[Zawgyi]

အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ဘာသံမွမၾကားရတဲ့ ေမတိုးခိုင္

အေဒၚျဖစ္သူ “အိျႏၵာေက်ာ္ဇင္”ရဲ႕တူမ “ေမတိုးခိုင္” ဆိုၿပီး ပရိသတ္သိလာခဲ့ရာကေန သူကိုယ္တိုင္ကလည္း အႏုပညာပိုးပါ၀င္ေနၿပီး အခုဆိုရင္ အေဒၚျဖစ္သူနဲ႔အတူတူ ဇာတ္ကားေတြရိုက္ကူးေနၿပီလို႔ သိရပါတယ္။ သရုပ္ေဆာင္တာနဲ႔ပတ္သက္ရင္ အရင္က ရုပ္ရွင္ကားေတြၾကည့္ၿပီး ေလ့လာျဖစ္ေပမယ့္လို႔ အခုခ်ိန္မွာေတာ့ ရုပ္ရွင္ထက္ ျပင္ပကလူေတြရဲ႕အျပဳအမူ လႈပ္ရွားမႈေတြကို ပိုေလ့လာျဖစ္တယ္လို႔ ဆိုပါတယ္။ မိခင္ျဖစ္သူ ဒီဇိုင္နာျဖစ္ေပမယ့္လို႔ ကိုယ္တိုင္က ဒီဇိုင္နာလုပ္ရတာထက္ သရုပ္ေဆာင္လုပ္ရတာကိုပဲ ပိုၿပီး၀ါသနာပါပါတယ္တဲ့။ ေမတိုးခိုင္ဟာ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ဘာသံမွမၾကားရတာေၾကာင့္ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေမးျမန္းျဖစ္ခဲ့တာကေတာ့….

“အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ဘာမွမၾကားရတာ Single ျဖစ္ေနလို႔ပါ။ အခုခ်ိန္ထိလည္း Single ပါပဲ။ တစ္ခါမွလည္း အခ်စ္အေၾကာင္းကို မစဥ္းစားခဲ့ဘူးပါဘူး။ ခ်စ္သူထားမယ္ဆိုရင္ေတာ့ အဓိကက နားလည္မႈအမ်ားႀကီးေပးႏိုင္မယ့္ ကိုယ္နဲ႔အတူတူ အၿမဲေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနႏိုင္မယ့္သူမ်ိဳးကို ထားမွာပါ” လို႔ ဆိုပါတယ္။ အခ်စ္ေရးကို အာရံုစိုက္မိရင္ အႏုပညာအလုပ္ေတြကို စိတ္အာရံုစူးစိုက္မႈ ေလ်ာ့သြားမွာကိုလည္း စိုးရိမ္ေနတယ္လို႔လည္း ထပ္မံေျပာျပခဲ့ပါတယ္။

“ကိုယ္ကလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့သူမ်ိဳးဆိုေတာ့ အခုခ်ိန္မွာ ကိုယ့္ကို Propose လာလုပ္တဲ့သူလည္း မရိွေသးပါဘူး။ အခ်စ္ေရးမစဥ္းစားျဖစ္တာက အခုလက္ရိွမွာ အႏုပညာအလုပ္ေတြ လုပ္ဖို႔အတြက္ကိုပဲ Focus လုပ္ထားလို႔ပါ။ အခ်စ္ေရးဘက္ကို အာရုံမထားတာပါ။ ညီမကိုယ္တိုင္ကလည္း အဲဒီအခ်စ္ေရးဘက္ကို အာရုံစိုက္ေနရင္ ဒီဘက္က အႏုပညာအလုပ္ေတြေပၚမွာ လစ္ဟင္းၿပီး စိတ္အာရုံစူးစိုက္မႈ ေလ်ာ့သြားမွာစိုးလို႔ပါ”ဆိုၿပီး ဖြင့္ဟခဲ့ပါတယ္။

www.akhayar.com

[Unicode]

အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသံမှမကြားရတဲ့ မေတိုးခိုင်

အဒေါ်ဖြစ်သူ “အိန္ဒြာကျော်ဇင်”ရဲ့တူမ “မေတိုးခိုင်” ဆိုပြီး ပရိသတ်သိလာခဲ့ရာကနေ သူကိုယ်တိုင်ကလည်း အနုပညာပိုးပါဝင်နေပြီး အခုဆိုရင် အဒေါ်ဖြစ်သူနဲ့အတူတူ ဇာတ်ကားတွေရိုက်ကူးနေပြီလို့ သိရပါတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် အရင်က ရုပ်ရှင်ကားတွေကြည့်ပြီး လေ့လာဖြစ်ပေမယ့်လို့ အခုချိန်မှာတော့ ရုပ်ရှင်ထက် ပြင်ပကလူတွေရဲ့အပြုအမူ လှုပ်ရှားမှုတွေကို ပိုလေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ ဒီဇိုင်နာဖြစ်ပေမယ့်လို့ ကိုယ်တိုင်က ဒီဇိုင်နာလုပ်ရတာထက် သရုပ်ဆောင်လုပ်ရတာကိုပဲ ပိုပြီးဝါသနာပါပါတယ်တဲ့။ မေတိုးခိုင်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာသံမှမကြားရတာကြောင့် အချစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့….

“အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှမကြားရတာ Single ဖြစ်နေလို့ပါ။ အခုချိန်ထိလည်း Single ပါပဲ။ တစ်ခါမှလည်း အချစ်အကြောင်းကို မစဉ်းစားခဲ့ဘူးပါဘူး။ ချစ်သူထားမယ်ဆိုရင်တော့ အဓိကက နားလည်မှုအများကြီးပေးနိုင်မယ့် ကိုယ်နဲ့အတူတူ အမြဲပျော်ပျော်ရွှင်ရွှင်နေနိုင်မယ့်သူမျိုးကို ထားမှာပါ” လို့ ဆိုပါတယ်။ အချစ်ရေးကို အာရုံစိုက်မိရင် အနုပညာအလုပ်တွေကို စိတ်အာရုံစူးစိုက်မှု လျော့သွားမှာကိုလည်း စိုးရိမ်နေတယ်လို့လည်း ထပ်မံပြောပြခဲ့ပါတယ်။

“ကိုယ်ကလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမျိုးဆိုတော့ အခုချိန်မှာ ကိုယ့်ကို Propose လာလုပ်တဲ့သူလည်း မရှိသေးပါဘူး။ အချစ်ရေးမစဉ်းစားဖြစ်တာက အခုလက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ဖို့အတွက်ကိုပဲ Focus လုပ်ထားလို့ပါ။ အချစ်ရေးဘက်ကို အာရုံမထားတာပါ။ ညီမကိုယ်တိုင်ကလည်း အဲဒီအချစ်ရေးဘက်ကို အာရုံစိုက်နေရင် ဒီဘက်က အနုပညာအလုပ်တွေပေါ်မှာ လစ်ဟင်းပြီး စိတ်အာရုံစူးစိုက်မှု လျော့သွားမှာစိုးလို့ပါ”ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။

www.akhayar.com