This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ၿပိဳင္ပြဲႀကီး တစ္ရပ္မွာ ျပင္သစ္အသင္းရဲ႕ အသက္အငယ္ဆံုး ဂိုးသြင္းသူ ျဖစ္လာတဲ့ ဘာေပ Mbappe

ပီရူးနဲ႔ ပြဲမွာ ျပင္သစ္အသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ လူငယ္တိုက္စစ္မွဴး ဘာေပ Mbappe ဟာ ၿပိဳင္ပြဲႀကီး တစ္ရပ္မွာ ျပင္သစ္အသင္းရဲ႕ အသက္အငယ္ဆံုး ဂိုးသြင္းယူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းရဲ႕ အသက္အငယ္ဆံုး ဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ထားတဲ့ ထရာဇီေဂး Trezeguet  ရဲ႕ အသက္ (၂၀)၊ (၂၄၆)ရက္ စံခ်ိန္ကို ဘာေပ Mbappe က အသက္ (၁၉)ႏွစ္၊ (၁၈၃)ရက္နဲ႔ ခ်ိဳးဖ်က္ခဲ့တာ ျဖစ္ပါတယ္။ ပီရူးအသင္းနဲ႔ပြဲစဥ္ ပြဲကစားခ်ိန္ (၃၄)မိနစ္မွာ တိုက္စစ္မွဴး ဂ်ရူး Giroud ရဲ႕ ကန္ခ်က္ေနရရွိလာတဲ့ အခြင့္အေရးကို ဘာေပ Mbappe က အေကာင္းဆံုး အဆံုးသတ္ခဲ့တာ ျဖစ္ပါတယ္။

Mbappe-and-Griezmann-Celebrates

Mbappe-and-Griezmann-Celebrates

ျပင္သစ္အသင္းဟာ လက္ရွိအခ်ိန္မွာ (၂)ပြဲကစား ရမွတ္ (၆)မွတ္ ရယူႏိုင္ခဲ့ၿပီျဖစ္လို႔ ဒိန္းမတ္အသင္းနဲ႔ အုပ္စု ေနာက္ဆံုးပြဲစဥ္မတိုင္ခင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ျပင္သစ္အသင္းနဲ႔ ဒိန္းမတ္အသင္းတို႔ရဲ႕ အုပ္စုေနာက္ဆံုး ပြဲစဥ္ကို လာမယ့္ ဇြန္လ (၂၆)ရက္ေန႔မွာ ယွဥ္ၿပိဳင္ ကစားသြားမွာျဖစ္ပါတယ္။

REF:The Sun
Photo:FourFourTwo
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြိုင်ပွဲကြီး တစ်ရပ်မှာ ပြင်သစ်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ ဘာပေ Mbappe

ပီရူးနဲ့ ပွဲမှာ ပြင်သစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဘာပေ Mbappe ဟာ ပြိုင်ပွဲကြီး တစ်ရပ်မှာ ပြင်သစ်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းယူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ထားတဲ့ ထရာဇီဂေး Trezeguet  ရဲ့ အသက် (၂၀)၊ (၂၄၆)ရက် စံချိန်ကို ဘာပေ Mbappe က အသက် (၁၉)နှစ်၊ (၁၈၃)ရက်နဲ့ ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ ပီရူးအသင်းနဲ့ပွဲစဉ် ပွဲကစားချိန် (၃၄)မိနစ်မှာ တိုက်စစ်မှူး ဂျရူး Giroud ရဲ့ ကန်ချက်နေရရှိလာတဲ့ အခွင့်အရေးကို ဘာပေ Mbappe က အကောင်းဆုံး အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

Mbappe-and-Griezmann-Celebrates

Mbappe-and-Griezmann-Celebrates

ပြင်သစ်အသင်းဟာ လက်ရှိအချိန်မှာ (၂)ပွဲကစား ရမှတ် (၆)မှတ် ရယူနိုင်ခဲ့ပြီဖြစ်လို့ ဒိန်းမတ်အသင်းနဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မတိုင်ခင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်ကို လာမယ့် ဇွန်လ (၂၆)ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။

REF:The Sun
Photo:FourFourTwo
Aung Kyaw Wai (Akhayar)
www.akhayar.com