[Zawgyi]

မန်ယူအသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို
ပယ်ချလိုက်တဲ့ မာစီယဲလ်(Martial)

မန်ယူအသင်းရဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ်(Martial)ဟာ အသင်းက စာချုပ်သက်တမ်းတိုးဖို့
ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် သူ့ကို ခေါ်ယူလိုနေတဲ့ ဂျူဗင်တပ်စ်အသင်းက အရှိန်မြှင့် ကြိုးပမ်းမယ့်အနေအထားရှိနေပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို အလက်ဆစ်ဆန်းချက်ဇ်( Alexis Sanchez)ရောက်ရှိလာပြီးတဲ့နောက်
မာစီယဲလ်ဟာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့အတွက် မကျေမနပ်ဖြစ်နေတယ်လို့လည်း သတင်းတွေထွက်နေတယ်။ မန်ယူအသင်း
အတွက် ပွဲ(၄၀)ကစား (၁၁)ဂိုးသွင်းယူထားတဲ့ မာစီယဲလ်ဟာ အလက်ဆစ်ဆန်းချက်ဇ် မရောက်လာခင်ကတည်းက ရပ်ရှ်ဖို့ဒ်
(Rashford)နဲ့ ပွဲထွက်ခွင့်တစ်နေရာကို အပြိုင်လုခဲ့ရတာဖြစ်ပြီး အခုအချိန်မှာလည်း ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့်
လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေပါပြီ။

မာစီယဲလ်ကို ဂျူဗင်တပ်စ်အပြင် စပါး၊ အက်သလက်တီကို၊ PSG အသင်းတို့ကလည်း အရင်ကတည်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ကြ
တာပါ။ ၂၀၁၅၊ စက်တင်ဘာလတုန်းက မိုနာကိုအသင်းကနေ မန်ယူအသင်းဆီ ပေါင်(၃၆)သန်း(ဆုကြေးတွေပါ ထည့်ထွက်မယ်
ဆိုရင် ပေါင် ၅၈သန်းအထိရှိ)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ မာစီယဲလ်ဟာ လာမယ့်နှစ်ကုန်ရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းပြည့်မှာဖြစ်
ပါတယ်။ မန်ယူအသင်းအနေနဲ့ မာစီယဲလ်ကို ဆက်ထိန်းနိုင်ဖို့ ဘယ်လိုစီစဉ်ဆောင်ရွက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

REF:Daily Mail
Photo:Metro
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းက စာခ်ုပ်သစ္ခ်ုပ္ဆိုဖို့ ကမ်းလွမ်းမှုကို
ပယ္ခ်လိုက္တဲ့ မာစီယဲလ်(Martial)

မန်ယူအသင်းရျဲ့ပင်သစ္လက်ရြေးစင် တောင္ပံတိုက္စစ္ကစားသမား မာစီယဲလ်(Martial)ဟာ အသင်းက စာခ်ုပ်သက္တမ်းတိုးဖို့
ကမ်းလွမ်းမှုကို ပယ္ခ်ခဲ့တာကြောင့် သူ့ကို ခေါ်ယူလိုနေတဲ့ ဂ်ူဗင္တပ္စ်အသင်းက အရွိန်ျမှင့် ကြိုးပမ်းမယ့်အေနအထားရွိနေပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီအျေပာင်းအေရွှ့မွာ မန်ယူအသင်းကို အလက္ဆစ္ဆန်းခ်က္ဇ်( Alexis Sanchez)ရောက်ရွိလာပြီးတဲ့နောက်
မာစီယဲလ်ဟာ ပုံမွန္ကစားခြင့်ပော်က္ဆုံးနေတဲ့အတြက် မေက်မနပ်ျဖစ်နေတယ္လို့လည်း သတင်းတြေထြက်နေတယ်။ မန်ယူအသင်း
အတြက် ပြဲ(၄၀)ကစား (၁၁)ဂိုးသြင်းယူထားတဲ့ မာစီယဲလ်ဟာ အလက္ဆစ္ဆန်းခ်က္ဇ် မေရာက္လာခင္ကတည်းက ရပ်ရ္ဖွို့ဒ်
(Rashford)နဲ့ ပြဲထြက္ခြင့္တစ်နေရာကို အပြိုင္လုခဲ့ရတျာဖစ်ပြီး အခုအခိန္မွာလည်း ပဲထြက္ကစားခြင့်ရဖို့ ရုန်းကန်နေရတာကြောင့်
လာမယ့်နြေရာသီမွာ အသင်ျးေပာင်းရွှေ့ဖို့ စီစဉ်နေပါပြီ။
မာစီယဲလ္ကို ဂ်ူဗင္တပ္စ်အျပင် စပါး၊ အက်သလက္တီကို၊ PSG အသင်းတို့ကလည်း အရင္ကတည်းက ခေါ်ယူဖို့ ပစ္မွတ္ထားခဲ့ကြ
တာပါ။ ၂၀၁၅၊ စက္တင္ဘာလတုန်းက မိုနာကိုအသင်းကေန မန်ယူအသင်းဆီ ပေါင်(၃၆)သန်း(ဆုကြေးတြေပါ ထည့်ထြက္မယ်
ဆိုရင် ပေါင် ၅၈သန်းအထိရွိ)နဲ့ျေပာင်းရွှေ့ခဲ့တဲ့ မာစီယဲလ်ဟာ လာမယ့္နွစ္ကုန်ရင် မန်ယူအသင်းနဲ့ စာခ်ုပ်သက္တမ်ျးပည့္မျွာဖစ်
ပါတယ်။ မန်ယူအသင်းအေနနဲ့ မာစီယဲလ္ကို ဆက္ထိန်းနိုင္ဖို့ ဘယ္လိုစီစဉ်ဆောင်ရြက္မလဲဆိုတာ စိတ်ဝင္စားစရာပါ။

REF:Daily Mail
Photo:Metro
Naing Linn(Akhayar)
www.akhayar.com