[Zawgyi]

Music Video နဲ႔ အတူ ခ်ျပလိုက္တဲ့ Mary ရဲ႕ သီခ်င္းအသစ္ ‘လိုသံုး’

Mary ကေတာ့ သီခ်င္းအသစ္တစ္ပုဒ္ တစ္ပုဒ္ထြက္ဖို႔ကို အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ေစာင့္ရသူပါ။”ဒီတစ္ခုေတာ့ ေျဖပါ ရင္ဘတ္ထဲမွာ အခ်စ္ရွိေသးလား” စာသားေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ‘ဝဲ’ ဆိုတဲ့ သီခ်င္းမွာ မိန္းကေလးေတြ ေၾကြက်တဲ့ စာသားေတြ၊ ေယာက်ာ္းေလးေတြ ခုိက္ႏုိင္တဲ့ အသံေလးနဲ႔ Mary ဟာ ပြဲထြက္လာခဲ့ပါတယ္။

ေနာက္ထပ္ ‘Mask’ ၊ ‘3AM’ နဲ႔ က်ားေပါက္နဲ႔ တြဲဆုိထားတဲ့ ‘Accident’ တုိ႔ ထြက္ရွိခဲ့တဲ့အတြက္ တစ္ကိုယ္ေတာ္ဆုိရင္ေတာ့ ဒီသီခ်င္း ‘လိုသံုး’က ၄ ပုဒ္ေျမာက္ပါပဲ။ Mary ဟာ ပထမဦးဆံုးအေနနဲ႔ Lil’ Z ရဲ႕ ‘မငိုပါနဲ႔ေတာ့’ သီခ်င္းမွာလည္း Featuring ပါဝင္သီဆုိဖူးပါတယ္။

‘လိုသံုး’ က အရင္သီခ်င္းေတြနဲ႔ ယွဥ္ရင္ေတာ့ စာသားပိုင္း ပိုမိုက္လာျပီး သူ႔ရဲ႕ Lyrics က ဒီလိုပါ။

“Was I too young to realize
there was no love အစထဲက
ၾကာရွည္စြာခ်စ္ခဲ့ေနာက္သိခဲ့ရတာ
မင္းကိုယ္မင္းသာေလာကၾကီးမွာအခ်စ္ဆံုး
ငါဆိုတာမင္းအတြက္လူရာေတာင္ဝင္လား
လိုတုန္းေခၚ လိုတုန္းေျပာ လိုတုန္းခ်စ္ လိုသံုးတယ္
မင္းမိဘမင္းအသိုင္းအဝိုင္း
မင္းသိပ္ခ်စ္တဲ႔လူေတြအသိဆံုး
ဘယ္ေလာက္ထိငါေပးဆပ္ကာခ်စ္ခဲ႔ရ

ျကာရွည္စြာႏွစ္ႏွစ္လလမင္းအတြက္ငါေပးဆပ္ျပီးေနာက္
ရူးရူးမိုက္မိုက္ျဖစ္ပ်က္ကာခ်စ္ခဲ႔ျပီးမွ
ငါရိွလဲျဖစ္တယ္ မရိွလဲျဖစ္တယ္
မင္းရဲ႕အဲ႔ဒီေစာက္က်င္႔ေလးေတြကိုငါမုန္း
ဒါဆိုရင္ရိုးရိုးရွင္းရွင္းျပတ္ဖုိ႔သာဖြင္႔ကာေျပာလုိက္
လူကိုတိုးလို႔တန္႔လန္႔ သြားမရေအာင္ဆြဲကိုင္ထားတဲ႕မင္း
မင္းဟာဘယ္လိုလူလဲ ..

Was I too dumb to realize
there was no love အစထဲက
ဒီလိုငါလမ္းခြဲစကားမ်ားေျပာလဲ
မင္းဟာေအးေဆးအျပံဳးမပ်က္လုပ္ကာေနတုန္းပဲ
ဟိုအရင္လိုလြမ္းေလာက္တဲ႔အမွတ္တရမ်ိဳး
ၾကံဳတုိင္းငါငိုခ်မယ္ငိုခ်ကာငါေမ႔မယ္
မုန္းပစ္လိုက္မယ္ ေမ႔ပစ္လိုက္မယ္ ထားခဲ႔လိုက္မယ္
Say goodbye
အတူရိွခဲ႔ေန႕မ်ားအတြက္… အို..ေက်းဇူးပဲ

ျကာရွည္စြာႏွစ္ႏွစ္လလမင္းအတြက္ငါေပးဆပ္ျပီးေနာက္
ရူးရူးမိုက္မိုက္ျဖစ္ပ်က္ကာခ်စ္ခဲ႔ျပီးမွ
ငါရိွလဲျဖစ္တယ္ မရိွလဲျဖစ္တယ္
မင္းရဲ႕အဲ႔ဒီေစာက္က်င္႔ေလးေတြကိုငါမုန္း
ဒါဆိုရင္ရိုးရိုးရွင္းရွင္းျပတ္ဖုိ႔သာဖြင္႔ကာေျပာလုိက္
လူကိုတိုးလို႔တန္႔လန္႔ သြားမရေအာင္ဆြဲကိုင္ထားတဲ႕မင္း
မင္းဟာဘယ္လိုလူလဲ ..

ျကာရွည္စြာႏွစ္ႏွစ္လလမင္းအတြက္ငါေပးဆပ္ျပီးေနာက္
ရူးရူးမိုက္မိုက္ျဖစ္ပ်က္ကာခ်စ္ခဲ႔ျပီးမွ
ငါရိွလဲျဖစ္တယ္ မရိွလဲျဖစ္တယ္
မင္းရဲ႕အဲ႔ဒီေစာက္က်င္႔ေလးေတြကိုငါမုန္း
ဒါဆိုရင္ရိုးရိုးရွင္းရွင္းျပတ္ဖုိ႔သာဖြင္႔ကာေျပာလုိက္
လူကိုတိုးလို႔တန္႔လန္႔ သြားမရေအာင္ဆြဲကိုင္ထားတဲ႕မင္း
မင္းဟာဘယ္လိုလူလဲ ..”

ဂီတေတးသြားပိုင္းမွာေတာ့ နားေထာင္တာနဲ႔  Mary ပံု၊ Mary ဟန္ကို တန္းျမင္ရပါတယ္။ အေၾကာင္းအရာအေနနဲ႔ သူ႔ကို လိုသံုးလို သေဘာထားတဲ့ ေကာင္ေလး၊ သူ႔ကို ရွိလည္း ျဖစ္တယ္၊ မရွိလည္း ျဖစ္တယ္လို႔ သေဘာထားတဲ့ ေကာင္ေလးကို” ျပတ္မယ္ဆို ဖြင့္ေျပာလိုက္ပါ၊ ဘာလို႔ ဆြဲထားရတာလဲ” ဆိုျပီး ေမးခြန္းထုတ္ထားတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ခံစားခ်က္မို႔ မိန္းကေလးေတြ ၾကိဳက္ၾကဦးမယ္ ထင္ပါတယ္။

Music Video ကိုလည္း Mary ကို ပရိသတ္ေတြ အၾကံေပးတဲ့အတုိင္း ခ်စ္ဖို႔ ေကာင္းတဲ့ ပံုစံဘက္ မသြားဘဲ ခပ္ၾကမ္းၾကမး္ ပံုစံရုိက္ကူးထားပါတယ္။ MV ရဲ႕ ရုိက္ခ်က္ေတြကလည္း အမုိက္စားပါပဲ။ ၾကည့္ရႈမယ္ဆုိရင္ ဒီမွာ ၾကည့္လို႔ ရပါတယ္။

ေယာက်္ားေလးပရိသတ္ေတြကေတာ့ Mary နဲ႔ တြဲသရုပ္ေဆာင္တဲ့ အမ်ိဳးသားေမာ္ဒယ္လ္ကို ၾကိတ္မႏုိင္ခဲမရျဖစ္ေနတာကို Comment ေတြမွာ ရယ္ရႊင္ဖြယ္ေတြ႔ရပါတယ္။ ဒီသီခ်င္းကို ၾသဂုတ္လ ၃၀ ရက္ေန႔က Mary ရဲ႕ Facebook Page မွာ တင္ထားခဲ့တာလည္း ျဖစ္ပါတယ္။

‘လိုသံုး’ သီခ်ငး္ဟာ Mary ရဲ႕ ထြက္ရွိမယ့္ အေခြသစ္မွာ ပါဝင္မယ့္ သီခ်င္းလို႔ သိရျပီး Mary ရဲ႕ Album သစ္ကို ၈ လပိုင္းထြက္ရွိမယ္ဆုိေပမယ့္ အခုေတာ့ ပိုေနာက္က်သြားဖို႔ ရွိေနတယ္လို႔ ေမွ်ာ္မွန္းရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Mary
[Unicode]

Music Video နဲ့ အတူ ချပြလိုက်တဲ့ Mary ရဲ့ သီချင်းအသစ် ‘လိုသုံး’

Mary ကတော့ သီချင်းအသစ်တစ်ပုဒ် တစ်ပုဒ်ထွက်ဖို့ကို အချိန်တော်တော်ကြာအောင် စောင့်ရသူပါ။”ဒီတစ်ခုတော့ ဖြေပါ ရင်ဘတ်ထဲမှာ အချစ်ရှိသေးလား” စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ‘ဝဲ’ ဆိုတဲ့ သီချင်းမှာ မိန်းကလေးတွေ ကြွေကျတဲ့ စာသားတွေ၊ ယောကျာ်းလေးတွေ ခိုက်နိုင်တဲ့ အသံလေးနဲ့ Mary ဟာ ပွဲထွက်လာခဲ့ပါတယ်။

နောက်ထပ် ‘Mask’ ၊ ‘3AM’ နဲ့ ကျားပေါက်နဲ့ တွဲဆိုထားတဲ့ ‘Accident’ တို့ ထွက်ရှိခဲ့တဲ့အတွက် တစ်ကိုယ်တော်ဆိုရင်တော့ ဒီသီချင်း ‘လိုသုံး’က ၄ ပုဒ်မြောက်ပါပဲ။ Mary ဟာ ပထမဦးဆုံးအနေနဲ့ Lil’ Z ရဲ့ ‘မငိုပါနဲ့တော့’ သီချင်းမှာလည်း Featuring ပါဝင်သီဆိုဖူးပါတယ်။

‘လိုသုံး’ က အရင်သီချင်းတွေနဲ့ ယှဉ်ရင်တော့ စာသားပိုင်း ပိုမိုက်လာပြီး သူ့ရဲ့ Lyrics က ဒီလိုပါ။

“Was I too young to realize
there was no love အစထဲက
ကြာရှည်စွာချစ်ခဲ့နောက်သိခဲ့ရတာ
မင်းကိုယ်မင်းသာလောကကြီးမှာအချစ်ဆုံး
ငါဆိုတာမင်းအတွက်လူရာတောင်ဝင်လား
လိုတုန်းခေါ် လိုတုန်းပြော လိုတုန်းချစ် လိုသုံးတယ်
မင်းမိဘမင်းအသိုင်းအဝိုင်း
မင်းသိပ်ချစ်တဲ့လူတွေအသိဆုံး
ဘယ်လောက်ထိငါပေးဆပ်ကာချစ်ခဲ့ရ

ကြာရှည်စွာနှစ်နှစ်လလမင်းအတွက်ငါပေးဆပ်ပြီးနောက်
ရူးရူးမိုက်မိုက်ဖြစ်ပျက်ကာချစ်ခဲ့ပြီးမှ
ငါရှိလဲဖြစ်တယ် မရှိလဲဖြစ်တယ်
မင်းရဲ့အဲ့ဒီစောက်ကျင့်လေးတွေကိုငါမုန်း
ဒါဆိုရင်ရိုးရိုးရှင်းရှင်းပြတ်ဖို့သာဖွင့်ကာပြောလိုက်
လူကိုတိုးလို့တန့်လန့် သွားမရအောင်ဆွဲကိုင်ထားတဲ့မင်း
မင်းဟာဘယ်လိုလူလဲ ..

Was I too dumb to realize
there was no love အစထဲက
ဒီလိုငါလမ်းခွဲစကားများပြောလဲ
မင်းဟာအေးဆေးအပြုံးမပျက်လုပ်ကာနေတုန်းပဲ
ဟိုအရင်လိုလွမ်းလောက်တဲ့အမှတ်တရမျိုး
ကြုံတိုင်းငါငိုချမယ်ငိုချကာငါမေ့မယ်
မုန်းပစ်လိုက်မယ် မေ့ပစ်လိုက်မယ် ထားခဲ့လိုက်မယ်
Say goodbye
အတူရှိခဲ့နေ့များအတွက်… အို..ကျေးဇူးပဲ

ကြာရှည်စွာနှစ်နှစ်လလမင်းအတွက်ငါပေးဆပ်ပြီးနောက်
ရူးရူးမိုက်မိုက်ဖြစ်ပျက်ကာချစ်ခဲ့ပြီးမှ
ငါရှိလဲဖြစ်တယ် မရှိလဲဖြစ်တယ်
မင်းရဲ့အဲ့ဒီစောက်ကျင့်လေးတွေကိုငါမုန်း
ဒါဆိုရင်ရိုးရိုးရှင်းရှင်းပြတ်ဖို့သာဖွင့်ကာပြောလိုက်
လူကိုတိုးလို့တန့်လန့် သွားမရအောင်ဆွဲကိုင်ထားတဲ့မင်း
မင်းဟာဘယ်လိုလူလဲ ..

ကြာရှည်စွာနှစ်နှစ်လလမင်းအတွက်ငါပေးဆပ်ပြီးနောက်
ရူးရူးမိုက်မိုက်ဖြစ်ပျက်ကာချစ်ခဲ့ပြီးမှ
ငါရှိလဲဖြစ်တယ် မရှိလဲဖြစ်တယ်
မင်းရဲ့အဲ့ဒီစောက်ကျင့်လေးတွေကိုငါမုန်း
ဒါဆိုရင်ရိုးရိုးရှင်းရှင်းပြတ်ဖို့သာဖွင့်ကာပြောလိုက်
လူကိုတိုးလို့တန့်လန့် သွားမရအောင်ဆွဲကိုင်ထားတဲ့မင်း
မင်းဟာဘယ်လိုလူလဲ ..”

ဂီတတေးသွားပိုင်းမှာတော့ နားထောင်တာနဲ့  Mary ပုံ၊ Mary ဟန်ကို တန်းမြင်ရပါတယ်။ အကြောင်းအရာအနေနဲ့ သူ့ကို လိုသုံးလို သဘောထားတဲ့ ကောင်လေး၊ သူ့ကို ရှိလည်း ဖြစ်တယ်၊ မရှိလည်း ဖြစ်တယ်လို့ သဘောထားတဲ့ ကောင်လေးကို” ပြတ်မယ်ဆို ဖွင့်ပြောလိုက်ပါ၊ ဘာလို့ ဆွဲထားရတာလဲ” ဆိုပြီး မေးခွန်းထုတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်မို့ မိန်းကလေးတွေ ကြိုက်ကြဦးမယ် ထင်ပါတယ်။

Music Video ကိုလည်း Mary ကို ပရိသတ်တွေ အကြံပေးတဲ့အတိုင်း ချစ်ဖို့ ကောင်းတဲ့ ပုံစံဘက် မသွားဘဲ ခပ်ကြမ်းကြမ်း ပုံစံရိုက်ကူးထားပါတယ်။ MV ရဲ့ ရိုက်ချက်တွေကလည်း အမိုက်စားပါပဲ။ ကြည့်ရှုမယ်ဆိုရင် ဒီမှာ ကြည့်လို့ ရပါတယ်။

ယောကျ်ားလေးပရိသတ်တွေကတော့ Mary နဲ့ တွဲသရုပ်ဆောင်တဲ့ အမျိုးသားမော်ဒယ်လ်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတာကို Comment တွေမှာ ရယ်ရွှင်ဖွယ်တွေ့ရပါတယ်။ ဒီသီချင်းကို သြဂုတ်လ ၃၀ ရက်နေ့က Mary ရဲ့ Facebook Page မှာ တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

‘လိုသုံး’ သီချင်းဟာ Mary ရဲ့ ထွက်ရှိမယ့် အခွေသစ်မှာ ပါဝင်မယ့် သီချင်းလို့ သိရပြီး Mary ရဲ့ Album သစ်ကို ၈ လပိုင်းထွက်ရှိမယ်ဆိုပေမယ့် အခုတော့ ပိုနောက်ကျသွားဖို့ ရှိနေတယ်လို့ မျှော်မှန်းရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Mary