This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဂ်င္တီးနားလက္ေရြးစင္အသင္းကေန အနားယူခဲ့တဲ့ ဘစ္ဂလီယာ Biglia နဲ႔ မာေရွရာႏုိ Mascherano

အာဂ်င္တီးနားအသင္းရဲ႕ ၀ါရင့္ကစားသမားေတြျဖစ္ၾကတဲ့ ဘစ္ဂလီယာ Biglia နဲ႔ မာေရွရာႏုိ Mascherano တို႔ဟာ ၂၀၁၈ ကမၻာ႔ဖလားမွာ အာဂ်င္တီးနားအသင္း ႐ႈံးထြက္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရၿပီးေနာက္မွာေတာ့ လက္ေရြးစင္အသင္းက အနားယူဖုိ႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ပါတယ္။ အသက္(၃၄)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မာေရွရာႏုိဟာ အာဂ်င္တီးနားအသင္းမွာ ၂၀၀၃ ခုႏွစ္ကတည္းက ေရြးခ်ယ္ခံခဲ့ရသူျဖစ္ၿပီး အသင္းအတြက္ စံခ်ိန္တင္ပဲြအေရအတြက္ျဖစ္တဲ့ (၁၄၇)ပဲြကစားခဲ့သလုိ (၃)ဂုိးသြင္းယူခဲ့တယ္။ မာေရွရာႏုိဟာ ျပင္သစ္ကုိ (၄-၃)ဂုိးနဲ႔႐ႈံးနိမ့္ခဲ့တဲ့ပဲြအၿပီးမွာ ႏုိင္ငံလက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

Javier-Mascherano

Javier-Mascherano

မာေရွရာႏုိက “ကၽြန္ေတာ္တို႔ရဲ႕ ကမၻာ႔ဖလားအိပ္မက္ကေတာ့ ၿပီးဆုံးသြားပါၿပီ။ ေနာက္ဆုံးအခ်ိန္အထိ ကၽြန္ေတာ္တို႔ အေကာင္းဆုံးေပးဆပ္ခဲ့ပါတယ္။ အခုအခ်ိန္ကစၿပီး ကၽြန္ေတာ္ဟာ အာဂ်င္တီးနားအသင္းကုိ ပရိသတ္တစ္ဦးအေနနဲ႔သာ အားေပးသြားေတာ့မွာပါ။ လက္ေရြးစင္အသင္းနဲ႔ လမ္းခဲြရေတာ့မယ့္အခ်ိန္ေရာက္လာၿပီျဖစ္သလုိ လူငယ္ကစားသမားေတြကုိ ေနရာေပးရမယ့္အခ်ိန္လည္းျဖစ္ပါတယ္”လုိ႔ ဆုိခဲ့တယ္။ မာေရွရာႏုိဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကမၻာ႔ဖလား(၄)ႀကိမ္(၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈)၊ ကုိပါအေမရိက (၅)ႀကိမ္ (၂၀၀၄၊ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၆)ဆင္ႏႊဲခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ဘဲ ကမၻာ႔ဖလားဒုတိယတစ္ႀကိမ္(၂၀၁၄)၊ ကုိပါအေမရိက ဒုတိယ(၄)ႀကိမ္(၂၀၀၄၊ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆)သာရရွိခဲ့တယ္။

Lucas-Biglia

Lucas-Biglia

ႏုိင္ငံအသင္းကေန မာေရွရာႏုိ အနားယူခဲ့ၿပီးေနာက္ မေရွးမေႏွာင္းမွာပဲ ၀ါရင့္ကြင္းလယ္လူ ဘစ္ဂလီယာလည္း လက္ေရြးစင္ကစားသမားအျဖစ္က အနားယူေၾကာင္း ေၾကညာခဲ့ပါတယ္။ အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေအစီမီလန္ကြင္းလယ္လူ ဘစ္ဂလီယာဟာ အာဂ်င္တီးနားအသငး္အတြက္ ၂၀၁၁ ခုႏွစ္ကေန ပါ၀င္ကစားခဲ့ၿပီး (၇)ႏွစ္တာကာလအတြင္း (၅၈)ပဲြကစား (၁)ဂုိးသြင္းယူခဲ့တယ္။ ဘစ္ဂလီယာက “ကၽြန္ေတာ္တို႔အသင္းမွာ အရည္အေသြးရွိတဲ့ လူငယ္မ်ိဳးဆက္သစ္ကစားသမားေတြ ရွိပါတယ္။ ႏုိင္ငံအသင္းကုိ သူတို႔ ဦးေဆာင္ရမယ့္အခ်ိန္ေရာက္လာပါၿပီ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:ESPN,AS
Photo:FIFA,The Independent,Goal,Reuters
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူခဲ့တဲ့ ဘစ်ဂလီယာ Biglia နဲ့ မာရှေရာနို Mascherano

အာဂျင်တီးနားအသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဘစ်ဂလီယာ Biglia နဲ့ မာရှေရာနို Mascherano တို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရပြီးနောက်မှာတော့ လက်ရွေးစင်အသင်းက အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရှေရာနိုဟာ အာဂျင်တီးနားအသင်းမှာ ၂၀၀၃ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အသင်းအတွက် စံချိန်တင်ပွဲအရေအတွက်ဖြစ်တဲ့ (၁၄၇)ပွဲကစားခဲ့သလို (၃)ဂိုးသွင်းယူခဲ့တယ်။ မာရှေရာနိုဟာ ပြင်သစ်ကို (၄-၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

Javier-Mascherano

Javier-Mascherano

မာရှေရာနိုက “ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖလားအိပ်မက်ကတော့ ပြီးဆုံးသွားပါပြီ။ နောက်ဆုံးအချိန်အထိ ကျွန်တော်တို့ အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ အခုအချိန်ကစပြီး ကျွန်တော်ဟာ အာဂျင်တီးနားအသင်းကို ပရိသတ်တစ်ဦးအနေနဲ့သာ အားပေးသွားတော့မှာပါ။ လက်ရွေးစင်အသင်းနဲ့ လမ်းခွဲရတော့မယ့်အချိန်ရောက်လာပြီဖြစ်သလို လူငယ်ကစားသမားတွေကို နေရာပေးရမယ့်အချိန်လည်းဖြစ်ပါတယ်”လို့ ဆိုခဲ့တယ်။ မာရှေရာနိုဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား(၄)ကြိမ်(၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈)၊ ကိုပါအမေရိက (၅)ကြိမ် (၂၀၀၄၊ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၆)ဆင်နွှဲခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ ကမ္ဘာ့ဖလားဒုတိယတစ်ကြိမ်(၂၀၁၄)၊ ကိုပါအမေရိက ဒုတိယ(၄)ကြိမ်(၂၀၀၄၊ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆)သာရရှိခဲ့တယ်။

Lucas-Biglia

Lucas-Biglia

နိုင်ငံအသင်းကနေ မာရှေရာနို အနားယူခဲ့ပြီးနောက် မရှေးမနှောင်းမှာပဲ ဝါရင့်ကွင်းလယ်လူ ဘစ်ဂလီယာလည်း လက်ရွေးစင်ကစားသမားအဖြစ်က အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေစီမီလန်ကွင်းလယ်လူ ဘစ်ဂလီယာဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၁၁ ခုနှစ်ကနေ ပါဝင်ကစားခဲ့ပြီး (၇)နှစ်တာကာလအတွင်း (၅၈)ပွဲကစား (၁)ဂိုးသွင်းယူခဲ့တယ်။ ဘစ်ဂလီယာက “ကျွန်တော်တို့အသင်းမှာ အရည်အသွေးရှိတဲ့ လူငယ်မျိုးဆက်သစ်ကစားသမားတွေ ရှိပါတယ်။ နိုင်ငံအသင်းကို သူတို့ ဦးဆောင်ရမယ့်အချိန်ရောက်လာပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

REF:ESPN,AS
Photo:FIFA,The Independent,Goal,Reuters
Naing Linn(Akhayar)
www.akhayar.com