Huawei ၊ Samsung နဲ့ Qualcomm လို နာမည်ကြီး Chip Maker တွေအကုန်လုံးက အခုအချိန်မှာ 5G Modem ကို Support ပြုလုပ်တဲ့ Chipset တွေကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျန်တဲ့ Chipset Maker တစ်ယောက်ဖြစ်တဲ့ MediaTek ကနေ 5G Chipset တစ်ခုကို မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခု MediaTek ရဲ့ ကြေညာချက်အရတော့ လာမယ့် မေလကုန်မှာ 5G နဲ့ AI တွေပါဝင်တဲ့ Chipset တစ်ခုကို Teaser ပြုလုပ်သွားတာဖြစ်ြပီးတော့ “Smart meets Fast” ဆိုပြီး ပြောကြားသွားတာပဲဖြစ်ပါတယ်။

MediaTek က Helio M70 ဆိုပြီး 5G Platform အနေနဲ့ ယခင်တုန်းက မိတ်ဆက်ထားဖူးခဲ့ပေမယ့် အခုအချိန်မှာ 5G Chipset ကို မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် MediaTek က လက်ရှိအချိန်မှာ Mid Range Processor အနေနဲ့ နာမည်ကြီးတဲ့အတွက် ဒီ 5G Chipset ကလည်း Mid Range ဖုန်းတွေမှာ အသုံးပြုလာနိုင်ပါတယ်။

အခု Chipset အသစ်က MediaTek ရဲ့ လက်ရှိအကောင်းဆုံး 12nm Helio P90 ကို 5G စွမ်းဆောင်ရည်ထည့်သွင်းပေးထားတာလည်း ဖြစ်နိုင်ပြီးတော့ ဘယ်လို Chipset မျိုးဖြစ်လာမလဲကတော့ မကြာခင်မှာ တရားဝင်မြင်ရတော့မှာပါ။

Ref : GSMArena