Foldable ဖုန်းဆိုတာ ၂၀၁၉ မှာ ခေတ်စားနေပြီဆိုပေမယ့် First Generation လည်းဖြစ် နည်းပညာအခက်ခဲ တွေကလည်းများနေတော့ Samsung လိုကုမ္ဂဏီကြီးတောင် ပျားတုပ်နေရပါပြီ။ အရင်တပတ်တုန်းက Reviewer လက်ထဲရောက်ပြီး ၂ ရက်အတွင်းမှာကွဲသွားလို့ Display ပိုင်းလိုအပ်ချက်ရှိနေတာ ပေါ်လွင်သွားခဲ့ပါတယ်။

img (Internet)

ဒိမတိုင်ခင် MWC 2019 ပွဲကာလတုန်းက ရှေ့ဆင့်၊ နောက်ဆင့် မိတ်ဆက်သွားကြတဲ့ Galaxy Fold နဲ့ Mate X တို့ ဘယ်သူပိုသာမယ် CEO တွေ အပြိုင်ကြွားလုံးထုတ်ခဲ့သလို တကယ်လည်းဇာတ်ရှိန်တက်နေခဲ့တာပါ။

Image (Internet)

အခုလိုမျိုးဖြစ်သွားတော့ Galaxy Fold ထွက်ရှိမယ့်ရက်ကို နောက်ဆုတ်လိုက်ပြီဖြစ်ပါတယ်၊ ဘယ်နေ့ဘယ်ချိန် ထွက်လာမလဲ မသိရတော့သလို လက်ရှိကောလာဟလတွေအရ Dual Foldable Screen လုပ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။ ဘယ်လိုပဲပြောပြော တိတ်တဆိတ် ထွက်ခွာလိုက်ရတဲ့ Galaxy Fold ကို ဘယ်ချိန်မှာ မြင်တွေ့ရမလဲ မသိရတဲ့အချိန် Huawei ကတော့ Mate X တရားဝင်ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

Image (Internet)

နောက်ပြီး Galaxy Fold လို အားနည်းချက်မျိုးမရှိဘဲ Durability ပိုင်းမှာ ခြွင်းချက်မရှိ ပိုက်စိပ်တိုက် စစ်ဆေးနေပြီဆိုပါတယ်။ သိရသလောက်တော့ ဇွန်လလောက်မှာ မြင်တွေ့ရဖွယ်ရှိပြီး ကျွမ်းကျင်သူတွေအဆိုရ Mate X ရဲ့ Foldable OLED Panel က ပိုပြီး Durable ဖြစ်တယ်လို့ သိရပါတယ်။

Image (Internet)

ထူးခြားချက်က ခေါက်လိုက်တဲ့အခါ Bend Stress ခံနိုင်ဖို့ ပလတ်စတစ်သားသုံးလိုက်တာက အဓိကဖြစ်သွားပြီး ဒါကြောင့်ပဲ Huawei အတွက် အခက်ခဲတခုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုရမှာပါ။ မြင်သာအောင်ပြောရရင် Rigid ဖြစ်လွန်းတဲ့ Galaxy Fold ကိုယ်ထည်က ကွေးလိုက်တဲ့အခါ ဖိအားတခုလိုဖြစ်သွားစေခဲ့ပြီး Display ထိသွားတာလည်း ဖြစ်နိုင်ပါတယ်။

Credit: Joshua Swingle