





Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Facebook အသုံးပြုနေသူတိုင်း အနည်းနဲ့အများ ပြောနေမိတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ နေ့စဉ်စကားပြောနေတဲ့အခါ ကိုယ်ပြောနေတဲ့စကားတွေမှာ ပါဝင်တဲ့ ဒါမှမဟုတ် နီးစပ်တဲ့ ကုန်ပစ္စည်းကြော်ငြာတွေကို Facebook Newsfeed မှာ မကြာခင်တွေ့လာရတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် အဖြေကိုတော့ အခု Cambridge Analytica ကုမ္ပဏီကနေ Facebook App ကို အသုံးပြုပြီးတော့ လူသန်းပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူမှုအပေါ် အမေရိကန် ဆီနိတ်လွှတ်တော်မှာ Facebook ရဲ့ CEO Mark Zuckerberg က ဖြေကြားလိုက်ပြီဖြစ်ပါတယ်။

Facebook CEO Mark Zuckerberg testifies before a Senate Judiciary and Commerce Committees joint hearing regarding the company’s use and protection of user data on Capitol Hill in Washington, U.S., April 10, 2018. REUTERS/Aaron P. Bernstein

အခုမေးခွန်းကို ဆီနိတ်တာ Gray Peters (D-MI) က မေးမြန်းခဲ့တာဖြစ်ပြီးတော့ Facebook ကနေ ကြော်ငြာတွေအတွက် Mobile Devices တွေရဲ့ Microphone ကနေ အမြဲတမ်းအသံတွေကို နားထောင်နေသလားဆိုတာကို “Yes” or “No” ဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Mack Zuckerberg ကတော့ “No” လို့ ဖြေကြားခဲ့ပြီးတော့ Facebook က ကြော်ငြာတွေအတွက် Microphone ကနေ အသံကို နားထောင်ခြင်းမရှိကြောင်းနဲ့ Facebook ကနေ Microphone Permission ကို ရယူတယ်ဆိုတာက ဗီဒီယို ရိုက်ကူးတဲ့အချိန်မှာ အသံတွေကို ဖမ်းယူဖို့အတွက်ပဲဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

Mack Zuckerberg ကိုယ်တိုင်က အခုလိုမျိုးငြင်းဆိုခဲ့တဲ့အတွက် Facebook မှာမြင်ရတဲ့ ကြော်ငြာတွေက ကိုယ်ပြောနေမိတဲ့ အကြောင်းအရာဖြစ်ရင်တောင် တိုက်ဆိုင်တာလို့ပဲ ယူဆရမှာလား?

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com