This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ခဲ့တဲ့ ျပင္သစ္

၂၀၁၈ ကမၻာ႔ဖလားအုပ္စု (C)ဒုတိယပဲြျဖစ္တဲ့ ျပင္သစ္နဲ႔ပီ႐ူးပဲြမွာေတာ့ ျပင္သစ္အသင္းက လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပ Mbappe ရဲ႕တစ္လုံးတည္းေသာ ဂုိးနဲ႔ အႏုိင္ယူၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ခဲ့ပါၿပီ။ ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္ Deschamps ဟာ ၾသစေၾတးလ်နဲ႔ပဲြက လူစာရင္းကုိ အေျပာင္းအလဲလုပ္ခဲ့ၿပီး ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဒမ္ဘီလီ Dembele ရဲ႕ေနရာမွာ ဂ်႐ူး Giroud ကုိ ပဲြထြက္ကစားသမားအျဖစ္ အသုံးျပဳခဲ့တယ္။ ဂ်႐ူးပါလာတဲ့ ျပင္သစ္တိုက္စစ္က အရင္ပဲြကထက္ ပုိအလုပ္ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ တိုးအား၊ ႐ုန္းအားေတြေၾကာင့္ ဂရစ္ဇ္မန္း Griezmann ၊ ဘာေပ Mbappe တို႔ Space တို႔ ပုိရခဲ့တာေၾကာင့္ တိုက္စစ္ကစားပုံ ပုိသြက္ခဲ့ပါတယ္။

Cueva-Against-Pogba

Cueva-Against-Pogba

ပီ႐ူးအသင္းရဲ႕ ေျခစြမ္းကလည္း ျပင္သစ္ကုိ ဒုကၡေပးခဲ့ၿပီး ကစားသမားေတြရဲ႕ Quality က သာမန္ထက္ မပုိခဲ့လုိ႔သာ ဂုိးမရခဲ့တာပါ။ ၀ါရင့္တိုက္စစ္မွဴး ဂြါရဲ႐ုိး Guerrero ႀကိဳးစားကစားခဲ့ေပမယ့္ သူ႔ကုိ ကြင္းလယ္က ပံ့ပုိးေပးႏုိင္ျခင္းမရွိဘဲ အပုိင္အခြင့္အေရးတစ္ႀကိမ္ရခဲ့ေပမယ့္ ျပင္သစ္ဂုိးသမား လုိရစ္ Lloris ကာကြယ္ႏုိင္ခဲ့တယ္။

Mbappe-Score-For-France

Mbappe-Score-For-France

ျပင္သစ္အသင္းရဲ႕ဂုိးကုိ (၃၄)မိနစ္မွာ ဂ်႐ူးရဲ႕ကန္ခ်က္ လမ္းေၾကာင္းေျပာင္းခဲ့တာကေန အသင့္ရွိေနတဲ့ ဘာေပက ပိတ္သြင္းခဲ့တယ္။ အသက္(၁၉)ႏွစ္၊ (၆)လသာရွိေသးတဲ့ ဘာေပဟာ ျပင္သစ္အသင္းရဲ႕သမုိင္းတစ္ေလွ်ာက္ အဓိကႏုိင္ငံတကာၿပိဳင္ပဲြမွာ ဂုိးသြင္းခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ လက္က်န္မိနစ္ေတြမွာ ပီ႐ူးအသင္း ေခ်ပဂုိးရဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ျပင္သစ္အသင္းက အႏုိင္ဂုိးကုိ ထိန္းကစားသြားခဲ့တာေၾကာင့္ (၁-၀)ဂုိးနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

Guerrero-tussle-with-Varane

Guerrero-tussle-with-Varane

ျပင္သစ္အသင္းဟာ အိမ္ရွင္႐ုရွား၊ ဥ႐ုေဂြးတို႔ၿပီးရင္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္သြားတဲ့ တတိယေျမာက္အသင္းအျဖစ္လည္း မွတ္တမ္း၀င္ခဲ့တယ္။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု (C)ဒုတိယပွဲဖြစ်တဲ့ ပြင်သစ်နဲ့ပီရူးပွဲမှာတော့ ပြင်သစ်အသင်းက လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Mbappe ရဲ့တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့် Deschamps ဟာ သြစတြေးလျနဲ့ပွဲက လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒမ်ဘီလီ Dembele ရဲ့နေရာမှာ ဂျရူး Giroud ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တယ်။ ဂျရူးပါလာတဲ့ ပြင်သစ်တိုက်စစ်က အရင်ပွဲကထက် ပိုအလုပ်ဖြစ်ခဲ့ပြီး သူ့ရဲ့ တိုးအား၊ ရုန်းအားတွေကြောင့် ဂရစ်ဇ်မန်း Griezmann ၊ ဘာပေ Mbappe တို့ Space တို့ ပိုရခဲ့တာကြောင့် တိုက်စစ်ကစားပုံ ပိုသွက်ခဲ့ပါတယ်။

Cueva-Against-Pogba

Cueva-Against-Pogba

ပီရူးအသင်းရဲ့ ခြေစွမ်းကလည်း ပြင်သစ်ကို ဒုက္ခပေးခဲ့ပြီး ကစားသမားတွေရဲ့ Quality က သာမန်ထက် မပိုခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ဝါရင့်တိုက်စစ်မှူး ဂွါရဲရိုး Guerrero ကြိုးစားကစားခဲ့ပေမယ့် သူ့ကို ကွင်းလယ်က ပံ့ပိုးပေးနိုင်ခြင်းမရှိဘဲ အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် ပြင်သစ်ဂိုးသမား လိုရစ် Lloris ကာကွယ်နိုင်ခဲ့တယ်။

Mbappe-Score-For-France

Mbappe-Score-For-France

ပြင်သစ်အသင်းရဲ့ဂိုးကို (၃၄)မိနစ်မှာ ဂျရူးရဲ့ကန်ချက် လမ်းကြောင်းပြောင်းခဲ့တာကနေ အသင့်ရှိနေတဲ့ ဘာပေက ပိတ်သွင်းခဲ့တယ်။ အသက်(၁၉)နှစ်၊ (၆)လသာရှိသေးတဲ့ ဘာပေဟာ ပြင်သစ်အသင်းရဲ့သမိုင်းတစ်လျှောက် အဓိကနိုင်ငံတကာပြိုင်ပွဲမှာ ဂိုးသွင်းခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ပီရူးအသင်း ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပြင်သစ်အသင်းက အနိုင်ဂိုးကို ထိန်းကစားသွားခဲ့တာကြောင့် (၁-ဝ)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

Guerrero-tussle-with-Varane

Guerrero-tussle-with-Varane

ပြင်သစ်အသင်းဟာ အိမ်ရှင်ရုရှား၊ ဥရုဂွေးတို့ပြီးရင် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားတဲ့ တတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com