[Zawgyi]

သူ့ကို ချစ်ရင်ပိုချစ်မယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ မေမြတ်နိုး

Miss တွေထဲမှာ မေ့ထားလို့မရတဲ့ သူတစ်ယောက်ဆိုရင် မေမြတ်နိုးလည်းပါဝင်လို့နေပါတယ်။ သူမဟာ Miss တစ်ယောက်ဖြစ်သလို သီချင်းဆိုရတာကိုလည်း နှစ်သက်သူတစ်ဦးပါ။ အိပ်မက်ဆုံရာ Season 6 မှာ ပါဝင်ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ မြန်မာပြည် Miss တွေထဲမှာမှ Asia’s Next Top Model မှာလည်း ပါဝင်ယှဉ်ပြိုင်ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ Miss Asia Pacific World 2014 ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

မေမြတ်နိုး က အခုဆိုရင် ပြည်တွင်းမှာပဲ သူမကျွမ်းကျင်တဲ့ Modeling အလုပ်ကို လုပ်ကိုင်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မင်္ဂလာဆောင်ဝတ်စုံ ပြပွဲတစ်ခုမှာ မော်ဒယ်လုပ်ခဲ့တဲ့ ပုံရိပ်တချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။ အဲ့ပုံတွေ အပေါ်မှာလည်း စာလေးတစ်ကြောင်းကို သူမက အခုလိုရေးသားထားပါသေးတယ်။ “မြတ်နိုးကိုချစ်ရင် မြတ်နိုးကပိုချစ်မယ် ရှင်းရှင်းလေးပဲ” ဆိုပြီးဖြစ်ပါတယ်။

Photo Credit: May Myat Noe Facebook

ကြည်သာ (Akhayar)

www.akhayar.com
[Unicode]





Photo Credit: May Myat Noe Facebook


www.akhayar.com