Facebook ဟာ လက္ရွိကမၻာေပၚမွာ အသံုးျပဳသူအမ်ားဆံုးေသာ Social Media တစ္ခုဆုိရင္လည္းမမွားပါဘူး။ အဲ့ဒီလုိပဲ Android OS ကလည္း လက္ရွိမွာ အသံုးျပဳသူအမ်ားဆံုးေသာ Mobile Operating System တစ္ခုျဖစ္ပါတယ္။ အခုေနာက္ဆံုးသိရတဲ့သတင္းအရ Facebook ရဲ႕ CEO Mark Zuckerberg က သူ႕ရဲ႕ Management Team တစ္ခုလံုးကို Android ဖုန္းပဲ သံုးဖုိ႔ညြန္ၾကားလုိက္ျပီျဖစ္ပါတယ္။

Mark Zuckerberg

ဒါေပမယ့္ အခုလုိမ်ိဳး Mark Zuckerberg ရဲ႕ Android ဖုန္းပဲ အသံုးျပဳဖုိ႔ ညြန္ၾကားလုိက္တာက Android OS ဟာ လက္ရွိမွာ အသံုးျပဳသူအမာ်းဆံုး Mobile OS တစ္ခုျဖစ္ေနတာထက္ပိုျပီး ေနာက္ကြယ္မွာ အဓိပၸါယ္ရွိေနပါတယ္။ အဲ့ဒါကေတာ့ Apple ရဲ႕ CEO Tim Cook က MSNBC နဲ႔ Interview မွာ Facebook ကကို ကိုယ့္ရဲ႕ Personal Life အေပၚမွာလုိက္ျပီး Traffic Data ေတြရယူေနတဲ့ Service တစ္ခုဆုိျပီး ေဝဖန္ခဲ့တာေၾကာင့္ပါ။

အခုလုိမ်ိဳး ေဝဖန္ခဲ့မႈက ျပီးခဲ့တဲ့မတ္လမွာျဖစ္ပြားခဲ့တာျဖစ္ျပီး Facebook ရဲ႕ Cambridge Analytica Data ခိုးယူခံရမႈနဲ႔ ပတ္သတ္ျပီး Tim Cook ကို ေမးျမန္းခဲ့တဲ့ Interview မွာျဖစ္ပြားခဲ့တာပါ။ အဲ့ဒီအခ်ိန္တုန္းက Tim Cook ကို Facebook လုိ အလားတူအေျခအေနမ်ိဳးမွာ ေရာက္ရွိေနရင္ဘယ္လုိလုပ္မလဲဆုိျပီး ေမးခဲ့ေပမယ့္ Tim Cook ကေတာ့ အဲ့ဒီလုိအေျခအေနမ်ိဳးကို ဘယ္ေတာ့မွေရာက္မွာမဟုတ္ဘူး လုိ႔ ခပ္ျပတ္ျပတ္ျပန္လည္တံု႔ျပန္ခဲ့ပါေသးတယ္။ အဆိုပါ Tim Cook ရဲ႕ Interview အေပၚကို Mark Zuckerberg ကလည္း ဧျပီလမွာ Recode နဲ႔ ျပဳလုပ္ခဲ့တဲ့ Interview တစ္ခုမွာ အဲ့ဒါက ရယ္စရာ အေခါင္းေပါက္စကားတစ္ခြန္းပဲ ဆုိျပီး ေလွာင္ေျပာင္ခဲ့ပါေသးတယ္။

Mark Zuckerberg Vs Tim Cook

The New York Times ကေတာ့ အခုလုိမ်ိဳး Mark Zuckerberg ရဲ႕ Android ဖုန္းပဲ သံုးခုိင္းတဲ့ ညြန္ၾကားခ်က္ဟာ Tim Cook ရဲ႕ ေဝဖန္မႈေၾကာင့္ျဖစ္တယ္လုိ႔ ေျပာထားေပမယ့္ တကယ္တမ္းမွာ အခု ညြန္ၾကားခ်က္ကထိေရာက္မလားဆိုတာကေတာ့ စဥ္းစားစရာျဖစ္ေနပါေသးတယ္။ Android ဟာ လက္ရွိမွာ အသံုးအမ်ားဆံုး Mobile OS တစ္ခုျဖစ္ေနေပမယ့္ အေမရိကန္ႏုိင္ငံသားေတြအတြက္ကေတာ့ iPhone ကပဲ အသံုးျပဳမႈအမ်ားဆံုးျဖစ္ေနဆဲပါ။

အခု Facebook လုိမ်ိဳးပဲ Snap လုိမ်ိဳး Tech ကုမၸဏီေတြကလည္း သူ႕ရဲ႕ အလုပ္သမားေတြကို Android ဖုန္းပဲအသံုးျပဳထားျပီးေတာ့ အခုလုိမ်ိဳး အသံုးျပဳမႈက Android အတြက္ Application ျပဳလုပ္တဲ့ေနရာမွာ က်န္ေနတတ္တဲ့ အားနည္းခ်က္ေတြကို ျမင္လာေစတာေၾကာင့္ျဖစ္ပါတယ္။

Mark Zuckerberg

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Facebook Executive ေတြျဖစ္တဲ့ Blockchain Lead David Marcus ၊ AR နဲ႔ VR ဌာနရဲ႕ VP အျဖစ္တာဝန္ယူထားတဲ့ Andrew “Boz” Bosworth တို႔ကေတာ့ သူတို႔ရဲ႕ iPhone ေတြကို အသံုးျပဳေနတုန္းပါပဲ။ ဒီေတာ့ Facebook မွာ အလုပ္လုပ္ေနတဲ့သူေတြကို Android ဖုန္းသံုးခိုင္းတာက တကယ္ျဖစ္လာပါ့မလား…ဒါမွမဟုတ္ Mark Zuckerberg ရဲ႕ Tim Cook ကို မေက်နပ္လုိ႔ ေျပာလိုက္တဲ့စကားတစ္ခုပဲျဖစ္သြားမလားဆိုတာက စိတ္ဝင္စားစရာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Facebook ဟာ လက်ရှိကမ္ဘာပေါ်မှာ အသုံးပြုသူအများဆုံးသော Social Media တစ်ခုဆိုရင်လည်းမမှားပါဘူး။ အဲ့ဒီလိုပဲ Android OS ကလည်း လက်ရှိမှာ အသုံးပြုသူအများဆုံးသော Mobile Operating System တစ်ခုဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ Facebook ရဲ့ CEO Mark Zuckerberg က သူ့ရဲ့ Management Team တစ်ခုလုံးကို Android ဖုန်းပဲ သုံးဖို့ညွန်ကြားလိုက်ပြီဖြစ်ပါတယ်။

Mark Zuckerberg

ဒါပေမယ့် အခုလိုမျိုး Mark Zuckerberg ရဲ့ Android ဖုန်းပဲ အသုံးပြုဖို့ ညွန်ကြားလိုက်တာက Android OS ဟာ လက်ရှိမှာ အသုံးပြုသူအမာျးဆုံး Mobile OS တစ်ခုဖြစ်နေတာထက်ပိုပြီး နောက်ကွယ်မှာ အဓိပ္ပါယ်ရှိနေပါတယ်။ အဲ့ဒါကတော့ Apple ရဲ့ CEO Tim Cook က MSNBC နဲ့ Interview မှာ Facebook ကကို ကိုယ့်ရဲ့ Personal Life အပေါ်မှာလိုက်ပြီး Traffic Data တွေရယူနေတဲ့ Service တစ်ခုဆိုပြီး ဝေဖန်ခဲ့တာကြောင့်ပါ။

အခုလိုမျိုး ဝေဖန်ခဲ့မှုက ပြီးခဲ့တဲ့မတ်လမှာဖြစ်ပွားခဲ့တာဖြစ်ပြီး Facebook ရဲ့ Cambridge Analytica Data ခိုးယူခံရမှုနဲ့ ပတ်သတ်ပြီး Tim Cook ကို မေးမြန်းခဲ့တဲ့ Interview မှာဖြစ်ပွားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက Tim Cook ကို Facebook လို အလားတူအခြေအနေမျိုးမှာ ရောက်ရှိနေရင်ဘယ်လိုလုပ်မလဲဆိုပြီး မေးခဲ့ပေမယ့် Tim Cook ကတော့ အဲ့ဒီလိုအခြေအနေမျိုးကို ဘယ်တော့မှရောက်မှာမဟုတ်ဘူး လို့ ခပ်ပြတ်ပြတ်ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်။ အဆိုပါ Tim Cook ရဲ့ Interview အပေါ်ကို Mark Zuckerberg ကလည်း ဧပြီလမှာ Recode နဲ့ ပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာ အဲ့ဒါက ရယ်စရာ အခေါင်းပေါက်စကားတစ်ခွန်းပဲ ဆိုပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။

Mark Zuckerberg Vs Tim Cook

The New York Times ကတော့ အခုလိုမျိုး Mark Zuckerberg ရဲ့ Android ဖုန်းပဲ သုံးခိုင်းတဲ့ ညွန်ကြားချက်ဟာ Tim Cook ရဲ့ ဝေဖန်မှုကြောင့်ဖြစ်တယ်လို့ ပြောထားပေမယ့် တကယ်တမ်းမှာ အခု ညွန်ကြားချက်ကထိရောက်မလားဆိုတာကတော့ စဉ်းစားစရာဖြစ်နေပါသေးတယ်။ Android ဟာ လက်ရှိမှာ အသုံးအများဆုံး Mobile OS တစ်ခုဖြစ်နေပေမယ့် အမေရိကန်နိုင်ငံသားတွေအတွက်ကတော့ iPhone ကပဲ အသုံးပြုမှုအများဆုံးဖြစ်နေဆဲပါ။

အခု Facebook လိုမျိုးပဲ Snap လိုမျိုး Tech ကုမ္ပဏီတွေကလည်း သူ့ရဲ့ အလုပ်သမားတွေကို Android ဖုန်းပဲအသုံးပြုထားပြီးတော့ အခုလိုမျိုး အသုံးပြုမှုက Android အတွက် Application ပြုလုပ်တဲ့နေရာမှာ ကျန်နေတတ်တဲ့ အားနည်းချက်တွေကို မြင်လာစေတာကြောင့်ဖြစ်ပါတယ်။

Mark Zuckerberg

ဒါပေမယ့် အခုအချိန်မှာတော့ Facebook Executive တွေဖြစ်တဲ့ Blockchain Lead David Marcus ၊ AR နဲ့ VR ဌာနရဲ့ VP အဖြစ်တာဝန်ယူထားတဲ့ Andrew “Boz” Bosworth တို့ကတော့ သူတို့ရဲ့ iPhone တွေကို အသုံးပြုနေတုန်းပါပဲ။ ဒီတော့ Facebook မှာ အလုပ်လုပ်နေတဲ့သူတွေကို Android ဖုန်းသုံးခိုင်းတာက တကယ်ဖြစ်လာပါ့မလား…ဒါမှမဟုတ် Mark Zuckerberg ရဲ့ Tim Cook ကို မကျေနပ်လို့ ပြောလိုက်တဲ့စကားတစ်ခုပဲဖြစ်သွားမလားဆိုတာက စိတ်ဝင်စားစရာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com