[Zawgyi]

ေခတ္လူငယ္တိုင္းရဲ႕ ခိုုနားရာေလး လတ္တေလာ နာမည္အႀကီးဆံုုး Mary’s Cafe

အခရာရဲ႕ အစားတစ္လိုင္းတို႔ေရ…
လတ္တေလာ ရန္ကုန္ၿမိဳ႕မွာ လူငယ္အဆန္ဆံုးနဲ႔ ခ်စ္ဖို႔အေကာင္းဆံုး ဆိုင္လွလွေလးတစ္ဆိုင္ ဖြင့္ထားတာ သိၿပီးၾကၿပီလား?
အထာက်ၿပီး ေခတ္ေဟာင္းနဲ႔ လူငယ္စတိုင္ေပါင္းစပ္ထားတဲ့ တိတ္ဆိတ္ေအးခ်မ္းစရာ ကမ႓ာေလးမို႔ လူငယ္ေလးေတြ၊ ေကာင္မေလးေတြ ေတာ္ေတာ္မ်ားမ်ား အေျပးအလႊား သြားၾက၊ စားၾက၊ ပံုေလးေတြ႐ိုက္ၿပီးတင္ၾကနဲ႔ Facebook ေပၚေရာ Instagram ေပၚမွာပါ နာမည္ႀကီးေနၿပီဆိုေတာ့ကာ အခရာရဲ႕ ပရိသတ္ေတြအတြက္ ဆိုင္အေနအထားဘာညာကာလာကို သတင္းအစံုအလင္ သိရေအာင္ မတိမ္းမေစာင္း ဗိန္းေမာင္းတီးၿပီး ဆိုင္ဖြင့္ရက္ေလးတစ္ရက္မွာ အေျပးအမီ ခ်ီကာတက္ခဲ့ၿပီေနာ္။

ဆိုင္ေလးက ရန္ကင္း၊ ေက်ာက္ကုန္းလမ္းထဲ အ.ထ.က (၂) ရန္ကင္း ေဘးက လမ္းသြယ္ေလးထဲမွာ ရွိတယ္။ ေနရာအေနအထား ရွာရတာ မသိရင္ လမ္းေတာ္ေတာ္လည္မယ့္ Hidden Paradise ေလး။ ေရာက္သြားရင္ေတာ့ အေမာေျပရမွာ။

ျပင္ထားတဲ့အျပင္အဆင္ေလးက ေနရာအကုန္လံုး Instagrammy Spot ေလးပါ။ အတြင္းဘက္အခန္းေလးက Vintage ဆန္တယ္။ စာအုပ္အေဟာင္းေလးေတြ၊ ကင္မရာေတြ၊ ကတ္ဆက္တိပ္ေခြေလးေတြနဲ႔ ဓါတ္ပံုေလးေတြ ခ်ိတ္ထားတာကိုက ေႏြးေႏြးေထြးေထြးခ်စ္စရာေလး။

အတြင္းခန္းထဲမွာ စားပြဲ ၄,၅ ခုရွိတယ္။ အျပင္ဘက္ကို မွန္ထဲကေနေငးလို႔ရတဲ့ ဘားေလးရွိတယ္။

အျပင္မွာဆို? နာမည္ႀကီး ဘတ္စကတ္ေဘာေဆာ့လို႔ရတဲ့ ကြင္းဝါဝါေလးက ဒီဆိုင္ေလးရဲ႕ နာမည္အႀကီးဆံုး ထူးျခားခ်က္ေလးေနာ္။ အဝါေရာင္ဆိုတာ Instagrammy Theme ဆိုေတာ့ ဒီကြင္းေလးနဲ႔ ဓါတ္ပံု႐ိုက္ဖို႔လည္း မေမ့ခဲ့နဲ႔ေနာ္။

သူ႔ေဘးမွာက ျခံဝန္းေလး။ ခံုေလးေတြေတာ့ခင္းထားေလရဲ႕။ ေကာင္မေလးေတြ လုထိုင္ရမယ့္ ခံုေလးရွိတယ္။ ပံုထဲမွာ ရွာပါ။

သေဘာက်စရာအေကာင္းဆံုးကေတာ့ Photo Booth နီနီေလး။ သူ႕ေဘးနားမွာ စံုတြဲေတြအၾကည့္ခ်င္း ဖလွယ္ၿပီး ဓါတ္ဖမ္းလို႔ အရမ္း႐ိုမယ့္ Love at first Sight စာတန္းေလးလည္း ရွိေသးတယ္။

ဘာစားခဲ့လဲဆိုရင္ေတာ့ Menu ေတြထဲက Butter Fish With Lemon Sauce ေလးကို Mashed Potato ေလးနဲ႔ရယ္၊ Lemon Ice Tea ေလးရယ္နဲ႕ သာယာခဲ့တယ္။

သူ႕ Butter Fish ေလးကို Page မွာ ေၾကညာတည္းက သေရက်ခဲ့တာမို႔ လက္ေတြ႕စားၾကည့္ေတာ့ ငါးက င႐ုတ္ေကာင္းမႈန္႔ေလးေတြနဲ႔ ေမႊးေနၿပီး Grill လုပ္ထားတာ သဒၵါပိုသြားတယ္ထင့္ အက်က္လြန္သြားပါေလေရာ။ ဒါေပမယ့္ စားေကာင္းတယ္။ Mashed Potato အမ်ားႀကီးပဲ။ Lemon Sauce အခ်ဥ္စူစူးေလးနဲ႔ လိုက္ဖက္တဲ့ငါးနဲ႔ေဆာ့စ္ပါပဲလို႔။

Ice Lemon Tea ေလးက အေမာေျပ ခ်ဥ္ေမႊးေလး။ ၉၀၀ တည္းေပးရတယ္။

Mary’s ဆိုင္ေလးမွာ မနက္စာလည္း ရတယ္။ ေန႔လည္စာ ထမင္းဟင္း Set ေလးေတြလည္း ရတယ္။ ဘိုစာစားမလား ဘာလာလာေဒါင္းၿပီးသား။ Menu ေလး ေတာ႔ ဒီထက္စံုရင္ သိပ္ေကာင္းမွာ။ မိုုးတြင္းဆိုေတာ့ ယင္ေကာင္လည္း ရွိတယ္။

ဆိုင္ေလးက Outdoor အဓိကအသားေပးမို႔ မိုးရြာေနရင္ မသြားေစခ်င္ဘူး။ မိုးအံု႔အံု႔ေလးကေတာ့ ထိုင္လို႔အလွဆံုးပဲ။ ေတြ႕ရသေလာက္ ေကာင္မေလးလန္းလန္းေလးေတြ သူငယ္ခ်င္းအုပ္လိုက္နဲ႔လာၾက ဓါတ္ပံု႐ိုက္ၾကနဲ႔ ေပ်ာ္စရာ မ်က္စိပသာဒျဖစ္စရာေလး။

ဖြင့္ခ်ိန္ က အဂၤါ ဗုဒၶဟူး ၾကာသပေတး ဆို မနက္ ၈ နာရီ ကေန ၅ နာရီထိ။ ေသာၾကာ၊ စေန၊ တနဂၤေႏြဆို မနက္ ၇ခြဲ မွညေန ၆ နာရီထိ ပါတဲ့။ သတိ တနၤလာတစ္ရက္ လံုးဝပိတ္ပါတယ္ေနာ္။

ဆိုင္ေလးက Location မေပၚေသးလို႔ Grab တို႔လို Taxi Service ေတြနဲ႔ ဌားလို႔မရေသးဘူး။ ဒါေလးေတာ့ သတိထားေနာ္။

ဒါဆို Instagram မွာ ဓါတ္ပံုလွလွေလးတင္ဖို႔ Background ေကာင္းေကာင္းေလးရွာေနၿပီလား? ေအးေအးေဆးေဆး တစ္ေနကုန္ Chill ဖို႔ တိတ္ဆိတ္တဲ့ ဆိုင္ေလး ရွာေနၿပီလား။ Mary’s ကမ႓ာေလးက လူငယ္အဆန္ဆံုး Chilli လို႔ေကာင္းမယ့္ ရန္ကုန္ၿမိဳ႕ရဲ႕ Best Spot Ever ပါလို႔။

FoodieEi (Akhayar)

[Unicode]

ခေတ်လူငယ်တိုင်းရဲ့ ခိုုနားရာလေး လတ်တလော နာမည်အကြီးဆုံုး Mary’s Cafe

အခရာရဲ့ အစားတစ်လိုင်းတို့ရေ…
လတ်တလော ရန်ကုန်မြို့မှာ လူငယ်အဆန်ဆုံးနဲ့ ချစ်ဖို့အကောင်းဆုံး ဆိုင်လှလှလေးတစ်ဆိုင် ဖွင့်ထားတာ သိပြီးကြပြီလား?
အထာကျပြီး ခေတ်ဟောင်းနဲ့ လူငယ်စတိုင်ပေါင်းစပ်ထားတဲ့ တိတ်ဆိတ်အေးချမ်းစရာ ကမ္ဘာလေးမို့ လူငယ်လေးတွေ၊ ကောင်မလေးတွေ တော်တော်များများ အပြေးအလွှား သွားကြ၊ စားကြ၊ ပုံလေးတွေရိုက်ပြီးတင်ကြနဲ့ Facebook ပေါ်ရော Instagram ပေါ်မှာပါ နာမည်ကြီးနေပြီဆိုတော့ကာ အခရာရဲ့ ပရိသတ်တွေအတွက် ဆိုင်အနေအထားဘာညာကာလာကို သတင်းအစုံအလင် သိရအောင် မတိမ်းမစောင်း ဗိန်းမောင်းတီးပြီး ဆိုင်ဖွင့်ရက်လေးတစ်ရက်မှာ အပြေးအမီ ချီကာတက်ခဲ့ပြီနော်။

ဆိုင်လေးက ရန်ကင်း၊ ကျောက်ကုန်းလမ်းထဲ အ.ထ.က (၂) ရန်ကင်း ဘေးက လမ်းသွယ်လေးထဲမှာ ရှိတယ်။ နေရာအနေအထား ရှာရတာ မသိရင် လမ်းတော်တော်လည်မယ့် Hidden Paradise လေး။ ရောက်သွားရင်တော့ အမောပြေရမှာ။

ပြင်ထားတဲ့အပြင်အဆင်လေးက နေရာအကုန်လုံး Instagrammy Spot လေးပါ။ အတွင်းဘက်အခန်းလေးက Vintage ဆန်တယ်။ စာအုပ်အဟောင်းလေးတွေ၊ ကင်မရာတွေ၊ ကတ်ဆက်တိပ်ခွေလေးတွေနဲ့ ဓါတ်ပုံလေးတွေ ချိတ်ထားတာကိုက နွေးနွေးထွေးထွေးချစ်စရာလေး။

အတွင်းခန်းထဲမှာ စားပွဲ ၄,၅ ခုရှိတယ်။ အပြင်ဘက်ကို မှန်ထဲကနေငေးလို့ရတဲ့ ဘားလေးရှိတယ်။

အပြင်မှာဆို? နာမည်ကြီး ဘတ်စကတ်ဘောဆော့လို့ရတဲ့ ကွင်းဝါဝါလေးက ဒီဆိုင်လေးရဲ့ နာမည်အကြီးဆုံး ထူးခြားချက်လေးနော်။ အဝါရောင်ဆိုတာ Instagrammy Theme ဆိုတော့ ဒီကွင်းလေးနဲ့ ဓါတ်ပုံရိုက်ဖို့လည်း မမေ့ခဲ့နဲ့နော်။

သူ့ဘေးမှာက ခြံဝန်းလေး။ ခုံလေးတွေတော့ခင်းထားလေရဲ့။ ကောင်မလေးတွေ လုထိုင်ရမယ့် ခုံလေးရှိတယ်။ ပုံထဲမှာ ရှာပါ။

သဘောကျစရာအကောင်းဆုံးကတော့ Photo Booth နီနီလေး။ သူ့ဘေးနားမှာ စုံတွဲတွေအကြည့်ချင်း ဖလှယ်ပြီး ဓါတ်ဖမ်းလို့ အရမ်းရိုမယ့် Love at first Sight စာတန်းလေးလည်း ရှိသေးတယ်။

ဘာစားခဲ့လဲဆိုရင်တော့ Menu တွေထဲက Butter Fish With Lemon Sauce လေးကို Mashed Potato လေးနဲ့ရယ်၊ Lemon Ice Tea လေးရယ်နဲ့ သာယာခဲ့တယ်။

သူ့ Butter Fish လေးကို Page မှာ ကြေညာတည်းက သရေကျခဲ့တာမို့ လက်တွေ့စားကြည့်တော့ ငါးက ငရုတ်ကောင်းမှုန့်လေးတွေနဲ့ မွှေးနေပြီး Grill လုပ်ထားတာ သဒ္ဒါပိုသွားတယ်ထင့် အကျက်လွန်သွားပါလေရော။ ဒါပေမယ့် စားကောင်းတယ်။ Mashed Potato အများကြီးပဲ။ Lemon Sauce အချဉ်စူစူးလေးနဲ့ လိုက်ဖက်တဲ့ငါးနဲ့ဆော့စ်ပါပဲလို့။

Ice Lemon Tea လေးက အမောပြေ ချဉ်မွှေးလေး။ ၉၀၀ တည်းပေးရတယ်။

Mary’s ဆိုင်လေးမှာ မနက်စာလည်း ရတယ်။ နေ့လည်စာ ထမင်းဟင်း Set လေးတွေလည်း ရတယ်။ ဘိုစာစားမလား ဘာလာလာဒေါင်းပြီးသား။ Menu လေး တော့ ဒီထက်စုံရင် သိပ်ကောင်းမှာ။ မိုုးတွင်းဆိုတော့ ယင်ကောင်လည်း ရှိတယ်။

ဆိုင်လေးက Outdoor အဓိကအသားပေးမို့ မိုးရွာနေရင် မသွားစေချင်ဘူး။ မိုးအုံ့အုံ့လေးကတော့ ထိုင်လို့အလှဆုံးပဲ။ တွေ့ရသလောက် ကောင်မလေးလန်းလန်းလေးတွေ သူငယ်ချင်းအုပ်လိုက်နဲ့လာကြ ဓါတ်ပုံရိုက်ကြနဲ့ ပျော်စရာ မျက်စိပသာဒဖြစ်စရာလေး။

ဖွင့်ချိန် က အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ဆို မနက် ၈ နာရီ ကနေ ၅ နာရီထိ။ သောကြာ၊ စနေ၊ တနင်္ဂနွေဆို မနက် ၇ခွဲ မှညနေ ၆ နာရီထိ ပါတဲ့။ သတိ တင်္နလာတစ်ရက် လုံးဝပိတ်ပါတယ်နော်။

ဆိုင်လေးက Location မပေါ်သေးလို့ Grab တို့လို Taxi Service တွေနဲ့ ဌားလို့မရသေးဘူး။ ဒါလေးတော့ သတိထားနော်။

ဒါဆို Instagram မှာ ဓါတ်ပုံလှလှလေးတင်ဖို့ Background ကောင်းကောင်းလေးရှာနေပြီလား? အေးအေးဆေးဆေး တစ်နေကုန် Chill ဖို့ တိတ်ဆိတ်တဲ့ ဆိုင်လေး ရှာနေပြီလား။ Mary’s ကမ္ဘာလေးက လူငယ်အဆန်ဆုံး Chilli လို့ကောင်းမယ့် ရန်ကုန်မြို့ရဲ့ Best Spot Ever ပါလို့။

FoodieEi (Akhayar)