[Zawgyi]

(၂၄)ႏွစ္ ၾကာျမင့္ေနၿပီျဖစ္တဲ့ ပရီးမီးယားလိဂ္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခု ပုိင္ဆုိင္ခဲ့တဲ့ Maurizio Sarri

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အဲဗာတန္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြမွာ ခ်ယ္လ္ဆီးအသင္း ႏုိင္ပဲြမရခဲ့ေပမယ့္လည္း နည္းျပ ဆာရီ Maurizio Sarri ကေတာ့ သမုိင္း၀င္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ပဲြစဥ္ (၁၂)အၿပီးမွာ (၈)ပဲြႏုိင္၊ (၄)ပဲြ သေရက်ခဲ့ၿပီး ႐ႈံးပဲြလုံး၀ မရွိသးပါဘူး။ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ အသင္းသစ္တစ္သင္းနဲ႔ ရာသီအစ ပဲြဆက္အမ်ားဆုံး ႐ႈံးပဲြမရွိေအာင္ စြမ္းေဆာင္ခဲ့သူက ၁၉၉၄ မွာ ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းနည္းျပ Frank Clark ျဖစ္ၿပီး (၁၁)ပဲြဆက္ ႐ႈံးပဲြမရွိေအာင္ စြမ္းေဆာင္ခဲ့တယ္။ အခု ဆာရီက Frank Clark ရဲ႕ စံခ်ိန္ကုိ(၁)ပဲြအသာနဲ႔ ခ်ိဳးျဖတ္ခဲ့ၿပီး (၂၄)ႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ စံခ်ိန္သစ္တင္ႏုိင္ခဲ့ပါၿပီ။

frank-clark-nottingham-forest

frank-clark-nottingham-forest

ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၄-၁၅ ရာသီတုန္းက နည္းျပေဟာင္း ေမာ္ရင္ဟုိ Jose Mourinho လက္ထက္မွာ ပရီးမီးယားလိဂ္ ရာသီအစ (၁၂)ပဲြဆက္ ႐ႈံးပဲြမရွိခဲ့ဘဲ ရာသီကုန္မွာ ခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့တယ္။ အခု ဆာရီရဲ႕ ခ်ယ္လ္ဆီးအသင္းကလည္း ရာသီအစမွာ (၁၂)ပဲြဆက္ ႐ႈံးပဲြမရွိေပမယ့္ ဆာရီကေတာ့ ခ်န္ပီယံဆုကုိ ဆြတ္ခူးဖုိ႔ ရာႏႈန္းျပည့္ ယုံၾကည္မႈ မရွိေသးပါဘူး။

Chelsea-2014-15-Season

Chelsea-2014-15-Season

ဆာရီက “အခုေလာေလာဆယ္ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ပ်မ္းမွ်ရမွတ္က အရမ္းမ်ားျပားလြန္းေနတယ္။ အမွတ္(၁၀၀)ေလာက္အထိ ရဖုိ႔ရွိတယ္လုိ႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒါေၾကာင့္ ဒီ(၂)သင္းကုိ အမီလုိက္ဖုိ႔ဆုိတာက ခက္ခဲလြန္းပါတယ္”လုိ႔ ေျပာၾကားခ့ဲတယ္။ သူ႔ရဲ႕ စံခ်ိန္မွတ္တမ္းနဲ႔ ပတ္သက္လုိ႔ ဆာရီက “ကၽြန္ေတာ္ အရမ္းကုိ ဂုဏ္ယူမိပါတယ္။ ခ်ယ္လ္ဆီးအသင္းနဲ႔ ကစားသမားေတြကုိ ေက်းဇူးတင္ပါတယ္လုိ႔ ေျပာပါရေစ။ ဒါေပမဲ့ ဒီပဲြမွာ အခု စံခ်ိန္ထက္ အႏုိင္(၃)မွတ္ကုိ ပုိလုိခ်င္မိခဲ့တာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:telegraph
Photo:Ghanasoccernet,Chronicle Live,IBTimes UK
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၂၄)နှစ် ကြာမြင့်နေပြီဖြစ်တဲ့ ပရီးမီးယားလိဂ် စံချိန်မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ Maurizio Sarri

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်း နိုင်ပွဲမရခဲ့ပေမယ့်လည်း နည်းပြ ဆာရီ Maurizio Sarri ကတော့ သမိုင်းဝင် စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီးမှာ (၈)ပွဲနိုင်၊ (၄)ပွဲ သရေကျခဲ့ပြီး ရှုံးပွဲလုံး၀ မရှိသးပါဘူး။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသင်းသစ်တစ်သင်းနဲ့ ရာသီအစ ပွဲဆက်အများဆုံး ရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့သူက ၁၉၉၄ မှာ နော်တင်ဟမ်ဖော်ရက်စ်အသင်းနည်းပြ Frank Clark ဖြစ်ပြီး (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့တယ်။ အခု ဆာရီက Frank Clark ရဲ့ စံချိန်ကို(၁)ပွဲအသာနဲ့ ချိုးဖြတ်ခဲ့ပြီး (၂၄)နှစ်အတွင်းမှာ ပရီးမီးယားလိဂ် စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။

frank-clark-nottingham-forest

frank-clark-nottingham-forest

ချယ်လ်ဆီးအသင်းဟာ ၂၀၁၄-၁၅ ရာသီတုန်းက နည်းပြဟောင်း မော်ရင်ဟို Jose Mourinho လက်ထက်မှာ ပရီးမီးယားလိဂ် ရာသီအစ (၁၂)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ရာသီကုန်မှာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တယ်။ အခု ဆာရီရဲ့ ချယ်လ်ဆီးအသင်းကလည်း ရာသီအစမှာ (၁၂)ပွဲဆက် ရှုံးပွဲမရှိပေမယ့် ဆာရီကတော့ ချန်ပီယံဆုကို ဆွတ်ခူးဖို့ ရာနှုန်းပြည့် ယုံကြည်မှု မရှိသေးပါဘူး။

Chelsea-2014-15-Season

Chelsea-2014-15-Season

ဆာရီက “အခုလောလောဆယ် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပျမ်းမျှရမှတ်က အရမ်းများပြားလွန်းနေတယ်။ အမှတ်(၁၀၀)လောက်အထိ ရဖို့ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ဒီ(၂)သင်းကို အမီလိုက်ဖို့ဆိုတာက ခက်ခဲလွန်းပါတယ်”လို့ ပြောကြားခဲ့တယ်။ သူ့ရဲ့ စံချိန်မှတ်တမ်းနဲ့ ပတ်သက်လို့ ဆာရီက “ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ ဒါပေမဲ့ ဒီပွဲမှာ အခု စံချိန်ထက် အနိုင်(၃)မှတ်ကို ပိုလိုချင်မိခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF:telegraph
Photo:Ghanasoccernet,Chronicle Live,IBTimes UK
Naing Linn(Akhayar)
www.akhayar.com