[Zawgyi]

သႀကၤန္းတြင္းမွာ မိတ္ကပ္ဘယ္လိုလိမ္းရမယ္ဆိုတာကို ေျပာျပခဲ့တဲ့ ေမဦး

သႀကၤန္တြင္းမိတ္ကပ္ ျပင္ဆင္မႈနဲ႕ပတ္သတ္လို႕ မိတ္ကပ္ေမဦး က အခုလိုေျပာျပခဲ့ပါတယ္။

“မိတ္ကပ္က သႀကၤန္တြင္းဆိုတာကေထြေထြထူးထူးလုပ္လို႕မရဘူး အဓိက နံပါတ္၁ အေနနဲ႕ ဦးစားေပးရမွာကေတာ့ အသားအရည္ပဲ ေနပူထဲသြားတဲ့ အခါမွာ အသားအရည္ ပ်က္စီးမွာ စိုးတဲ့ အတြက္ Sunblock လိမ္းၿပီးေတာ့ ေနေလာင္ဒါဏ္ကို ကာကြယ္ရမယ္ ။ ေနာက္သႀကၤန္မိတ္ကပ္မွာ က ေထြေထြထူးထူး ဘာမွမရွိဘူး လိမ္းရတဲ့ အဆင့္ကလည္းအရမ္းနည္းပါတယ္။

မိတ္ကပ္ေမဦး

မိတ္ကပ္ေမဦး

ပထမဆံုးအေနနဲ႕ ေန႕စဥ္သံုးေနၾက Skincare ကို လိမ္းရမယ္ ၿပီးရင္ Sunblock ေကာင္းေကာင္း ကိုယ့္အသားအရည္ ကို ေနေလာင္ဒါဏ္ ကေန ၁၀၀ ရာခိုင္ႏႈန္း ကာကြယ္နိုင္မယ့္ ဟာ မ်ိဳး ၁၀၀ရာခိုင္ႏႈန္း မဟုတ္ရင္ေတာင္မွ ၇၅ ရာခိုင္ႏႈန္းေလာက္ကို ကာကြယ္နိုင္မယ့္ ဟာမ်ိဳးကို လိမ္းရမယ္။ ၿပီးရင္ေတာ့ Waterproof မိတ္ကပ္ကိုလိမ္းၿပီးရင္ ႏႈတ္ခမ္းနီအေရာင္ေတာက္ေတာက္ေလးကို ဆိုးလိုက္ရင္ ရပါၿပီ။

မိတ္ကပ္ေမဦး

မိတ္ကပ္ေမဦး

အဲ့ဒါထက္ပိုၿပီး ျပင္ခ်င္ေသးတယ္ဆိုရင္ေတာ့ မ်က္ေတာင္နဲ႕ မ်က္ခံုးကို လုပ္လို႕ရပါတယ္။ က်န္တဲ့ ဟာေတြေတာ့ေထြေထြထူးထူးလုပ္စရာမလိုပါဘူး ။ ေရစိုရင္လည္း ပ်က္အုန္းမွာစိုေတာ့ေလ။ Waterproof ေတာင္ေရစိုရင္ ပ်က္ေသးတာပဲ။ႏႈတ္ခမ္းနီရယ္ အသားအရည္ေလးရယ္ အဆင္ေျပေနရင္ ရပါၿပီ။

ဆံပင္အေနနဲ႕ ကေတာ့ စည္းထားတာပဲ ျဖစ္ျဖစ္ က်စ္ဆံမီး က်စ္ထားတာပဲ ျဖစ္ျဖစ္လုပ္ရင္ေကာင္းပါတယ္။ ဖားလ်ားခ်ထားရင္က်ေတာ့ ေရစိုၿပီးဆံပင္လည္း ပ်က္စီးလြယ္ပါတယ္။ စည္းထားရင္က်ေတာ့ ခ်ထားတာထက္ပိုၿပီး ပ်က္စီးဖို႕ မလြယ္ပါဘူး။ အဓိကကေတာ့ ဖက္ရွင္ဆိုတာထက္ကိုေရစိုၿပီးေတာ့ ပ်က္စီးမွာကို အဲ့လိုမပ်က္စီးဖို႕ ကို ပိုၿပီးေတာ့ ဂရုစိုက္သင့္ပါတယ္”။

Photo Credit:May Oo Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

သင်္ကြန်းတွင်းမှာ မိတ်ကပ်ဘယ်လိုလိမ်းရမယ်ဆိုတာကို ပြောပြခဲ့တဲ့ မေဦး

သင်္ကြန်တွင်းမိတ်ကပ် ပြင်ဆင်မှုနဲ့ပတ်သတ်လို့ မိတ်ကပ်မေဦး က အခုလိုပြောပြခဲ့ပါတယ်။

“မိတ်ကပ်က သင်္ကြန်တွင်းဆိုတာကထွေထွေထူးထူးလုပ်လို့မရဘူး အဓိက နံပါတ်၁ အနေနဲ့ ဦးစားပေးရမှာကတော့ အသားအရည်ပဲ နေပူထဲသွားတဲ့ အခါမှာ အသားအရည် ပျက်စီးမှာ စိုးတဲ့ အတွက် Sunblock လိမ်းပြီးတော့ နေလောင်ဒါဏ်ကို ကာကွယ်ရမယ် ။ နောက်သင်္ကြန်မိတ်ကပ်မှာ က ထွေထွေထူးထူး ဘာမှမရှိဘူး လိမ်းရတဲ့ အဆင့်ကလည်းအရမ်းနည်းပါတယ်။

မိတ်ကပ်မေဦး

မိတ်ကပ်မေဦး

ပထမဆုံးအနေနဲ့ နေ့စဉ်သုံးနေကြ Skincare ကို လိမ်းရမယ် ပြီးရင် Sunblock ကောင်းကောင်း ကိုယ့်အသားအရည် ကို နေလောင်ဒါဏ် ကနေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်မယ့် ဟာ မျိုး ၁၀၀ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ ၇၅ ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်မယ့် ဟာမျိုးကို လိမ်းရမယ်။ ပြီးရင်တော့ Waterproof မိတ်ကပ်ကိုလိမ်းပြီးရင် နှုတ်ခမ်းနီအရောင်တောက်တောက်လေးကို ဆိုးလိုက်ရင် ရပါပြီ။

မိတ်ကပ်မေဦး

မိတ်ကပ်မေဦး

အဲ့ဒါထက်ပိုပြီး ပြင်ချင်သေးတယ်ဆိုရင်တော့ မျက်တောင်နဲ့ မျက်ခုံးကို လုပ်လို့ရပါတယ်။ ကျန်တဲ့ ဟာတွေတော့ထွေထွေထူးထူးလုပ်စရာမလိုပါဘူး ။ ရေစိုရင်လည်း ပျက်အုန်းမှာစိုတော့လေ။ Waterproof တောင်ရေစိုရင် ပျက်သေးတာပဲ။နှုတ်ခမ်းနီရယ် အသားအရည်လေးရယ် အဆင်ပြေနေရင် ရပါပြီ။

ဆံပင်အနေနဲ့ ကတော့ စည်းထားတာပဲ ဖြစ်ဖြစ် ကျစ်ဆံမီး ကျစ်ထားတာပဲ ဖြစ်ဖြစ်လုပ်ရင်ကောင်းပါတယ်။ ဖားလျားချထားရင်ကျတော့ ရေစိုပြီးဆံပင်လည်း ပျက်စီးလွယ်ပါတယ်။ စည်းထားရင်ကျတော့ ချထားတာထက်ပိုပြီး ပျက်စီးဖို့ မလွယ်ပါဘူး။ အဓိကကတော့ ဖက်ရှင်ဆိုတာထက်ကိုရေစိုပြီးတော့ ပျက်စီးမှာကို အဲ့လိုမပျက်စီးဖို့ ကို ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်”။

Photo Credit:May Oo Facebook

ကြည်သာ (Akhayar)

www.akhayar.com