[Zawgyi]

အႏုပညာအလုပ္ကို ခ်က္ခ်င္းလုပ္ၿပီး ခ်က္ခ်င္းေအာင္ျမင္တာ ျမန္မာႏိုင္ငံပဲရိွတယ္ဆိုတဲ့ ေမျမတ္ႏိုး

ေမျမတ္ႏိုးဟာ လတ္တေလာမွာေတာ့ ဓာတ္ပုံေတြရိုက္ျဖစ္ေနၿပီး ရိႈးပြဲေတြေလွ်ာက္ျဖစ္ေနတယ္လို႔ သိရပါတယ္။ ေနာက္လမွာေတာ့ “25%” ဆိုတဲ့ ရုပ္ရွင္ကားႀကီးကို ဒါရိုက္တာသားညီနဲ႔ ရိုက္ကူးသြားမယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ သူမဟာ ကိုရီးယားမွာ ဇာတ္ကားရိုက္ကူးမႈေတြရိွလို႔ ျမန္မာျပည္က ဇာတ္ကားရိုက္ကူးေရးကို နားထားတယ္လို႔လည္း ေျပာပါတယ္။

သူ႔မအေနနဲ႔ ကိုရီးယားမွာေအာင္ျမင္ဖို႔အတြက္ ဘာေတြလုိအပ္မလဲလို႔ဆိုေတာ့ “အင္တာေနရွင္နယ္မွာ အလုပ္လုပ္ရင္ အခုခ်က္ခ်င္း ဒီေလာကထဲ ခ်က္ခ်င္း၀င္လုပ္ၿပီးေတာ့ ခ်က္ခ်င္းေအာင္ျမင္တယ္ဆိုတာ ဘယ္မွာမွမရိွပါဘူး။ ျမန္မာႏိုင္ငံမွာပဲ ရိွတာပါ။ ဒီအြန္လိုင္းေပၚျပန္႔သြားရင္ နာမည္္ႀကီးသြားတယ္။ မင္းသမီးျဖစ္သြားတယ္။ အဆိုေတာ္ျဖစ္ သြားတယ္။ ႏိုင္ငံျခားမွာ အဲဒီလိုမရပါဘူး။ အဲဒီအတြက္ အမ်ားႀကီးႀကိဳးစားဖို႔လိုပါေသးတယ္”လို႔ ဆိုပါတယ္။ သူမ်ားႏိုင္ငံမွာ ရုပ္ရွင္ရိုက္ဖို႔အတြက္ အဓိကေလ့လာျဖစ္တဲ့ ဘာသာစကားအေၾကာင္းကိုေတာ့ “အဓိကက ဘာသာစကားပိုင္းကို ေလ့လာတယ္။ ကိုယ့္ဘက္က စကားေျပာႏိုင္ေတာ့ သူတို႔ရဲ႕ကုမၸဏီကလူေတြ သေဘာက်မွာေပါ့။ အဲဒီအတြက္ စကားေျပာျဖစ္တယ္။ အဲဒါေၾကာင့္မို႔လို႔လည္း ဘာသာစကားကၽြမ္းက်င္မယ္ဆိုရင္ေတာ့ အဆင္ေျပမယ္လို႔ ထင္ပါတယ္”လို႔ ေျပာျပခဲ့ပါတယ္။

www.akhayar.com

[Unicode]

အနုပညာအလုပ်ကို ချက်ချင်းလုပ်ပြီး ချက်ချင်းအောင်မြင်တာ မြန်မာနိုင်ငံပဲရှိတယ်ဆိုတဲ့ မေမြတ်နိုး

မေမြတ်နိုးဟာ လတ်တလောမှာတော့ ဓာတ်ပုံတွေရိုက်ဖြစ်နေပြီး ရှိုးပွဲတွေလျှောက်ဖြစ်နေတယ်လို့ သိရပါတယ်။ နောက်လမှာတော့ “25%” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာသားညီနဲ့ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမဟာ ကိုရီးယားမှာ ဇာတ်ကားရိုက်ကူးမှုတွေရှိလို့ မြန်မာပြည်က ဇာတ်ကားရိုက်ကူးရေးကို နားထားတယ်လို့လည်း ပြောပါတယ်။

သူ့မအနေနဲ့ ကိုရီးယားမှာအောင်မြင်ဖို့အတွက် ဘာတွေလိုအပ်မလဲလို့ဆိုတော့ “အင်တာနေရှင်နယ်မှာ အလုပ်လုပ်ရင် အခုချက်ချင်း ဒီလောကထဲ ချက်ချင်းဝင်လုပ်ပြီးတော့ ချက်ချင်းအောင်မြင်တယ်ဆိုတာ ဘယ်မှာမှမရှိပါဘူး။ မြန်မာနိုင်ငံမှာပဲ ရှိတာပါ။ ဒီအွန်လိုင်းပေါ်ပြန့်သွားရင် နာမည်ကြီးသွားတယ်။ မင်းသမီးဖြစ်သွားတယ်။ အဆိုတော်ဖြစ် သွားတယ်။ နိုင်ငံခြားမှာ အဲဒီလိုမရပါဘူး။ အဲဒီအတွက် အများကြီးကြိုးစားဖို့လိုပါသေးတယ်”လို့ ဆိုပါတယ်။ သူများနိုင်ငံမှာ ရုပ်ရှင်ရိုက်ဖို့အတွက် အဓိကလေ့လာဖြစ်တဲ့ ဘာသာစကားအကြောင်းကိုတော့ “အဓိကက ဘာသာစကားပိုင်းကို လေ့လာတယ်။ ကိုယ့်ဘက်က စကားပြောနိုင်တော့ သူတို့ရဲ့ကုမ္ပဏီကလူတွေ သဘောကျမှာပေါ့။ အဲဒီအတွက် စကားပြောဖြစ်တယ်။ အဲဒါကြောင့်မို့လို့လည်း ဘာသာစကားကျွမ်းကျင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

www.akhayar.com