[Zawgyi]

တစ္သားေမြးတစ္ေသြးလွတဲ့ ဆယ္လီေမေမတုိ႕ရဲ႕ လူၾကဳိက္အမ်ားဆုံးပြဲတက္ဖက္ရွင္

ထိပ္တန္းမင္းသမီးေတြျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ (အူ၀ဲ)၊ ခ်စ္သုေ၀ (ထရီဇာ)၊ မယ္လုိဒီ(မမ်ိဳး)၊ သက္မြန္ျမင့္(ခ်စ္သက္)၊ သင္ဇာႏြယ္၀င္း နဲ႕ မုိးယုစံ တုိ႕ကေတာ့ အိမ္ေထာင္က်ျပီးေပမယ့္လည္း ေမာ္ဒယ္ေတြရႈံးေလာက္တဲ့ ခႏၶာကုိယ္အခ်ိဳးအစား ပုိင္ဆုိင္ထားျပီး အမုိက္စားဖက္ရွင္ေတြေၾကာင့္ ပရိသတ္စိတ္၀င္စားမႈေတြ ရရွိထားတာျဖစ္ပါတယ္။  အပ်ိဳေလးေတြထက္ေတာင္ ပုိလန္းၾကတဲ့ ဒီမင္းသမီး(၆)လက္ရဲ႕ ပြဲတက္ဖက္ရွင္ေတြဟာ လူမႈကြန္ရက္မွာ အေတာ္ေလး ေရပန္းစားခဲ့ျပီး ျမင္သူတုိင္းကုိ အခ်စ္ပုိေစခဲ့ပါတယ္။ ဘယ္လုိပြဲတက္ဒီဇုိင္းမ်ိဳးေတြျဖစ္မလဲဆုိတာ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

(၁) အိျႏၵာေက်္ာဇင္

Pyay Ti Oo and Eaindrakyawzin

အႏုပညာေလာကမွာ သက္တမ္းအရွည္အၾကာဆုံး ေရွ႕မီွေနာက္မွီ မင္းသမီးတစ္လက္အျဖစ္ ေအာင္ျမင္မႈထိန္းထားႏုိင္သူကေတာ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ ျဖစ္ပါတယ္။

ရင္ဘတ္ထဲကဓားနဲ႕ အကယ္ဒမီဆုဆြတ္ခူးထားသူျဖစ္တဲ့ အူ၀ဲ ဟာ သားသမီး ႏွစ္ေယာက္ရဲ႕ မိခင္တစ္ေယာက္ျဖစ္ေပမယ့္လည္း ခႏၶာကိုယ္အခ်ိဳးအစားက်စ္လ်စ္လွပျပီး လုံလုံျခံဳျခံဳေလးနဲ႕ ဖက္ရွင္က်ေအာင္ ၀တ္ဆင္တတ္သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူမကုိ ဖက္ရွင္ဘုရင္မ တစ္ပါးလုိ႕ေတာင္ တင္စားထားၾကတာပါ။

(၂) ခ်စ္သုေ၀

ChitThu Wai family

အားလုံးရဲ႕ အသဲေက်္ာ ေခတ္ နဲ႕ သစ္ ရဲ႕ ေမေမ ၊ အဆုိေတာ္ လင္းလင္းရဲ႕ ခ်စ္ဇနီးေလး ခ်စ္သုေ၀ကေတာ့ အမႊာသမီးေလးႏွစ္ေယာက္ ေမြးျပီးကထဲက အႏုပညာအလုပ္ေတြအမ်ားၾကီး မလုပ္ျဖစ္ေတာ့ေပမယ့္လည္း  ပြဲတက္တဲ့အခါ သူမရဲ႕ အ၀တ္အစားဖက္ရွင္ေတြက ပရိသတ္အၾကဳိက္နဲ႕ ထပ္တူက်လ်က္ရွိပါတယ္။ ကေလးႏွစ္ေယာက္ အေမလုိ႕ ေတာင္ ထင္ရက္စရာမရွိေလာက္တဲ့ သူမရဲ႕အလွနဲ႕ ဖက္ရွင္ ေပါင္းစပ္လုိက္တဲ့အခါ ရူးခါေနေအာင္ ခ်စ္ဖုိ႕ေကာင္းေနတတ္ပါတယ္။

(၃) မယ္လုိဒီ

Melody

လူမႈကြန္ရက္မွာ ပရိသတ္ေတြခ်စ္ေနၾကတဲ့ သားသားေလး သိဒၶိစစ္ရဲ႕ ေမေမ ဆုိလည္းဟုတ္ပါတယ္။ က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြသိပ္မလုပ္ျဖစ္ေပမယ့္ နာမည္ၾကီးပြဲေတြတက္တုိင္းမွာ တစ္သားေမြးတစ္ေသြးလွေနတဲ့ ေမေမ မယ္လုိဒီရဲ႕ ဖက္ရွင္ကလည္း ဒီေန႕ေခတ္ ေမာ္ဒယ္မေလးေတြ နဲ႕ အျပဳိင္ လန္းေနပါေသးတယ္။ လူၾကဳိက္မ်ားခဲ့တဲ့ သူမရဲ႕ အလွဆုံးပြဲတက္၀တ္စုံကေတာ့ သူမရဲ႕ ျဖဴ၀င္းတဲ့အသားအေရာင္နဲ႕ လုိက္ဖက္ညီလွတာကုိေတြ႕ရပါတယ္။

(၄)သက္မြန္ျမင့္

ခ်စ္သက္လုိ႕ နာမည္ေျပာင္ေလးအေခၚခံရတဲ့ သရုပ္ေဆာင္အကယ္ဒမီ သက္မြန္ျမင့္ကလည္း ကေလးႏွစ္ေယာက္အေမျဖစ္ေပမယ့္ ေက်ာ့ရွင္းလွပတဲ့ သူမရဲ႕ အရပ္အေမာင္း နဲ႕ ေကာက္ေၾကာင္းအလွေၾကာင့္ ပြဲတက္ဂါ၀န္ေတြ၀တ္ဆင္တုိင္း ဖက္ရွင္က်ေနတတ္သူပါ။

Thet Mon Myint

သူမက ေမာ္ဒယ္ေလာကကေန အႏုပညာေလာကထဲကုိ စတင္ေျခခ်ခဲ့သူမုိ႕ ေအာင္ျမင္မႈကုိအခ်ိန္ၾကာၾကာထိန္းထားႏုိင္သူတစ္ဦးျဖစ္ပါတယ္။

(၅) သင္ဇာႏြယ္၀င္း

Thinzar Nwe Win Family

အိမ္ေထာင္ေရးကံေကာင္းသူေလးလုိ႕ မိန္းကေလးတုိင္းအားက်ရတဲ့ အႏုပညာရွင္ထဲမွာ သင္ဇာႏြယ္၀င္းတစ္ေယာက္လည္းပါ၀င္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သားေလးရဲ႕ ေမေမ သင္ဇာႏြယ္၀င္းဟာ အႏုပညာေလာကမွာ ဇာတ္ကားေပါင္းမ်ားစြာရုိက္ကူးခဲ့ျပီး ဒီေန႕အထိပရိသတ္အားေပးမႈရရွိထားပါတယ္။ ဘယ္လုိ၀တ္စုံေလးေတြပဲ ၀တ္၀တ္ ခ်စ္စရာေကာင္းျပီး ဖက္ရွင္က်တဲ့အတြက္လည္း သူမရဲ႕ ပုံရိပ္ေတြက ေရပန္းစားလ်က္ရွိပါတယ္။

(၆) မုိးယုစံ

သရုပ္ေဆာင္ မုိးယုစံကလည္း သာယာေပ်ာ္ရႊင္ဖြယ္အိမ္ေထာင္ေရးပုိင္ဆုိင္ထားရျပီး လက္တစ္ေလာမွာေတာ့ သားေလးတစ္ေယာက္ရဲ႕ေမေမအျဖစ္နဲ႕ အလွၾကီးလွလုိိ႕ေနတာပါ။ ကေလးအေမလုိ႕ေတာင္မထင္ရပဲ သူမရဲ႕ ဖက္ရွင္ကလည္း အျပတ္အသပ္ပုိလန္းလာတာကုိ ပရိသတ္ေတြ သေဘာက်မယ္လုိ႕ေမွ်ာ္လင့္ပါတယ္။

Moe Yu San

Thinzar Nwe Win and Moe Yu San

သင္ဇာႏြယ္၀င္း နဲ႕ မုိးယုစံကေတာ့ အိမ္ေထာင္က်တာ မတိမ္းမယိမ္းျဖစ္သလုိ သားေလးတစ္ေယာက္ထဲ ေမြးထားတာခ်င္းလည္း အတူတူျဖစ္ပါတယ္။ အျပင္မွာလည္း သူတုိ႕ႏွစ္ဦးဟာ သိပ္ခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ျပီး အႏုပညာလႈပ္ရွားမႈေတြအတူတူလုပ္ကုိင္ခဲ့ဖူးပါတယ္။ လက္တစ္ေလာမွာလည္း သားေလးေတြရျပီးေနာက္မွာ ပုိျပီးလွပကာ ဖက္ရွင္က်လာတဲ့ သင္ဇာ နဲ႕ မုိးယု ရဲ႕ အလွဆုံးပြဲတက္၀တ္စုံပုံရိပ္ေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။ ဘယ္သူက ဖက္ရွင္အက်ဆုံးျဖစ္မလဲ ဆုိတာ ေျပာျပခဲ့ပါဦးေနာ္။

Stella (Akhayar)

www.Akhyar.com

Photos Credit -Amazing Grace,Aung Kyaw Htun.EaindraKyawzin facebook, Chitthuwai facebook,Melody facebook,ThetMonMyint facebook,ThinzarNwewin facebook,Moeyusan facebook

[Unicode]

တစ်သားမွေးတစ်သွေးလှတဲ့ ဆယ်လီမေမေတို့ရဲ့ လူကြိုက်အများဆုံးပွဲတက်ဖက်ရှင်

ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင် (အူဝဲ)၊ ချစ်သုေ၀ (ထရီဇာ)၊ မယ်လိုဒီ(မမျိုး)၊သက်မွန်မြင့်(ချစ်သက်)၊ သင်ဇာနွယ်ဝင်း နဲ့ မိုးယုစံ တို့ကတော့ အိမ်ထောင်ကျပြီးပေမယ့်လည်း မော်ဒယ်တွေရှုံးလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားပြီး အမိုက်စားဖက်ရှင်တွေကြောင့် ပရိသတ်စိတ်ဝင်စားမှုတွေရရှိထားတာဖြစ်ပါတယ်။ အပျိုလေးတွေထက်တောင် ပိုလန်းကြတဲ့ ဒီမင်းသမီး(၆)လက်ရဲ့ ပွဲတက်ဖက်ရှင်တွေဟာ လူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားခဲ့ပြီး မြင်သူတိုင်းကို အချစ်ပိုစေခဲ့ပါတယ်။ ဘယ်လိုပွဲတက်ဒီဇိုင်းမျိုးတွေဖြစ်မလဲဆိုတာ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Pyay Ti Oo and Eaindrakyawzin

(၁) အိန္ဒြာကျေ်ာဇင်

အနုပညာလောကမှာ သက်တမ်းအရှည်အကြာဆုံး ရှေ့မှီနောက်မှီ မင်းသမီးတစ်လက်အဖြစ် အောင်မြင်မှုထိန်းထားနိုင်သူကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။


ရင်ဘတ်ထဲကဓားနဲ့  ယခုနှစ်အကယ်ဒမီ ဆုဆွတ်ခူးထားသူဖြစ်တဲ့ အူဝဲ ဟာ သားသမီး နှစ်ယောက်ရဲ့ မိခင်တစ်ယောက်ဖြစ်ပေမယ့်လည်း ခန္ဓာကိုယ်အချိုးအစားကျစ်လျစ်လှပပြီး လုံလုံခြုံခြုံလေးနဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်တတ်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမကို ဖက်ရှင်ဘုရင်မ တစ်ပါးလို့တောင် တင်စားထားကြတာပါ။

(၂) ချစ်သုဝေ

Chit Thu Wai Family


အားလုံးရဲ့ အသဲကျေ်ာ ခေတ် နဲ့ သစ် ရဲ့ မေမေ ၊ အဆိုတော် လင်းလင်းရဲ့ ချစ်ဇနီးလေး ချစ်သုဝေကတော့ အမွှာသမီးလေးနှစ်ယောက်မွေးပြီးကထဲက အနုပညာအလုပ်တွေအများကြီးမလုပ်ဖြစ်တော့ပေမယ့်လည်း ပွဲတက်တဲ့အခါ သူမရဲ့ အဝတ်အစားဖက်ရှင်တွေက ပရိသတ်အကြိုက်နဲ့ ထပ်တူကျလျက်ရှိပါတယ်။ ကလေးနှစ်ယောက်အမေလို့ တောင် ထင်ရက်စရာမရှိလောက်တဲ့ သူမရဲ့အလှနဲ့ ဖက်ရှင် ပေါင်းစပ်လိုက်တဲ့အခါ ရူးခါနေအောင် ချစ်ဖို့ကောင်းနေတတ်ပါတယ်။

(၃) မယ်လိုဒီ

Melody

လူမှုကွန်ရက်မှာ ပရိသတ်တွေချစ်နေကြတဲ့ သားသားလေး သိဒ္ဓိစစ်ရဲ့ မေမေ ဆိုလည်းဟုတ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပေမယ့် နာမည်ကြီးပွဲတွေတက်တိုင်းမှာ တစ်သားမွေးတစ်သွေးလှနေတဲ့ မေမေ မယ်လိုဒီရဲ့ ဖက်ရှင်ကလည်း ဒီနေ့ခေတ် မော်ဒယ်မလေးတွေ နဲ့ အပြိုင် လန်းနေပါသေးတယ်။ လူကြိုက်များခဲ့တဲ့ သူမရဲ့ အလှဆုံးပွဲတက်ဝတ်စုံကတော့ ထင်းကနဲလင်းကနဲဖြစ်အောင် သူမရဲ့ ဖြူဝင်းတဲ့အသားအရောင်နဲ့ လိုက်ဖက်ညီလှတာကိုတွေ့ရပါတယ်။

(၄)သက်မွန်မြင့်

Thet Mon Myint


ချစ်သက်လို့ နာမည်ပြောင်လေးအခေါ်ခံရတဲ့ သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်ကလည်း ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် ကျော့ရှင်းလှပတဲ့ သူမရဲ့ အရပ်အမောင်း နဲ့ ကောက်ကြောင်းအလှကြောင့် ပွဲတက်ဂါဝန်တွေဝတ်ဆင်တိုင်း ဖက်ရှင်ကျနေတတ်သူပါ။ သူမက မော်ဒယ်လောကကနေ အနုပညာလောကထဲကို စတင်ခြေချခဲ့သူမို့ အောင်မြင်မှုကိုအချိန်ကြာကြာထိန်းထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

(၅) သင်ဇာနွယ်ဝင်း

Thinzar Nwe Win Family


အိမ်ထောင်ရေးကံကောင်းသူလေးလို့ မိန်းကလေးတိုင်းအားကျရတဲ့ အနုပညာရှင်ထဲမှာ သင်ဇာနွယ်ဝင်းတစ်ယောက်လည်းပါဝင်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးရဲ့ မေမေ သင်ဇာနွယ်ဝင်းဟာ အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ဒီနေ့အထိပရိသတ်အားပေးမှုရရှိထားပါတယ်။ ဘယ်လိုဝတ်စုံလေးတွေပဲ ဝတ်ဝတ် ချစ်စရာကောင်းပြီး ဖက်ရှင်ကျတဲ့အတွက်လည်း သူမရဲ့ ပုံရိပ်တွေက ရေပန်းစားလျက်ရှိပါတယ်။

(၆) မိုးယုစံ

သရုပ်ဆောင် မိုးယုစံကလည်း သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးပိုင်ဆိုင်ထားရပြီး လက်တစ်လောမှာတော့ သားလေးတစ်ယောက်ရဲ့မေမေအဖြစ်နဲ့ အလှကြီးလှလို့နေတာပါ။ ကလေးအမေလို့တောင်မထင်ရပဲ သူမရဲ့ ဖက်ရှင်ကလည်း အပြတ်အသပ်ပိုလန်းလာတာကို ပရိသတ်တွေ သဘောကျမယ်လို့မျှော်လင့်ပါတယ်။

Moe Yu San

Thinzar Nwe Win and Moe Yu San

သင်ဇာနွယ်ဝင်း နဲ့ မိုးယုစံကတော့ အိမ်ထောင်ကျတာ မတိမ်းမယိမ်းဖြစ်သလို သားလေးတစ်ယောက်ထဲ မွေးထားတာချင်းလည်း အတူတူဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေအတူတူလုပ်ကိုင်ခဲ့ဖူးပါတယ်။လက်တစ်လောမှာလည်း သားလေးတွေရပြီးနောက်မှာ ပိုပြီးလှပကာ ဖက်ရှင်ကျလာတဲ့ သင်ဇာ နဲ့ မိုးယု ရဲ့ အလှဆုံးပွဲတက်ဝတ်စုံပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူက ဖက်ရှင်အကျဆုံးဖြစ်မလဲ ဆိုတာ ပြောပြခဲ့ပါဦးနော်။

Stella (Akhayar)

www.Akhyar.com

Photos Credit -Amazing Grace,Aung Kyaw Htun.EaindraKyawzin facebook, Chitthuwai facebook,Melody facebook,ThetMonMyint facebook,ThinzarNwewin facebook,Moeyusan facebook