[Zawgyi]

ဘာေပ Mbappe ကိုေခၚယူဖို႔ ပစ္မွတ္ထားလာတဲ႔ ရီးယဲလ္မက္ဒရစ္

ရီးယဲလ္မက္ဒရစ္အသင္းဟာ PSG တိုက္စစ္ကစားသမား ဘာေပ Mbappe ကိုေခၚယူဖို႔ ပစ္မွတ္ထားလာခဲ႔ပါတယ္လို႔ သိရပါတယ္ ။ ရီးယဲလ္မက္ဒရစ္အသင္းဟာ ေနမာ Neymar ကိုေခၚယူဖို႔ ၾကိဳးပမ္းမႈ မေအာင္ျမင္ခဲ႔ရင္ ေနာက္ထပ္အစီအစဥ္တစ္ခု အေနနဲ႔ ဘာေပ ကိုေခၚယူဖို႔ ပစ္မွတ္ထားလာခဲ႔တာပါ။ ရီးယဲလ္မက္ဒရစ္အသင္း ဥကၠဌ ပီရက္ Perez ဟာလည္း ဘာေပ ကို မိုနာကုိအသင္းမွာ ကစားကတည္းက ေခၚယူဖို႔ မ်က္စိက်ခဲ႔တာေၾကာင္႔ လက္ရိွအေနအထားဟာ သိပ္မထူးဆန္းဘူးလို႔ ပဲေျပာရမွာပါ။

Neymar-And-Mbappe

Neymar-And-Mbappe

လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ရီးယဲလ္မက္ဒရစ္အသင္းဟာ အေျပာင္းအလဲေတြျပဳလုပ္ဖို႔ ျပင္ဆင္ေနတဲ႔ အသင္းျဖစ္ျပီး အသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ႔ ဘန္ဇီမာ Benzema ၊ ေဘးလ္ Bale တို႔ရဲ႕ လက္ရိွစြမ္းေဆာင္ရည္ေၾကာင္႔ တိုက္စစ္ကစားသမားသစ္ ေခၚယူဖို႔ ရွာေဖြေနတဲ႔ အသင္းျဖစ္ပါတယ္။

Benzema-And-Bale

Benzema-And-Bale

လက္ရိွမွာလည္း ရီးယဲလ္မက္ဒရစ္အသင္းဟာ ေနာက္ထပ္တိုက္စစ္ကစားေတြျဖစ္တဲ႔ ရပ္ရွ္ဖို႔ဒ္ Rashford ၊ ဟယ္ရီကိန္း Harry Kane ၊ ေဖမီႏို Firmino ၊ အီကာဒီ Icardi တို႔ကိုလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနဆဲျဖစ္တာေၾကာင္႔ လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို မျဖစ္မေန အေျပာင္းအလဲျပဳလုပ္မယ္႔ အေနအထားမွာရိွေနပါတယ္။ ဒါေၾကာင္႔ ရီးယဲလ္မက္ဒရစ္အသင္းအေနနဲ႔ ပစ္မွတ္ထားေနတဲ႔ ထိပ္တန္း တိုက္စစ္ကစားသမားေတြကို အရေခၚယူႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါပဲ။

Ref: Goal.com
Photo: Squawka , SportsJOE.ie
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာပေ Mbappe ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား ဘာပေ Mbappe ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်လို့ သိရပါတယ် ။ ရီးယဲလ်မက်ဒရစ်အသင်းဟာ နေမာ Neymar ကိုခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ရင် နောက်ထပ်အစီအစဉ်တစ်ခု အနေနဲ့ ဘာပေ ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက် Perez ဟာလည်း ဘာပေ ကို မိုနာကိုအသင်းမှာ ကစားကတည်းက ခေါ်ယူဖို့ မျက်စိကျခဲ့တာကြောင့် လက်ရှိအနေအထားဟာ သိပ်မထူးဆန်းဘူးလို့ ပဲပြောရမှာပါ။

Neymar-And-Mbappe

Neymar-And-Mbappe

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ အပြောင်းအလဲတွေပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အသင်းဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဘန်ဇီမာ Benzema ၊ ဘေးလ် Bale တို့ရဲ့ လက်ရှိစွမ်းဆောင်ရည်ကြောင့် တိုက်စစ်ကစားသမားသစ် ခေါ်ယူဖို့ ရှာဖွေနေတဲ့ အသင်းဖြစ်ပါတယ်။

Benzema-And-Bale

Benzema-And-Bale

လက်ရှိမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းဟာ နောက်ထပ်တိုက်စစ်ကစားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် Rashford ၊ ဟယ်ရီကိန်း Harry Kane ၊ ဖေမီနို Firmino ၊ အီကာဒီ Icardi တို့ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို မဖြစ်မနေ အပြောင်းအလဲပြုလုပ်မယ့် အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ပစ်မှတ်ထားနေတဲ့ ထိပ်တန်း တိုက်စစ်ကစားသမားတွေကို အရခေါ်ယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Goal.com
Photo: Squawka , SportsJOE.ie
Ko Kyue(Akhayar)
www.akhayar.com