[Zawgyi]



May Toe Khaing



www.akhayar.com

[Unicode]

သင်္ကြန်မှာ ရေပက်ခံထွက်ဖြစ်မယ်ဆိုတဲ့ မေတိုးခိုင်

သရုပ်ဆောင်မေတိုးခိုင်ကတော့ ဒီနှစ်သင်္ကြန်မှာ မိခင်ဖြစ်သူရဲ့ သူငယ်ချင်းတွေနဲ့အတူ ကားနဲ့ရေပက်ခံထွက်မယ်လို့ ဆိုပါတယ်။ “သင်္ကြန်ရောက်တိုင်း နှစ်တိုင်းမိသားစုနဲ့ ခရီးထွက်ဖြစ်တယ်။ သင်္ကြန်ဆိုရင် အိမ်ထဲမှာပဲနေဖြစ်တယ်။ ဒီနှစ်ကတော့ မေမေ့သူငယ်ချင်းတွေနဲ့စုပြီး ကားနဲ့လည်ပြီး ရေပက်ခံထွက်ဖို့ရှိပါတယ်။ သင်္ကြန်အမှတ်တရကတော့ သင်္ကြန်မှာ မိသားစုအမြဲအတူရှိဖြစ်တယ်။ မိသားစုအတူ မုန့်တွေလုပ်စားတယ်။ အိမ်ရှေ့မှာ ရေပုံးတွေချပြီးတော့ ရေပက်တာကတော့ အမှတ်တရတွေပါပဲ။

May Toe Khaing

သင်္ကြန်မှာလျှောက်လည်ရတာ၊ မဏ္ဍပ်ထိုင်ရတာနဲ့ ကားနဲ့လည်ရတာ ဘယ်ဟာသဘောကျလဲဆိုရင်တော့ “သင်္ကြန်ကို အိမ်ထဲမှာနေရတာ ပိုကြိုက်တယ်။ ကားနဲ့လည်ရတာလည်း ကြိုက်တော့ကြိုက်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာ သင်္ကြန်မှာကဲနိုင်ကြပါစေ”လို့ ဆုတောင်းပေးခဲ့ပါတယ်။

Photo Credit:May Toe Khaing Facebook

www.akhayar.com