[Zawgyi]

ကမၻာ့တတိယအခ်မ္းသာဆုံးျဖစ္သြားတဲ့ Mark Zuckerberg

Facebook ရဲ႕ ရွယ္ယာေစ်းႏႈန္းေတြဟာ ၂.၄ ရာခုိင္ႏႈန္းအထိ ထုိးတက္သြားတာေၾကာင့္ Mark Zuckerberg ရဲ႕ အသားတင္ၾကြယ္ဝမႈဟာ ၈၁.၆ ဘီလီယံျဖစ္သြားၿပီး ကမၻာ့တတိယအခ်မ္းသာဆုံးသူေဌးႀကီးျဖစ္သြားပါတယ္။ Berkshire Hathaway ရဲ႕  CEO ႀကီး Warren Buffett ကေတာ့ အသားတင္ၾကြယ္ဝမႈ ၈၁.၂ ဘီလီယံသာ ရွိတာေၾကာင့္ စတုတၳေနရာကုိ ဆင္းေပးလုိက္ရတယ္လုိ႔ Bloomberg ရဲ႕အဆုိအရ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ကမၻာ့အခ်မ္းသာဆုံးသူေဌး Jeff Bezos ဟာ အသားတင္ၾကြယ္ဝမႈ ၁၄၂ ဘီလီယံနဲ႔ ဒုတိယအခ်မ္းသာဆုံး Bill Gates ကေတာ့ ၉၄.၂ ဘီလီယံရွိၾကပါတယ္။ ကမၻာ့အခ်မ္းသာဆုံးသုံးေယာက္ဟာ နည္းပညာနယ္ပယ္သမားေတြပဲ ျဖစ္လာတာ ပထမဆုံးလုိ႔ ဆုိႏုိင္ပါတယ္။ Facebook ဟာ အသုံးျပဳသူ ၈၇သန္းရဲ႕အခ်က္အလက္ေတြ ေပါက္ၾကားတုန္းက ရွယ္ယာေစ်းႏႈန္းေတြ ထုိးက်သြားၿပီး Mark Zuckerberg ရဲ႕ အသားတင္ၾကြယ္ဝမႈေလ်ာ့က်သြားခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ တတိယေနရာအထိကုိ ေရာက္ရွိလာၿပီပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့တတိယအချမ်းသာဆုံးဖြစ်သွားတဲ့ Mark Zuckerberg

Facebook ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၂.၄ ရာခိုင်နှုန်းအထိ ထိုးတက်သွားတာကြောင့် Mark Zuckerberg ရဲ့ အသားတင်ကြွယ်ဝမှုဟာ ၈၁.၆ ဘီလီယံဖြစ်သွားပြီး ကမ္ဘာ့တတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်သွားပါတယ်။ Berkshire Hathaway ရဲ့  CEO ကြီး Warren Buffett ကတော့ အသားတင်ကြွယ်ဝမှု ၈၁.၂ ဘီလီယံသာ ရှိတာကြောင့် စတုတ္ထနေရာကို ဆင်းပေးလိုက်ရတယ်လို့ Bloomberg ရဲ့အဆိုအရ သိရပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေး Jeff Bezos ဟာ အသားတင်ကြွယ်ဝမှု ၁၄၂ ဘီလီယံနဲ့ ဒုတိယအချမ်းသာဆုံး Bill Gates ကတော့ ၉၄.၂ ဘီလီယံရှိကြပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသုံးယောက်ဟာ နည်းပညာနယ်ပယ်သမားတွေပဲ ဖြစ်လာတာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ Facebook ဟာ အသုံးပြုသူ ၈၇သန်းရဲ့အချက်အလက်တွေ ပေါက်ကြားတုန်းက ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားပြီး Mark Zuckerberg ရဲ့ အသားတင်ကြွယ်ဝမှုလျော့ကျသွားခဲ့ပေမယ့် အခုချိန်မှာတော့ တတိယနေရာအထိကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com