[Zawgyi]

Cheese နဲ႔မမွာေပမယ့္ Cheese ဖိုးေပးရလို႔ တရားစြဲလိုက္တဲ့ McDonald’s စားသံုးသူမ်ား

ျပီးခဲ့တဲ့ အပတ္တုန္းက အေမရိကန္ုႏုိင္ငံ၊ ဖေလာ္ရီဒါ ျပည္နယ္မွာ McDonald’s ကို စားသံုးသူေတြဘက္က ေဒၚလာ ၅သန္းရလိုမႈနဲ႔ တရားစြဲခဲ့ပါတယ္။ ဒါေပမယ့္လည္း ခရိုင္တရားသူၾကီးျဖစ္တဲ့ William Dimitrouleas ကေတာ့ အေျခအျမစ္မရွိဘူးဆိုတဲ့ အေၾကာငး္ျပခ်က္နဲ႔ ဒီစြဲခ်က္ကုိ ပယ္ခ်ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ေမလတုန္းက Cynthia Kissner နဲ႔ Leonard Werner တို႔ဟာ McDonald’s ကို သြားျပီး ဘာဂါကို Cheese မပါဘဲ မွာခဲ့ေပမယ့္ပိုက္ဆံရွင္းရတဲ့အခါၾကေတာ့ Cheese ဖုိးေပးခဲ့ရလို႔ ဆိုျပီး တရားစြဲတာလည္း ျဖစ္ပါတယ္။ Kissner နဲ႔ Werner တို႔ ျငင္းခဲ့တာကေတာ့ McDonald’s ရဲ႕ Menu မွာကိုက Hamburgers နဲ႔ Cheese Burgers ေတြရဲ႕ ေစ်းႏႈန္းဟာ ကြဲျပားျပီး သူတို႔က Quarter Pounder တစ္ခုကို Cheese မပါဘဲ ေပးပါလုိ႔ မွာေပမယ့္ Cheese ပါတဲ့ ဘာဂါေတြနဲ႔ ေစ်းႏႈန္းအတူတူပဲ ေပးခဲ့ရတဲ့အတြက္ ျဖစ္ပါတယ္။

စံုစမ္းမႈေတြအရေတာ့ McDonald’s ဟာ Quarter Pounder အမ်ိဳးအစား ၄ မ်ိဳးကို ေရာငး္ခ်ခဲ့ဖူးျပီး အဲဒီထဲက ႏွစ္ခုက Cheese မပါဘဲ ေစ်းႏႈန္းကလည္း ဆင့္ ၃၀ ကေန ဆင့္ ၉၀ အထိ သက္သာတယ္လို႔ ဆုိပါတယ္။ ဒါေပမယ့္ McDonald’s ရဲ႕ ေရာင္းခ်မႈစနစ္ဟာ အဲဒီလို ၄ မ်ိဳးေရာင္းခ်တာကို ရပ္လိုက္ျပီး Cheese ပါတဲ့ ‘Quarter Pounder with Cheese’ ကုိပဲ Menu မွာ ေဖာ္ျပျပီး ေရာင္းခ်ေနခဲ့ပါတယ္။

တရားစြဲဆုိမႈေတြအရေတာ့ McDonald’s ဟာ စားသံုးသူေတြဆီကို Cheese မထည့္ထားေပမယ့္ Cheese ဖုိးဆက္လက္ေကာက္ေနတဲ့ မတရားမႈလို႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။ တရားသူၾကီးကေတာ့ ဒီျဖစ္ရပ္မွာ McDonald’s ဘက္က ရပ္တည္ခဲ့ျပီး ေယဘူယ်အရေတာ့ ဘာဂါမွာ Cheese ပါမွာပဲ ျဖစ္ပါတယ္။ ဒီလို မဟုတ္ရင္ Cheese မပါတဲ့ Burger ေတြပဲ ေရာင္းခ်ျပီး Cheese ဖိုးကို သက္သက္အပိုေကာက္ရမယ္ဆိုတာဟာ အဓိပၸာယ္မရွိဘူးလို႔ ထင္ျမင္ပါတယ္ဆိုျပီး ပယ္ခ်ခဲ့တာပါ။ ဒါေၾကာင့္ပဲ အမႈလက္ခံတဲ့စာေရးဟာ ဒီအမႈကို ပိတ္လိုက္ျပီ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : foxnews.com
[Unicode]

Cheese နဲ့မမှာပေမယ့် Cheese ဖိုးပေးရလို့ တရားစွဲလိုက်တဲ့ McDonald’s စားသုံးသူများ

ပြီးခဲ့တဲ့ အပတ်တုန်းက အမေရိကန်ုနိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ McDonald’s ကို စားသုံးသူတွေဘက်က ဒေါ်လာ ၅သန်းရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ခရိုင်တရားသူကြီးဖြစ်တဲ့ William Dimitrouleas ကတော့ အခြေအမြစ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီစွဲချက်ကို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက Cynthia Kissner နဲ့ Leonard Werner တို့ဟာ McDonald’s ကို သွားပြီး ဘာဂါကို Cheese မပါဘဲ မှာခဲ့ပေမယ့်ပိုက်ဆံရှင်းရတဲ့အခါကြတော့ Cheese ဖိုးပေးခဲ့ရလို့ ဆိုပြီး တရားစွဲတာလည်း ဖြစ်ပါတယ်။ Kissner နဲ့ Werner တို့ ငြင်းခဲ့တာကတော့ McDonald’s ရဲ့ Menu မှာကိုက Hamburgers နဲ့ Cheese Burgers တွေရဲ့ ဈေးနှုန်းဟာ ကွဲပြားပြီး သူတို့က Quarter Pounder တစ်ခုကို Cheese မပါဘဲ ပေးပါလို့ မှာပေမယ့် Cheese ပါတဲ့ ဘာဂါတွေနဲ့ ဈေးနှုန်းအတူတူပဲ ပေးခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။

စုံစမ်းမှုတွေအရတော့ McDonald’s ဟာ Quarter Pounder အမျိုးအစား ၄ မျိုးကို ရောင်းချခဲ့ဖူးပြီး အဲဒီထဲက နှစ်ခုက Cheese မပါဘဲ ဈေးနှုန်းကလည်း ဆင့် ၃၀ ကနေ ဆင့် ၉၀ အထိ သက်သာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် McDonald’s ရဲ့ ရောင်းချမှုစနစ်ဟာ အဲဒီလို ၄ မျိုးရောင်းချတာကို ရပ်လိုက်ပြီး Cheese ပါတဲ့ ‘Quarter Pounder with Cheese’ ကိုပဲ Menu မှာ ဖော်ပြပြီး ရောင်းချနေခဲ့ပါတယ်။

တရားစွဲဆိုမှုတွေအရတော့ McDonald’s ဟာ စားသုံးသူတွေဆီကို Cheese မထည့်ထားပေမယ့် Cheese ဖိုးဆက်လက်ကောက်နေတဲ့ မတရားမှုလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ တရားသူကြီးကတော့ ဒီဖြစ်ရပ်မှာ McDonald’s ဘက်က ရပ်တည်ခဲ့ပြီး ယေဘူယျအရတော့ ဘာဂါမှာ Cheese ပါမှာပဲ ဖြစ်ပါတယ်။ ဒီလို မဟုတ်ရင် Cheese မပါတဲ့ Burger တွေပဲ ရောင်းချပြီး Cheese ဖိုးကို သက်သက်အပိုကောက်ရမယ်ဆိုတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်မြင်ပါတယ်ဆိုပြီး ပယ်ချခဲ့တာပါ။ ဒါကြောင့်ပဲ အမှုလက်ခံတဲ့စာရေးဟာ ဒီအမှုကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : foxnews.com