[Zawgyi]

ဒါရိုက္တာေမာင္မ်ိဳးမင္း ေျပာျပခဲ့တဲ့  လူျဖစ္ခြင့္

ဒါရိုက္တာေမာင္မ်ိဳးမင္းရဲ႕ လူျဖစ္ခြင့္ ျပဇာတ္ကို ရင္ခြင္မဲ့ကေလးမ်ားရန္ပံုေငြအတြက္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပဳလုပ္ခဲ့ပါတယ္။ အခု လို ျပဇာတ္ျပသတဲ့ေန႕မွာ ဒါရိုက္တာေမာင္မ်ိဳးမင္း က ေမြးၿပီးကေလးေတြ ကို စြန္႕ပစ္ၾကတာကိို မျပဳလုပ္ၾကဖို႕နဲ႕ အမ်ိဳးသားထု ကို လည္း အကာအကြယ္ ေဆာင္ၿပီး ကိုယ့္တာဝန္ကိုယ္ယူၾကဖို႕အတြက္ အခုလိုတိုက္တြန္းခဲ့ပါတယ္။

ျပဇာတ္ကျပတဲ့ေန႕မွာတြ႕ခဲ့ရတဲ့ ဒါရိုက္တာေမာင္မ်ိဳးမင္း

ျပဇာတ္ကျပတဲ့ေန႕မွာတြ႕ခဲ့ရတဲ့ ဒါရိုက္တာေမာင္မ်ိဳးမင္း

“ ေမြးကင္းစကေလးေတြကို စြန္႕ပစ္တာေတြ မ်ားစြာေတြ႕ေနရပါတယ္။ မိဘေတြကလည္း ကေလးတြကိုေတာ့ လြယ္ကူတဲ့ ခံစားခ်က္တစ္ခုနဲ႕ေတာ့ စြန္႕ပစ္ၾကတာမဟုတ္ပါဘူး ။ သူတို႕အေနနဲ႕လည္း တကယ္ကို အေျခအေနအေၾကာင္းေၾကာင္းတစ္ခုေၾကာင့္ ရင္ေသြးငယ္ေတြကို စြန္႕ပစ္ရတာျဖစ္တယ္လို႕ထင္ပါတယ္။ ဒီေတာ့ အဲ့လိုကေလးေတြကို လူျဖစ္ခြင့္ ရွင္သန္ခြင့္ ေနာက္ကြ်န္ေတာ္တို႕ လူၾကားထဲမွာ ရဲရဲဝင့္ဝင့္ လူဝင္ဆန္႕တဲ့ အေျခအေနကို ျဖစ္ေအာင္ ကြ်န္ေတာ္တို႕အေန နဲ႕ေမတၱာတရားနဲဲ႕ေစာင့္ေရွာက္ရမယ္လို႕ ယံုၾကည္ပါတယ္။ ဒါေၾကာင့္ လူျဖစ္ခြင့္ေပးဆိုတဲ့ ျပဇာတ္ကို ျပသရျခင္းျဖစ္ပါတယ္။

လူျဖစ္ခြင့္ဆိုတာကို ကြ်န္ေတာ္တို႕ ငယ္ငယ္ကၾကားဖူးတဲ့ဗုဒၶဘာသာ အယူဝါဒ အရ လူ႕ျပည္ကအပ္တစ္စင္းနဲ႕ ျဗဟၼျပည္က အပ္တစ္စင္း ဆံုမွ လူျဖစ္ခြင့္ဆိုတာကိုရတယ္အဲ့လိုျဖစ္ေတာင့္ျဖစ္ခဲ လူျဖစ္ခြင့္ရတာကို မွ ကေလးေတြကို ဖ်က္ခ်တာတို႕စြန္႔ပစ္တာတို႕အဲ့ဒါမ်ိဳးေတြမလုပ္ဘဲနဲဲ႕သူတို႕ရွင္သန္ႀကီးထြားေအာင္ တာဝန္ယူေပးေစခ်င္တယ္။ အမ်ိဳးသားေတြ အေနနဲ႕လည္း အဲ့ဒါမ်ိဳးျဖစ္လာေစခ်င္တယ္။ ဘယ္လိုတာဝန္ယူေပးရမလဲ ဆိုတာကို ဝိုင္းဝန္းစဥ္းစားေစခ်င္တယ္။ အဲ့လိုအေျခအေနမျဖစ္ခင္ထဲကေန မျဖစ္ရေလေအာင္တနည္းနည္း ကိုယ့္ကုိယ္ကိုယ္ ထိန္းသိမ္းကာကြယ္ေစခ်င္တယ္။ အဲ့ဒါကေတာ့ အမ်ိဳးသားထုတစ္ခုလံုးကို ေျပာခ်င္တာပါ။ ဒီေခတ္မွာ ကအကာကြယ္လုပ္ဖို႕ နည္းလမ္းေတြလည္း မ်ားစြာရွိေနပါၿပီ ဒါမွမဟုတ္ ရွိခဲ့ၿပီ ဆိုရင္ လည္း တာဝန္ယူေစခ်င္ပါတယ္” လို႕ ေျပာျပခဲ့တာျဖစ္ပါတယ္။

ျပဇာတ္ ကိုေတာ့ ခန္႕စည္သူ ၊ မင္းေမာ္ကြန္း ၊ ေက်ာ္ေက်ာ္ဗိုလ္ ၊ ျမင့္ျမတ္ ၊ ေနမ်ိဳးေအာင္ ၊ အရို္င္း ၊ ကင္းေကာင္ ၊ လင္းဇာနည္ေဇာ္ ၊ ေမကဗ်ာ နဲ႕ အိေခ်ာပို စတဲ့ အနုပညာရွင္ေတြ ပါဝင္သရုပ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

Photo Credit- Maung Myo Min ‘s Facebook

ၾကည္သာ (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

ဒါရိုက်တာမောင်မျိုးမင်း ပြောပြခဲ့တဲ့ လူဖြစ်ခွင့်

ဒါရိုက်တာမောင်မျိုးမင်းရဲ့ လူဖြစ်ခွင့် ပြဇာတ်ကို ရင်ခွင်မဲ့ကလေးများရန်ပုံငွေအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အခု လို ပြဇာတ်ပြသတဲ့နေ့မှာ ဒါရိုက်တာမောင်မျိုးမင်း က မွေးပြီးကလေးတွေ ကို စွန့်ပစ်ကြတာကို မပြုလုပ်ကြဖို့နဲ့ အမျိုးသားထု ကို လည်း အကာအကွယ် ဆောင်ပြီး ကိုယ့်တာဝန်ကိုယ်ယူကြဖို့အတွက် အခုလိုတိုက်တွန်းခဲ့ပါတယ်။

ပြဇာတ်ကပြတဲ့နေ့မှာတွ့ခဲ့ရတဲ့ ဒါရိုက်တာမောင်မျိုးမင်း

ပြဇာတ်ကပြတဲ့နေ့မှာတွ့ခဲ့ရတဲ့ ဒါရိုက်တာမောင်မျိုးမင်း

“ မွေးကင်းစကလေးတွေကို စွန့်ပစ်တာတွေ များစွာတွေ့နေရပါတယ်။ မိဘတွေကလည်း ကလေးတွကိုတော့ လွယ်ကူတဲ့ ခံစားချက်တစ်ခုနဲ့တော့ စွန့်ပစ်ကြတာမဟုတ်ပါဘူး ။ သူတို့အနေနဲ့လည်း တကယ်ကို အခြေအနေအကြောင်းကြောင်းတစ်ခုကြောင့် ရင်သွေးငယ်တွေကို စွန့်ပစ်ရတာဖြစ်တယ်လို့ထင်ပါတယ်။ ဒီတော့ အဲ့လိုကလေးတွေကို လူဖြစ်ခွင့် ရှင်သန်ခွင့် နောက်ကျွန်တော်တို့ လူကြားထဲမှာ ရဲရဲဝင့်ဝင့် လူဝင်ဆန့်တဲ့ အခြေအနေကို ဖြစ်အောင် ကျွန်တော်တို့အနေ နဲ့မေတ္တာတရားနဲ့စောင့်ရှောက်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် လူဖြစ်ခွင့်ပေးဆိုတဲ့ ပြဇာတ်ကို ပြသရခြင်းဖြစ်ပါတယ်။

လူဖြစ်ခွင့်ဆိုတာကို ကျွန်တော်တို့ ငယ်ငယ်ကကြားဖူးတဲ့ဗုဒ္ဓဘာသာ အယူဝါဒ အရ လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မပြည်က အပ်တစ်စင်း ဆုံမှ လူဖြစ်ခွင့်ဆိုတာကိုရတယ်အဲ့လိုဖြစ်တောင့်ဖြစ်ခဲ လူဖြစ်ခွင့်ရတာကို မှ ကလေးတွေကို ဖျက်ချတာတို့စွန့်ပစ်တာတို့အဲ့ဒါမျိုးတွေမလုပ်ဘဲနဲ့သူတို့ရှင်သန်ကြီးထွားအောင် တာဝန်ယူပေးစေချင်တယ်။ အမျိုးသားတွေ အနေနဲ့လည်း အဲ့ဒါမျိုးဖြစ်လာစေချင်တယ်။ ဘယ်လိုတာဝန်ယူပေးရမလဲ ဆိုတာကို ဝိုင်းဝန်းစဉ်းစားစေချင်တယ်။ အဲ့လိုအခြေအနေမဖြစ်ခင်ထဲကနေ မဖြစ်ရလေအောင်တနည်းနည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကာကွယ်စေချင်တယ်။ အဲ့ဒါကတော့ အမျိုးသားထုတစ်ခုလုံးကို ပြောချင်တာပါ။ ဒီခေတ်မှာ ကအကာကွယ်လုပ်ဖို့ နည်းလမ်းတွေလည်း များစွာရှိနေပါပြီ ဒါမှမဟုတ် ရှိခဲ့ပြီ ဆိုရင် လည်း တာဝန်ယူစေချင်ပါတယ်” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

ပြဇာတ် ကိုတော့ ခန့်စည်သူ ၊ မင်းမော်ကွန်း ၊ ကျော်ကျော်ဗိုလ် ၊ မြင့်မြတ် ၊ နေမျိုးအောင် ၊ အရိုင်း ၊ ကင်းကောင် ၊ လင်းဇာနည်ဇော် ၊ မေကဗျာ နဲ့ အိချောပို စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit- Maung Myo Min ‘s Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။