[Zawgyi]

ဟတ္ဒါဖီးလ္ကုိ ဂုိးျပတ္အႏုိင္ယူၿပီး (၃)မွတ္ စတင္ရယူခဲ့တဲ့ ခ်ယ္လ္ဆီး

နည္းျပသစ္ ဆာရီ Sarri ရဲ႕ ခ်ယ္လ္ဆီးအသင္းကေတာ့ ပရီးမီးယားလိဂ္အဖြင့္ပဲြမွာ ဟတ္ဒါဖီးလ္ကုိ (၃)ဂုိးျပတ္ အႏုိင္ကစားၿပီး အဖြင့္လွခဲ့တယ္။ ဒါေပမဲ့ ေျခစြမ္းကေတာ့ သိပ္အားရစရာ မေကာင္းေသးဘူး။ ပထမပုိင္းမွာ ဟတ္ဒါဖီးလ္က ပုိဖိအားေပးခဲ့ၿပီး တိုက္စစ္ဆင္မႈေတြလည္း လုပ္ႏုိင္ခဲ့တယ္။ မိနစ္(၂၀)ေက်ာ္တဲ့အထိ ၿပိဳင္ဘက္အသင္း ဂုိးေပါက္ကုိ တစ္ႀကိမ္မွ ကန္ခြင့္မရတာေတာ့ ခ်ယ္လ္ဆီးအသင္းအတြက္ မျဖစ္သင့္ဘူးလုိ႔ ဆုိရမယ္။ ဟာဇက္ Hazard ၊ ဂ်႐ူး Giroud တို႔ကုိ ပဲြထြက္မသုံးလုိ႔ဆုိတာထက္ ဟတ္ဒါဖီးလ္လုိ ၿပိဳင္ဘက္မ်ိဳးနဲ႔ပဲြမွာ ပဲြကုိ မစီးထားႏုိင္တာက ဆုိးလြန္းတယ္။ ဒါေပမဲ့ လုိအပ္တဲ့ဂုိးေတြကုိေတာ့ ရယူႏုိင္ခဲ့ပါတယ္။ ပထမပုိင္း (၃၄)မိနစ္မွာ ၀ီလီယံ Willian ဘယ္ျခမ္းက ျဖတ္ခ်ိဳးေပးလုိက္တာကုိ ကြန္ေတ Kanté က အလုိက္သင့္ ပိတ္သြင္းခဲ့တယ္။ ဒုတိယဂုိးကေတာ့ ပယ္နယ္တီက ရရွိခဲ့တာျဖစ္ၿပီး ေယာ္ဂ်င္ဟုိ Jorginho က ခ်ယ္လ္ဆီးကစားသမားဘ၀ ပထမဆုံးၿပိဳင္ပဲြႀကီးဂုိးအျဖစ္ သြင္းယူခဲ့တယ္။ ေနာက္ဆုံးဂုိးကုိေတာ့ မိနစ္(၈၀)မွာ ပတ္ဒ႐ုိ Pedro က သြင္းယူခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားပုံက အားနည္းခ်က္ေတြ ရွိေနတယ္ဆုိေပမယ့္ ႏုိင္ပဲြနဲ႔ ရာသီသစ္ကုိ စတင္ႏုိင္ခဲ့လုိ႔ ဆာရီအတြက္ေတာ့ ေက်နပ္စရာပါပဲ။

Chelsea-Players-Celebrate

Chelsea-Players-Celebrate

စေနေန႔မွာ ကစားတဲ့တျခားပဲြေတြမွာေတာ့ ဘုန္းေမာက္၊ ၀က္ဖုိ႔ဒ္အသင္းေတြ ႏုိင္ပဲြရခဲ့ေပမယ့္ ဖူလ္ဟမ္အသင္းကေတာ့ အိမ္ကြင္းမွာပဲ ပဲေလ့စ္ကုိ (၂-၀)ဂုိးနဲ႔ ႐ံႈးနိမ့္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ပဲြစဥ္(၁)စေနေန႔ ရလဒ္မ်ား
နယူးကာဆယ္ ၁-၂ စပါး
ဘုန္းေမာက္ ၂-၀ ကာဒစ္ဖ္
ဖူလ္ဟမ္ ၀-၂ ပဲေလ့စ္
ဟတ္ဒါဖီးလ္ ၀-၃ ခ်ယ္လ္ဆီး
၀က္ဖုိ႔ဒ္ ၂-၀ ဘ႐ုိက္တန္

Photo:Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဟတ်ဒါဖီးလ်ကို ဂိုးပြတ်အနိုင်ယူပြီး (၃)မှတ် စတင်ရယူခဲ့တဲ့ ချယ်လ်ဆီး

နည်းပြသစ် ဆာရီ Sarri ရဲ့ ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဟတ်ဒါဖီးလ်ကို (၃)ဂိုးပြတ် အနိုင်ကစားပြီး အဖွင့်လှခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းကတော့ သိပ်အားရစရာ မကောင်းသေးဘူး။ ပထမပိုင်းမှာ ဟတ်ဒါဖီးလ်က ပိုဖိအားပေးခဲ့ပြီး တိုက်စစ်ဆင်မှုတွေလည်း လုပ်နိုင်ခဲ့တယ်။ မိနစ်(၂၀)ကျော်တဲ့အထိ ပြိုင်ဘက်အသင်း ဂိုးပေါက်ကို တစ်ကြိမ်မှ ကန်ခွင့်မရတာတော့ ချယ်လ်ဆီးအသင်းအတွက် မဖြစ်သင့်ဘူးလို့ ဆိုရမယ်။ ဟာဇက် Hazard ၊ ဂျရူး Giroud တို့ကို ပွဲထွက်မသုံးလို့ဆိုတာထက် ဟတ်ဒါဖီးလ်လို ပြိုင်ဘက်မျိုးနဲ့ပွဲမှာ ပွဲကို မစီးထားနိုင်တာက ဆိုးလွန်းတယ်။ ဒါပေမဲ့ လိုအပ်တဲ့ဂိုးတွေကိုတော့ ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်း (၃၄)မိနစ်မှာ ဝီလီယံ Willian ဘယ်ခြမ်းက ဖြတ်ချိုးပေးလိုက်တာကို ကွန်တေ Kanté က အလိုက်သင့် ပိတ်သွင်းခဲ့တယ်။ ဒုတိယဂိုးကတော့ ပယ်နယ်တီက ရရှိခဲ့တာဖြစ်ပြီး ယော်ဂျင်ဟို Jorginho က ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးပြိုင်ပွဲကြီးဂိုးအဖြစ် သွင်းယူခဲ့တယ်။ နောက်ဆုံးဂိုးကိုတော့ မိနစ်(၈၀)မှာ ပတ်ဒရို Pedro က သွင်းယူခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံက အားနည်းချက်တွေ ရှိနေတယ်ဆိုပေမယ့် နိုင်ပွဲနဲ့ ရာသီသစ်ကို စတင်နိုင်ခဲ့လို့ ဆာရီအတွက်တော့ ကျေနပ်စရာပါပဲ။

Chelsea-Players-Celebrate

Chelsea-Players-Celebrate

စနေနေ့မှာ ကစားတဲ့တခြားပွဲတွေမှာတော့ ဘုန်းမောက်၊ ဝက်ဖို့ဒ်အသင်းတွေ နိုင်ပွဲရခဲ့ပေမယ့် ဖူလ်ဟမ်အသင်းကတော့ အိမ်ကွင်းမှာပဲ ပဲလေ့စ်ကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁)စနေနေ့ ရလဒ်များ
နယူးကာဆယ် ၁-၂ စပါး
ဘုန်းမောက် ၂-၀ ကာဒစ်ဖ်
ဖူလ်ဟမ် ဝ-၂ ပဲလေ့စ်
ဟတ်ဒါဖီးလ် ဝ-၃ ချယ်လ်ဆီး
ဝက်ဖို့ဒ် ၂-၀ ဘရိုက်တန်

Photo:Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com