[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အနီရောင်ဝမ်းဆက်နဲ့ “တိုင်စာ” အတွက်ကန်တော့ပွဲတက်ခဲ့တဲ့ မေမြင့်မိုရ်

“တိုင်စာ”ရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးတဲ့ အခမ်းအနားကို မေမြင့်မိုရ် က အနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ပြီးတော့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုလိုတက်ရောက်ခဲ့တဲ့ ပုံလေးတွေနဲ့ အတူစာလေးတစ်ကြောင်းကိုလည်း ရေးသားထားတာတွေ့ရပါတယ်။

“တိုင်စာ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး” ဆိုပြီးတော့လည်း သူမရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မေမြင့်မိုရ်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေကိုသာ ရိုက်ကူးခဲ့ပေမယ့်လည်း အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးကိုပါ ရိုက်တော့မှာလည်း ဖြစ်ပါတယ်။ သူမအတွက် စိန်ခေါ်မှုအသစ်တွေကို ရရှိနိုင်မယ့်အတွက် ရဲရဲဝင့်ဝင့်ရှိအောင်လို့ အနီလေးကိုဝတ်ဆင်ခဲ့တာဖြစ်တယ်လို့လည်း ထင်ရပါတယ်။

မေမြင့်မိုရ်ဟာ သရုပ်ဆောင်ကောင်းတဲ့ အတွက် သူမပါဝင်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတိုင်းဟာ အောင်မြင်မှုတွေရရှိခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ အရိပ်ဇာတ်လမ်းတွဲ ထဲမှာလည်း သရုပ်ဆောင်ကောင်းလို့ပရိသတ်ရဲ့အသိအမှတ်ပြု အားပေးခြင်းကိုလည်း ရရှိခဲ့သလို သူမပါဝင်ထားတဲ့ တခြားသော ဇာတ်လမ်းတွဲတွေကလည်း MRTV 4 မှာ ပြသသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Photo Credit:May Myint Mo Facebook

ကြည်သာ (Akhayar)

www.akhayar.com