[Zawgyi]

ဒဏ္ရာျပႆနာေၾကာင့္ ရာသီအစပဲြေတြကုိ လဲြေခ်ာ္မယ့္ မန္ယူကြင္းလယ္လူ မာတစ္ Matic

မန္ယူ Manchester United အသင္းရဲ႕ ဆားဘီးယားကြင္းလယ္လူ မာတစ္ Matic ဟာ ဒဏ္ရာခဲြစိတ္ကုသမႈ ခံယူရမွာျဖစ္တဲ့အတြက္ လာမယ့္ ၂၀၁၈-၁၉ ပရီးမီးယားလိဂ္ရာသီအစ ပဲြေတြကုိ လဲြေခ်ာ္မွာျဖစ္ပါတယ္။ မာတစ္ဟာ ၂၀၁၈ ကမၻာ႔ဖလားတုန္းက ႏုိင္ငံအသင္းအတြက္ ပါ၀င္ကစားရင္း ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အဲဒီဒဏ္ရာကုိ အေမရိကန္မွာ ခဲြစိတ္ကုသမႈခံယူရမွာျဖစ္တယ္လုိ႔ လီဗာပူးလ္ကုိ (၄-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ ICC ပဲြအၿပီး မန္ယူနည္းျပေမာ္ရင္ဟုိ Mourinho က အတည္ျပဳေျပာၾကားခဲ့တယ္။ ေမာ္ရင္ဟုိအေနနဲ႔ မာတစ္ရဲ႕ ဒဏ္ရာက ဘယ္လုိဒဏ္ရာမ်ိဳးဆုိတာကုိ မေျပာခဲ့ေပမယ့္ မာတစ္ဟာ Philadelphia မွာ Scan နဲ႔ ေဆးစစ္မႈခံယူဖုိ႔အတြက္ ေျခစမ္းပဲြကစားမယ့္ အသင္းလူစာရင္းကေန ႏုတ္ထြက္သြားၿပီလုိ႔ ဆုိခဲ့ပါတယ္။

Matic-joined-Manchester-United-on-their-pre-season-tour-in-the-US-but-did-not-play

Matic-joined-Manchester-United-on-their-pre-season-tour-in-the-US-but-did-not-play

ေမာ္ရင္ဟုိက”မာတစ္ဟာ ခဲြစိတ္ကုသမႈခံယူရမွာျဖစ္ပါတယ္။ သူ ဘယ္ေလာက္အထိ အနားယူရမလဲဆုိတာေတာ့ ကၽြန္ေတာ္ မသိပါဘူး။ ကမၻာ႔ဖလားၿပိဳင္ပဲြက ျပန္လာၿပီးကတည္းက သူ႔မွာ ဒဏ္ရာရရွိေနတာျဖစ္ၿပီး အားလပ္ရက္မွာ အနားယူခဲ့ေပမယ့္လည္း ဒဏ္ရာက သက္သာလာျခင္းမရွိတာေၾကာင့္ ခဲြစိတ္ကုသမႈခံယူရေတာ့မွာျဖစ္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ အခုေလာေလာဆယ္ မန္ယူအသင္းမွာ ဒဏ္ရာရကစားသမား တခ်ိဳ႕ရွိေနၿပီး မာတင္အျပင္ ေနာက္ခံလူ ဗလင္စီယာ Valencia ဟာ ေျခသလုံးၾကြက္သားစုတ္ၿပဲတဲ့ဒဏ္ရာေၾကာင့္ မန္ခ်က္စတာကုိ ျပန္သြားၿပီျဖစ္သလုိ စေမာလင္း Smalling နဲ႔ ကစားသမားသစ္ ဒါေလာ့တ္ Dalot တို႔မွာလည္း ဒဏ္ရာရွိေနတာျဖစ္ပါတယ္။

REF:The Sun,Daily Mail
Photo:Manchester Evening News,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာပြဿနာကြောင့် ရာသီအစပွဲတွေကို လွဲချော်မယ့် မန်ယူကွင်းလယ်လူ မာတစ် Matic

မန်ယူ Manchester United အသင်းရဲ့ ဆားဘီးယားကွင်းလယ်လူ မာတစ် Matic ဟာ ဒဏ်ရာခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တဲ့အတွက် လာမယ့် ၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီအစ ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။ မာတစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက နိုင်ငံအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကို အမေရိကန်မှာ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်တယ်လို့ လီဗာပူးလ်ကို (၄-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ICC ပွဲအပြီး မန်ယူနည်းပြမော်ရင်ဟို Mourinho က အတည်ပြုပြောကြားခဲ့တယ်။ မော်ရင်ဟိုအနေနဲ့ မာတစ်ရဲ့ ဒဏ်ရာက ဘယ်လိုဒဏ်ရာမျိုးဆိုတာကို မပြောခဲ့ပေမယ့် မာတစ်ဟာ Philadelphia မှာ Scan နဲ့ ဆေးစစ်မှုခံယူဖို့အတွက် ခြေစမ်းပွဲကစားမယ့် အသင်းလူစာရင်းကနေ နုတ်ထွက်သွားပြီလို့ ဆိုခဲ့ပါတယ်။

Matic-joined-Manchester-United-on-their-pre-season-tour-in-the-US-but-did-not-play

Matic-joined-Manchester-United-on-their-pre-season-tour-in-the-US-but-did-not-play

မော်ရင်ဟိုက”မာတစ်ဟာ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပါတယ်။ သူ ဘယ်လောက်အထိ အနားယူရမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာပြီးကတည်းက သူ့မှာ ဒဏ်ရာရရှိနေတာဖြစ်ပြီး အားလပ်ရက်မှာ အနားယူခဲ့ပေမယ့်လည်း ဒဏ်ရာက သက်သာလာခြင်းမရှိတာကြောင့် ခွဲစိတ်ကုသမှုခံယူရတော့မှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့တယ်။ အခုလောလောဆယ် မန်ယူအသင်းမှာ ဒဏ်ရာရကစားသမား တချို့ရှိနေပြီး မာတင်အပြင် နောက်ခံလူ ဗလင်စီယာ Valencia ဟာ ခြေသလုံးကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာကြောင့် မန်ချက်စတာကို ပြန်သွားပြီဖြစ်သလို စမောလင်း Smalling နဲ့ ကစားသမားသစ် ဒါလော့တ် Dalot တို့မှာလည်း ဒဏ်ရာရှိနေတာဖြစ်ပါတယ်။

REF:The Sun,Daily Mail
Photo:Manchester Evening News,The Sun
Naing Linn(Akhayar)
www.akhayar.com