[Zawgyi]

မတ္လထဲမွာက်င္းပမယ့္ မဂၤလာပြဲရက္ကိုလည္းလ်ိဳ႕ဝွက္ထားတဲ့ ေမျဖဴျဖဴ

အဆိုေတာ္၊ ေမာ္ဒယ္တစ္ဦးျဖစ္သူေမျဖဴျဖဴက ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၿပီး မတ္လထဲမွာက်င္းပမယ့္ မဂၤလာပြဲရက္ကိုလည္း လ်ိဳ႕ဝွက္ထားခ်င္ေသးတယ္လု႔ိဆိုပါတယ္။ မဂၤလာပြဲကိုလည္း သူမရဲ႕စိတ္ကူးထဲကအတိုင္း ဖန္တီးထားတယ္လို႔လည္း ေမျဖဴျဖဴကဆိုပါေသးတယ္။

“ေမျဖဴခ်စ္သူက ဗိုလ္ႀကီးရဲထြန္းဝင္းပါ။ ၉ ရက္ေန႔က ေမျဖဴတို႔လက္မွတ္ထိုးၿပီးပါၿပီ၊ ၁၀ရက္ေန႔ကေတာ့ မဂၤလာဦးဆြမ္းေကၽြးေပ့ါ။ မဂၤလာပြဲကေတာ့ ေနာက္လထဲမွာပါ။ ဘယ္ေန႔လဲဆိုတာကေတာ့ ဆက္ၿပီးလွ်ိဳ႕ဝွက္ထားဦးမယ္။ ေမျဖဴက ကိုယ့္မဂၤလာေဆာင္ကို ကိုယ့္စိတ္ႀကိဳက္ စိတ္ကူးယဥ္ထားတဲ့အတိုင္း ဖန္တီးထားတယ္။ အႀကီးအက်ယ္ႀကီးမဟုတ္ေပမယ့္ ေမျဖဴေက်နပ္တယ္။ ေမျဖဴတို႔ႏွစ္ေယာက္စိတ္တိုင္းက်ေပါ့။ ပန္းဆိုလည္း မာမီလင္းနဲ႔တိုင္ပင္ၿပီး ႐ိုမန္႔တစ္ဆန္ဆန္ေလးႀကိဳက္ေတာ့ အဲလိုမ်ဳိးေလးျပင္ဆင္ထားပါတယ္။ စုလ်ားရစ္ပတ္လည္း လုပ္မယ္ေပါ့။ ျမန္မာဆန္ဆန္ေလးလည္း ျဖစ္ခ်င္တယ္။ ႏွစ္ေယာက္စိတ္ႀကိဳက္ေလး ဖန္တီးထားတာပါ။ မဂၤလာပြဲမွာေရာက္ရင္ေတာ့ ဘယ္လိုျဖစ္မလဲမသိဘူး။ လက္မွတ္ထုိးပြဲမွာေတာင္ ငါတစ္ေယာက္တည္းမဟုတ္ေတာ့ဘူးဆုိၿပီး ေမျဖဴရင္ေတြတအားခုန္ခဲ႔တာ ေမျဖဴတို႔တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းကိုနားလည္မႈရွိတယ္။ သူက ေမျဖဴကိုအလိုလည္းလိုက္ပါတယ္” လို႔ ေမျဖဴျဖဴက သူမရဲ႕မဂၤလာကပြဲအေၾကာင္းကိုေျပာပါတယ္။

သူမတို႔ရဲ႕ မဂၤလာဦးဆြမ္းေကၽြးအလွဴကိုလည္း ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕မွာရွိတဲ့ အုန္းေတာပရိတၳိစာသင္တုိက္မွာ ျပဳလုပ္ခဲ့ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မတ်လထဲမှာကျင်းပမယ့် မင်္ဂလာပွဲရက်ကိုလည်းလျို့ဝှက်ထားတဲ့ မေဖြူဖြူ

အဆိုတော်၊ မော်ဒယ်တစ်ဦးဖြစ်သူမေဖြူဖြူက ဖေဖော်ဝါရီလ ၉ ရက်နေ့က မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ပြီး မတ်လထဲမှာကျင်းပမယ့် မင်္ဂလာပွဲရက်ကိုလည်း လျို့ဝှက်ထားချင်သေးတယ်လု့ိဆိုပါတယ်။ မင်္ဂလာပွဲကိုလည်း သူမရဲ့စိတ်ကူးထဲကအတိုင်း ဖန်တီးထားတယ်လို့လည်း မေဖြူဖြူကဆိုပါသေးတယ်။

“မေဖြူချစ်သူက ဗိုလ်ကြီးရဲထွန်းဝင်းပါ။ ၉ ရက်နေ့က မေဖြူတို့လက်မှတ်ထိုးပြီးပါပြီ၊ ၁၀ရက်နေ့ကတော့ မင်္ဂလာဦးဆွမ်းကျွေးပေ့ါ။ မင်္ဂလာပွဲကတော့ နောက်လထဲမှာပါ။ ဘယ်နေ့လဲဆိုတာကတော့ ဆက်ပြီးလျှို့ဝှက်ထားဦးမယ်။ မေဖြူက ကိုယ့်မင်္ဂလာဆောင်ကို ကိုယ့်စိတ်ကြိုက် စိတ်ကူးယဉ်ထားတဲ့အတိုင်း ဖန်တီးထားတယ်။ အကြီးအကျယ်ကြီးမဟုတ်ပေမယ့် မေဖြူကျေနပ်တယ်။ မေဖြူတို့နှစ်ယောက်စိတ်တိုင်းကျပေါ့။ ပန်းဆိုလည်း မာမီလင်းနဲ့တိုင်ပင်ပြီး ရိုမန့်တစ်ဆန်ဆန်လေးကြိုက်တော့ အဲလိုမျိုးလေးပြင်ဆင်ထားပါတယ်။ စုလျားရစ်ပတ်လည်း လုပ်မယ်ပေါ့။ မြန်မာဆန်ဆန်လေးလည်း ဖြစ်ချင်တယ်။ နှစ်ယောက်စိတ်ကြိုက်လေး ဖန်တီးထားတာပါ။ မင်္ဂလာပွဲမှာရောက်ရင်တော့ ဘယ်လိုဖြစ်မလဲမသိဘူး။ လက်မှတ်ထိုးပွဲမှာတောင် ငါတစ်ယောက်တည်းမဟုတ်တော့ဘူးဆိုပြီး မေဖြူရင်တွေတအားခုန်ခဲ့တာ မေဖြူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုနားလည်မှုရှိတယ်။ သူက မေဖြူကိုအလိုလည်းလိုက်ပါတယ်” လို့ မေဖြူဖြူက သူမရဲ့မင်္ဂလာကပွဲအကြောင်းကိုပြောပါတယ်။

သူမတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကိုလည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့မှာရှိတဲ့ အုန်းတောပရိတ္ထိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။