ဒီအပတ် တိုင်ပေမှာ ကျင်းပပြုလုပ်နေတဲ့ Computex 2019 Recap သတင်းနဲ့ဆက်စပ်ပြီး ကမ္ဘာ့ပထမဆုံး Integrated 5G SoC အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဒါလေး မပြောခင် Power User တွေအတွက် ပိုပြီး Energy Efficient ဖြစ်စေမယ့် A77 ၊ G77 အကြောင်းလေး နည်းနည်း ထည့်ပြောချင်ပါတယ်။ ARM နည်းပညာ လေးသိထားမှ MediaTek ဘယ်လောက် စွာနိုင်မလဲ သိမှာဆိုတော့ Review လုပ်ကြည့်လိုက်ရအောင်။

အတိုချုံးပြောရင်တော့ A77 Chip တွေဟာ Power Efficient ဖြစ်တယ်ဆိုတာထက် Graphics ၊ AI ပိုင်းမှာ အရမ်း Improve ဖြစ်လာတာပါ။ GPU ပါဝါက ၄၀% တိုးလာပြီဆိုတော့ အရင် Generation တွေနဲ့ အတော်ကွာသွားပြီလို့ ဆိုနိုင်သလို Machine Learning အပိုင်းမှာ ၆၀% ပိုကောင်းလာတာက ထင်ရှားတဲ့အချက်တွေပါ။ အဲ့ဒါထက် A77နဲ့ G77 တို့ဟာ 7nm Architecturre ပေါ်မှာ တည်ဆောက်ထားတယ်ဆိုပေမယ့် ပါဝါသုံးစွဲမှုကို ၃၀% အထိ လျှော့ချပေးနိုင်နေပါပြီ။

Photo Credit: AnandTech

အဲ့ဒါကြောင့် MediaTek SoC တွေဟာ Battery Life ပိုကောင်းလာနိုင်ပြီး ARM Architecture သီအိုရီအရ Physical Space ပိုရလာမှာပါ။ အဲ့ဒါကြောင့် 5G Modem ကို Integrated ထည့်သွင်းလာနိုင်ပြီး 7nm Architecture နဲ့ 5G SoC ကို အစောဆုံး မိတ်ဆက်နိုင်တာလို့လည်း ပြောနိုင်ပါတယ်။

ဒီ SoC ထဲမှာ M70 5G Modem ပါဝင်လာမှာဖြစ်ပြီး သီအိုရီအရ 4.7Gbps နဲ့ 2.5Gbps Download Speed ၊ Upload Speed ရှိမယ်လို့ ပြောထားပါတယ်။ ဒါဆိုရင်တော့ Integrated မဟုတ်တဲ့ Qualcomm X55 5G Modem ရဲ့ 7 Gbps နှုန်းထက် ပိုနှေးနေသေးတယ်လို့ သုံးသပ်ရမှာပါ။

ဒါပေမယ့် Qualcomm အားနည်းချက်က Separate Chip ၂ ခုသုံးရတဲ့အတွက် ပါဝါပိုစားမယ်၊ နေရာပိုယူမယ်ဆိုတဲ့ သဘောပါပဲ။ နည်းပညာအရ ဆိုရင်တော့ mmWave နဲ့ Sub-6GHz မထောက်ပံ့တဲ့အတွက် Qualcomm ပိုသာနေတယ် ဆိုရမှာပါ။ ဒါပေမယ့်လည်း MediaTek အတွက် ပြဿနာမရှိဘူးလို့ ပြောလို့ရသေးသလို တန်ဖိုးသင့်ဖုန်းတွေအတွက် 5G Modem ထည့်သုံးဖို့ အခွင့်ရေးတခုဖန်တီးနိုင်ခဲ့ပြီလို့ အနှစ်ချုပ်လိုက်ရမှာဖြစ်ပါတယ်။

Source: The VergeGSMArena
2B (Akhayar)
www.akhayar.com