[Zawgyi]

UFC တိုက္ပြဲေတြဆီျပန္လာခဲ့ေတာ့ မက္ဂရီေဂၚ Mc Gregor

UFC တုိက္ပြဲေတြဆီျပန္လာခဲ့ေတာ့ မက္ဂရီေဂၚ Mc Gregor၊ ၂၀၁၆ ခုႏွစ္၊ ႏုိ၀င္ဘာလက အက္ဒီအယ္လ္ဗာရက္ဇ္ Eddie Alvarez ကို အႏုိင္ယူၿပီး လုိက္၀ိတ္ခ်န္ပီယံခါးပတ္ကို ဆြတ္ခူးႏုိင္ခဲ့ၿပီးေနာက္ မက္ဂရီေဂၚဟာ UFC ကိုေက်ာခုိင္းထားတယ္။ ဒီၾကားထဲမွာ ၿပိဳင္ပြဲစည္းမ်ဥ္းခ်င္းမတူညီတဲ့ လက္ေ၀ွ႔အမ်ဳိးအစားမွာသာ မက္ဂရီေဂၚရဲ႕ ႀကိဳးု၀ုိင္းထဲက လႈပ္ရွားမႈေတြကို ျမင္ခဲ့ရတယ္။ ေမ၀ယ္သာနဲ႔ ထိုးခဲ့တာျဖစ္ၿပီး ေငြေၾကးအရေရာ၊ လက္စြမ္းအရပါ မက္ဂရီေဂၚအတြက္ အက်ဳိးမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ Octagon ထဲ သူၿပိဳင္ပြဲျပန္လည္ယွဥ္ၿပိဳင္ေတာ့မယ့္အေၾကာင္း မက္ဂရီေဂၚေၾကညာခဲ့ပါတယ္။ သူ႕ရဲ႕ Instagram ကေန ဒီအေၾကာင္းကုိ မက္ဂရီေဂၚအတည္ျပဳခဲ့တာပါပဲ။ “ ကၽြန္ေတာ္ၿပိဳင္ပြဲ ျပန္၀င္ေတာ့မယ္။ UFC 222 ပြဲစဥ္မွာ ဖရန္႕ကီအက္ဂါ Frankie Edger နဲ႔ယွဥ္ၿပိဳင္ရမွာပါပဲ” လို႔ မက္ဂရီေဂၚက ေရးသားခဲ့ပါတယ္။

မက္ဂရီေဂၚဟာ လာမယ့္မတ္လ (၃)ရက္မွာ ဖရန္႔ကီအက္ဂါနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ အေစာပိုင္းမွာဖရန္႔ကီအက္ဂါနဲ႔ ယွဥ္ၿပိဳင္ဖို႔စီစဥ္ထားသူ မက္ဇ္ေဟာ္လိုေ၀း Max Holloway ႏုတ္ထြက္ခဲ့လို႔ မက္ဂရီေဂၚကို UFC ကအစားထိုးယွဥ္ၿပိဳင္ခုိင္းခဲ့တာပါပဲ။ UFC ဥကၠ႒ဒန္နာ၀ိႈက္ Dana White က အစားထိုးယွဥ္ၿပိဳင္ခုိင္းခဲ့လို႔ မက္ဂရီေဂၚအံ့အားသင့္ေနမွာ မဟုတ္ဘူးလို႔ိဆိုခဲ့ပါတယ္။ ဒန္နာ၀ိႈက္က “ သူအံ့အားသင့္ေနမွာ မဟုတ္ပါဘူး။ အေျခအေနကို သူနားလည္ပါတယ္။ သူအေနနဲ႔ ပုိက္ဆံေတြလည္း အမ်ားႀကီးရွာခဲ့ၿပီးၿပီ။ အနားလည္းယူခဲ့ၿပီးၿပီ။ ဒါေပမဲ့ ၿပိဳင္ပြဲကဆက္လက္ရွိေနရဦးမယ္၊ စီးပြားေရးသေဘာက ဆက္ရွိေနဦးမယ္” လို႔ ဆိုခဲ့ပါတယ္။ UFC ရဲ႕ဂုဏ္သိကၡာ၊ ေက်ာ္ၾကားမႈအတြက္ မက္ဂရီေဂၚကို UFC ဥကၠ႒က ျပန္လည္ေတာင္းဆိုခဲ့တဲ့သေဘာပါပဲ။ ဒါေပမဲ့တျခားတဖက္မွာၿပိဳင္ပြဲမယွဥ္ၿပိဳင္ရင္ ခ်န္ပီယံခါးပတ္႐ုပ္သိမ္းခံရမယ္ဆုိတဲ့ ေကာလာဟလေတြလည္း ရွိေနပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ပါ။ မက္ဂရီေဂၚျပန္လာမယ့္သတင္းဟာ သူ႕ပရိသတ္ေတြအတြက္ ၀မ္းသာစရာျဖစ္ပါတယ္။ ေသခ်ာတာက မက္ဂရီေဂၚဟာ ေငြေၾကးအတြက္ျပန္လာတာမဟုတ္ပါဘူး။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

UFC တိုက်ပွဲတွေဆီပြန်လာခဲ့တော့ မက်ဂရီဂေါ် Mc Gregor

UFC တိုက်ပွဲတွေဆီပြန်လာခဲ့တော့ မက်ဂရီဂေါ် Mc Gregor၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလက အက်ဒီအယ်လ်ဗာရက်ဇ် Eddie Alvarez ကို အနိုင်ယူပြီး လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မက်ဂရီဂေါ်ဟာ UFC ကိုကျောခိုင်းထားတယ်။ ဒီကြားထဲမှာ ပြိုင်ပွဲစည်းမျဉ်းချင်းမတူညီတဲ့ လက်ဝှေ့အမျိုးအစားမှာသာ မက်ဂရီဂေါ်ရဲ့ ကြိုးုဝိုင်းထဲက လှုပ်ရှားမှုတွေကို မြင်ခဲ့ရတယ်။ မေဝယ်သာနဲ့ ထိုးခဲ့တာဖြစ်ပြီး ငွေကြေးအရရော၊ လက်စွမ်းအရပါ မက်ဂရီဂေါ်အတွက် အကျိုးမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ Octagon ထဲ သူပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်တော့မယ့်အကြောင်း မက်ဂရီဂေါ်ကြေညာခဲ့ပါတယ်။ သူ့ရဲ့ Instagram ကနေ ဒီအကြောင်းကို မက်ဂရီဂေါ်အတည်ပြုခဲ့တာပါပဲ။ “ ကျွန်တော်ပြိုင်ပွဲ ပြန်ဝင်တော့မယ်။ UFC 222 ပွဲစဉ်မှာ ဖရန့်ကီအက်ဂါ Frankie Edger နဲ့ယှဉ်ပြိုင်ရမှာပါပဲ” လို့ မက်ဂရီဂေါ်က ရေးသားခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာ လာမယ့်မတ်လ (၃)ရက်မှာ ဖရန့်ကီအက်ဂါနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အစောပိုင်းမှာဖရန့်ကီအက်ဂါနဲ့ ယှဉ်ပြိုင်ဖို့စီစဉ်ထားသူ မက်ဇ်ဟော်လိုဝေး Max Holloway နုတ်ထွက်ခဲ့လို့ မက်ဂရီဂေါ်ကို UFC ကအစားထိုးယှဉ်ပြိုင်ခိုင်းခဲ့တာပါပဲ။ UFC ဥက္ကဋ္ဌဒန်နာဝှိုက် Dana White က အစားထိုးယှဉ်ပြိုင်ခိုင်းခဲ့လို့ မက်ဂရီဂေါ်အံ့အားသင့်နေမှာ မဟုတ်ဘူးလို့ိဆိုခဲ့ပါတယ်။ ဒန်နာဝှိုက်က “ သူအံ့အားသင့်နေမှာ မဟုတ်ပါဘူး။ အခြေအနေကို သူနားလည်ပါတယ်။ သူအနေနဲ့ ပိုက်ဆံတွေလည်း အများကြီးရှာခဲ့ပြီးပြီ။ အနားလည်းယူခဲ့ပြီးပြီ။ ဒါပေမဲ့ ပြိုင်ပွဲကဆက်လက်ရှိနေရဦးမယ်၊ စီးပွားရေးသဘောက ဆက်ရှိနေဦးမယ်” လို့ ဆိုခဲ့ပါတယ်။ UFC ရဲ့ဂုဏ်သိက္ခာ၊ ကျော်ကြားမှုအတွက် မက်ဂရီဂေါ်ကို UFC ဥက္ကဋ္ဌက ပြန်လည်တောင်းဆိုခဲ့တဲ့သဘောပါပဲ။ ဒါပေမဲ့တခြားတဖက်မှာပြိုင်ပွဲမယှဉ်ပြိုင်ရင် ချန်ပီယံခါးပတ်ရုပ်သိမ်းခံရမယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မက်ဂရီဂေါ်ပြန်လာမယ့်သတင်းဟာ သူ့ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်ပါတယ်။ သေချာတာက မက်ဂရီဂေါ်ဟာ ငွေကြေးအတွက်ပြန်လာတာမဟုတ်ပါဘူး။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။