[Zawgyi]





www.akhayar.com

[Unicode]

“ဒီစာလေးက သူ့အတွက်ပါ I Love You” လို့ ဆိုလာတဲ့ မေမြင့်မိုရ်

မကြာခင်ပြသတော့မယ် ‘မိုးပန်းပွင့်ရဲ့ သင်္ကေတ’ နဲ့ ‘မှော်ကျောက်စာ’ လို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်လေးဟာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်နေသလို အလှဓာတ်ပုံလေးတွေလည်း ပရိသတ်တွေအတွက် ဆက်တိုက်တင်ပေးနေပါတယ်။

ဒီတစ်ခါတော့ တစ်ယောက်ယောက်ကို ရည်ရွယ်သလိုနဲ့ “သူ ဒီစာကိုဖတ်နေတယ်ဆိုတာသိပါတယ်
တစ်ချို့ကသူတို့အတွက်လို့ ထင်ကြလိမ့်မယ်
ဒါပေမယ့် မဟုတ်ပါဘူး ဒီစာလေးက သူ့အတွက်ပါ
‘I Love You’” ဆိုတဲ့ စာသားလေးနဲ့ ဒီပုံလေးတွေ တင်ထားခဲ့ပါတယ်။

အဖြူရောင်ဂါဝန်ရှည်လေးနဲ့ လှပနေတဲ့ မေမြင့်မိုရ် ရည်စူးတာက ဘယ်တစ်ယောက်လဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါပြီနော်။

www.akhayar.com

Photo Credit : May Myint Mo