ်ရှိပြီဆိုပေမယ့် သူ့နာမည်ကိုကြားရင် ဘရာဇီးနိုင်ငံသားတွေက ဒူးတုန်ဆဲပါ။

အခုဖော်ပြသွားခဲ့တဲ့ ကွင်းဆက်လူသတ်သမားကြီး Pedro Rodrigues Filho ရဲ့အကြောင်းကို ဖတ်မိပြီး စိတ်ထဲမှာ ရသတစ်ခု ကျန်ရစ်မယ်လို့ ထင်မြင်မိပါတယ်။ နောက်လာမယ့်ဆောင်းပါးတွေမှာလည်း သုတရသဖြစ်ဖွယ် အကြောင်းအရာတွေကို ရွေးချယ်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com