[Zawgyi]

ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီ Sarri အတြက္ စိန္ေခၚမႈ၊ ဖိအားေတြက ေရွ႕မွာ ေစာင့္ႀကိဳေနၿပီ

ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီ Sarri ကေတာ့ အသင္းကုိ ကုိင္တြယ္ၿပီး မၾကာခင္မွာပဲ စိန္ေခၚမႈ၊ ဖိအားေတြနဲ႔ ရင္ဆုိင္ေနရၿပီ။ ကြန္တီ Conte ရဲ႕ လက္ထက္မွာ တပ္ပ်က္ႀကီးတစ္ခုလုိျဖစ္ေနတဲ့ ခ်ယ္လ္ဆီးအသင္းကုိ လႊဲေျပာင္းရယူခဲ့ၿပီး Evolution ပုံစံနဲ႔ တျဖည္းျဖည္းတည္ေဆာက္သြားမလား၊ ဒါမွမဟုတ္ အရင္နည္းျပ ေမာ္ရင္ဟုိ Mourinho လုိမ်ိဳး ကစားသမားသစ္ေတြ ေခၚၿပီး Revolution ပုံစံနဲ႔ သြားမလား။ ေသခ်ာတာကေတာ့ လက္ရွိ ခ်ယ္လ္ဆီးအသင္းမွာ အားနည္းခ်က္ အမ်ားႀကီးရွိေနတယ္။ ေနာက္ၿပီး အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ ဟာဇက္ Hazard ၊ ေကာ္တိုအာ Courtois တို႔ရဲ႕ အနာဂတ္ကလည္း လႈပ္ခတ္ေနဆဲပဲ။

Sarri-

Sarri-

အဆုိးဆုံးက တိုက္စစ္ပုိင္း။ ဒီေယဂုိေကာ္စတာ Diego Costa မရွိေတာ့ကတည္းက ႐ုန္းကန္ေနရတဲ့ တိုက္စစ္က အခုအခ်ိန္အထိ အေျခအေနဆုိးေနဆဲ၊ ႐ုန္းကန္ေနရဆဲ။ အားကုိးတႀကီးနဲ႔ ေခၚခဲ့တဲ့ မုိရာတာ Morata ကလည္း အခုအထိ အလုပ္က မျဖစ္။ ဒီအေနအထားကုိ ေျဖရွင္းဖုိ႔ ဆာရီ ေခါင္းစားရဦးမယ္။

Morata

Morata

ေနာက္တစ္ခုက ခ်ယ္လ္ဆီးအသင္းရဲ႕ ေနာက္ဆုံး(၃)ရာသီအေျခအေနပါ။ မႏွစ္က အဆင့္(၅)၊ ၂၀၁၆-၁၇ မွာ ခ်န္ပီယံ၊ ၂၀၁၅-၁၆ မွာ အဆင့္(၁၀)။ အနိမ့္အျမင့္၊ အတက္အက်ေတြက ၾကမ္းလြန္းတယ္။ အသင္းကုိ တည္ၿငိမ္မႈ ရွိေအာင္လုပ္ဖုိ႔ကလည္း ဆာရီရဲ႕ ေခါင္းေပၚက်လာခဲ့ျပန္တယ္။ ခ်ယ္လ္ဆီးအသင္းပုိင္ရွင္ ေအဘရာမုိဗစ္ခ်္ Abramovich ဟာ ကြန္တီကုိ ထုတ္ၿပီး ဆာရီကုိ နညး္ျပသစ္ခန္႔အပ္ခဲ့တာက မွားတယ္လုိ႔ မဆုိသာသလုိ မွန္တယ္လုိ႔လည္း ေျပာလုိ႔မရဘူး။

Conte-Celebrate-With-Premier-League

Conte-Celebrate-With-Premier-League

ကြန္တီဟာ ခ်ယ္လ္ဆီးအသင္းနည္းျပဘ၀ ပထမဆုံးရာသီမွာ ပရီးမီးယားလိဂ္၊ ဒုတိယရာသီမွာ FA ဖလားေတြ ရယူေပးခဲ့သူ။ သူနဲ႔ ဒီေယဂုိေကာ္စတာၾကားက ျပႆနာ၊ အေျပာင္းအေရႊ႕ကိစၥေတြမွာ ေအဘရာမုိဗစ္ခ်္နဲ႔ အဆင္မေျပခဲ့လုိ႔ စေတးခံလုိက္ရတယ္လုိ႔ပဲေျပာရမယ္။ ကြန္တီကုိ ထုတ္ၿပီး ဆာရီကုိ နည္းျပသစ္ ခန္႔အပ္ခဲ့တာက အေလာင္းအစားဆန္လြန္းပါတယ္။

Conte-With-FA-Cup

Conte-With-FA-Cup

ဆာရီရဲ႕ ေနာက္ခံ Background ကုိ ျပန္ၾကည့္ရင္လည္း အသက္(၄၀)မတိုင္ခင္အထိ ဘဏ္မွာ အလုပ္လုပ္တယ္၊ အဲဒီေနာက္ပုိင္းမွ နည္းျပေလာကထဲ ေျခစုံပစ္၀င္လာတယ္။ နာပုိလီအသင္းကုိ ကုိင္တြယ္ခ်ိန္မွ သူ႔ရဲ႕ တိုက္စစ္အသားေပး နည္းဗ်ဴဟာေၾကာင့္ ထင္ရွားလာေပမယ့္ သူ႔ Career ကုိ ျပန္ၾကည့္ရင္ ဘာဆုဖလားမွ မရခဲ့ဖူးပါဘူး။

Maurizio-Sarri-is-the-new-man-at-the-helm-of-drama-loving-ChelseaJ

Maurizio-Sarri-is-the-new-man-at-the-helm-of-drama-loving-ChelseaJ

ေအဘရာမုိဗစ္ခ်္ဆုိတာကလည္း အခ်ိန္တိုအတြင္း ေအာင္ျမင္မႈ ရယူလုိတဲ့အျပင္ ေဖာ်္ေျဖမႈေပးႏုိင္တဲ့ ကစားဟန္ကုိ သေဘာက်သူျဖစ္ၿပီး လုိခ်င္တဲ့အတိုင္းမျဖစ္ရင္ နည္းျပတစ္ဦးကုိ စေတးပစ္ဖုိ႔ ၀န္ေလးတဲ့သူ မဟုတ္ဘူး။ ၿပီးခဲ့တဲ့ ကြန္ျမဴနတီဒုိင္းပဲြတုန္းက ခ်ယ္လ္ဆီးအသင္းရဲ႕ ေျခစြမ္းက ထင္သေလာက္ မဟုတ္ခဲ့တာ ပရိသတ္ေတြ ေတြ႕ျမင္ခဲ့ရမွာပါ။

Jorginho

Jorginho

ေယာ္ဂ်င္ဟုိ Jorginho တစ္ေယာက္တည္းကုိ ေခၚ႐ုံနဲ႔ မလုံေလာက္ေသးသလုိ၊ ဆာရီရဲ႕ နည္းဗ်ဴဟာနဲ႔ ကစားသမားေတြ အသားက်ဖုိ႔ လုိေနပါေသးတယ္။ အခုေလာေလာဆယ္ေတာ့ ဆာရီရဲ႕ အေနအထားကုိ ခန္႔မွန္းဖုိ႔က ေစာေတာ့ ေစာပါေသးတယ္။ ဒါေပမဲ့ ေသခ်ာတာကေတာ့ ဆာရီအေနနဲ႔ အသင္းရဲ႕ အဓိက ကစားသမားေတြကုိ လက္မလႊတ္ရဖု႔ိ၊ ကစားသမားသစ္ ထပ္ျဖည့္ဖုိ႔ကုိ အာ႐ုံစုိက္ ေဆာင္ရြက္ရမွာျဖစ္ၿပီး ဆုဖလားေအာငျ္မင္မႈေတြ ရ၊ မရကေတာ့ ရာသီကုန္က်မွပဲ အေျဖထြက္မွာပါ။ ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီအတြက္ စိန္ေခၚမႈ၊ ဖိအားေတြက ေရွ႕မွာ ေစာင့္ႀကိဳလုိ႔ေနၿပီျဖစ္ပါတယ္ . . .

REF:The Sun
Photo:Evening Standard,Goal.com,ibtimes
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးနည်းပြသစ် ဆာရီ Sarri အတွက် စိန်ခေါ်မှု၊ ဖိအားတွေက ရှေ့မှာ စောင့်ကြိုနေပြီ

ချယ်လ်ဆီးနည်းပြသစ် ဆာရီ Sarri ကတော့ အသင်းကို ကိုင်တွယ်ပြီး မကြာခင်မှာပဲ စိန်ခေါ်မှု၊ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ။ ကွန်တီ Conte ရဲ့ လက်ထက်မှာ တပ်ပျက်ကြီးတစ်ခုလိုဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းကို လွှဲပြောင်းရယူခဲ့ပြီး Evolution ပုံစံနဲ့ တဖြည်းဖြည်းတည်ဆောက်သွားမလား၊ ဒါမှမဟုတ် အရင်နည်းပြ မော်ရင်ဟို Mourinho လိုမျိုး ကစားသမားသစ်တွေ ခေါ်ပြီး Revolution ပုံစံနဲ့ သွားမလား။ သေချာတာကတော့ လက်ရှိ ချယ်လ်ဆီးအသင်းမှာ အားနည်းချက် အများကြီးရှိနေတယ်။ နောက်ပြီး အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ဟာဇက် Hazard ၊ ကော်တိုအာ Courtois တို့ရဲ့ အနာဂတ်ကလည်း လှုပ်ခတ်နေဆဲပဲ။

Sarri-

Sarri-

အဆိုးဆုံးက တိုက်စစ်ပိုင်း။ ဒီယေဂိုကော်စတာ Diego Costa မရှိတော့ကတည်းက ရုန်းကန်နေရတဲ့ တိုက်စစ်က အခုအချိန်အထိ အခြေအနေဆိုးနေဆဲ၊ ရုန်းကန်နေရဆဲ။ အားကိုးတကြီးနဲ့ ခေါ်ခဲ့တဲ့ မိုရာတာ Morata ကလည်း အခုအထိ အလုပ်က မဖြစ်။ ဒီအနေအထားကို ဖြေရှင်းဖို့ ဆာရီ ခေါင်းစားရဦးမယ်။

Morata

Morata

နောက်တစ်ခုက ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံး(၃)ရာသီအခြေအနေပါ။ မနှစ်က အဆင့်(၅)၊ ၂၀၁၆-၁၇ မှာ ချန်ပီယံ၊ ၂၀၁၅-၁၆ မှာ အဆင့်(၁၀)။ အနိမ့်အမြင့်၊ အတက်အကျတွေက ကြမ်းလွန်းတယ်။ အသင်းကို တည်ငြိမ်မှု ရှိအောင်လုပ်ဖို့ကလည်း ဆာရီရဲ့ ခေါင်းပေါ်ကျလာခဲ့ပြန်တယ်။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် Abramovich ဟာ ကွန်တီကို ထုတ်ပြီး ဆာရီကို နည်းပြသစ်ခန့်အပ်ခဲ့တာက မှားတယ်လို့ မဆိုသာသလို မှန်တယ်လို့လည်း ပြောလို့မရဘူး။

Conte-Celebrate-With-Premier-League

Conte-Celebrate-With-Premier-League

ကွန်တီဟာ ချယ်လ်ဆီးအသင်းနည်းပြဘ၀ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်၊ ဒုတိယရာသီမှာ FA ဖလားတွေ ရယူပေးခဲ့သူ။ သူနဲ့ ဒီယေဂိုကော်စတာကြားက ပြဿနာ၊ အပြောင်းအရွှေ့ကိစ္စတွေမှာ အေဘရာမိုဗစ်ချ်နဲ့ အဆင်မပြေခဲ့လို့ စတေးခံလိုက်ရတယ်လို့ပဲပြောရမယ်။ ကွန်တီကို ထုတ်ပြီး ဆာရီကို နည်းပြသစ် ခန့်အပ်ခဲ့တာက အလောင်းအစားဆန်လွန်းပါတယ်။

Conte-With-FA-Cup

Conte-With-FA-Cup

ဆာရီရဲ့ နောက်ခံ Background ကို ပြန်ကြည့်ရင်လည်း အသက်(၄၀)မတိုင်ခင်အထိ ဘဏ်မှာ အလုပ်လုပ်တယ်၊ အဲဒီနောက်ပိုင်းမှ နည်းပြလောကထဲ ခြေစုံပစ်ဝင်လာတယ်။ နာပိုလီအသင်းကို ကိုင်တွယ်ချိန်မှ သူ့ရဲ့ တိုက်စစ်အသားပေး နည်းဗျူဟာကြောင့် ထင်ရှားလာပေမယ့် သူ့ Career ကို ပြန်ကြည့်ရင် ဘာဆုဖလားမှ မရခဲ့ဖူးပါဘူး။

Maurizio-Sarri-is-the-new-man-at-the-helm-of-drama-loving-ChelseaJ

Maurizio-Sarri-is-the-new-man-at-the-helm-of-drama-loving-ChelseaJ

အေဘရာမိုဗစ်ချ်ဆိုတာကလည်း အချိန်တိုအတွင်း အောင်မြင်မှု ရယူလိုတဲ့အပြင် ဖောျ်ဖြေမှုပေးနိုင်တဲ့ ကစားဟန်ကို သဘောကျသူဖြစ်ပြီး လိုချင်တဲ့အတိုင်းမဖြစ်ရင် နည်းပြတစ်ဦးကို စတေးပစ်ဖို့ ဝန်လေးတဲ့သူ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲတုန်းက ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းက ထင်သလောက် မဟုတ်ခဲ့တာ ပရိသတ်တွေ တွေ့မြင်ခဲ့ရမှာပါ။

Jorginho

Jorginho

ယော်ဂျင်ဟို Jorginho တစ်ယောက်တည်းကို ခေါ်ရုံနဲ့ မလုံလောက်သေးသလို၊ ဆာရီရဲ့ နည်းဗျူဟာနဲ့ ကစားသမားတွေ အသားကျဖို့ လိုနေပါသေးတယ်။ အခုလောလောဆယ်တော့ ဆာရီရဲ့ အနေအထားကို ခန့်မှန်းဖို့က စောတော့ စောပါသေးတယ်။ ဒါပေမဲ့ သေချာတာကတော့ ဆာရီအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတွေကို လက်မလွှတ်ရဖု့ိ၊ ကစားသမားသစ် ထပ်ဖြည့်ဖို့ကို အာရုံစိုက် ဆောင်ရွက်ရမှာဖြစ်ပြီး ဆုဖလားအောြင်မင်မှုတွေ ရ၊ မရကတော့ ရာသီကုန်ကျမှပဲ အဖြေထွက်မှာပါ။ ချယ်လ်ဆီးနည်းပြသစ် ဆာရီအတွက် စိန်ခေါ်မှု၊ ဖိအားတွေက ရှေ့မှာ စောင့်ကြိုလို့နေပြီဖြစ်ပါတယ် . . .

REF:The Sun
Photo:Evening Standard,Goal.com,ibtimes
Naing Linn(Akhayar)
www.akhayar.com