ဂျူဗင်တပ်စ်အသင်းနည်းပြဆာရီ Sarri ဟာ နမိုးရီးယားရောဂါကြောင့် အသင်းရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပါတယ်။ ဆာရီ ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ရာသီအစ စီးရီးအေပွဲစဉ်တွေဖြစ်တဲ့ ပါးမားနဲ့ ပွဲစဉ် ၊ အသင်းဟောင်း နာပိုလီနဲ့ ပွဲစဉ်တွေကို ကြီးကြပ်ခွင့်လွဲချော်မှာပါ။ လက်ရှိမှာ ဆာရီ ရဲ့ ရောဂါဝေဒနာဟာ အရင်ရက်တွေကထက် ပိုပြီးတိုးတက်လာသလို သက်သာလာခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအနေအထားနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်းက ” ပြီးခဲ့တဲ့ ရက်အနည်းငယ်က နမိုးနီးယား ဖြစ်ခဲ့တာကို သက်သာဖို့အတွက် နည်းပြဆာရီ ကို အနားပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် စီးရီးအေပွဲစဉ်(၂)ပွဲဖြစ်တဲ့ ပါးမား နဲ့ နာပိုလီ ပွဲစဉ်တွေကို နည်းပြဆာရီက ကြီးကြပ်မှာမဟုတ်ပါဘူး ” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် ဆာရီ လွဲချော်မယ့်ပွဲစဉ်တွေကို ဂျူဗင်တပ်စ် လက်ထောက်နည်းပြ Giovanni Martusciello က တာဝန်ယူသွားဖို့ ရှိနေပြီး နည်းပြဆာရီ ကတော့ လာမယ့် စက်တင်ဘာလလယ်လောက်မှာ အသင်းရဲ့ပွဲစဉ်တွေကို ပြန်လည်တာဝန်ယူသွားမှာဖြစ်ပါတယ်။

Ref: Talk Sports
Photo: Juventus Twiiter
Ko Kyue(Akhayar)
www.akhayar.com