Facebook တည္ေထာင္သူ Mark Zuckerberg ဟာ မုိးသည္းတဲ့ရာသီဥတုေအာက္မွာ ဂုဏ္ထူးေဆာင္ဘြဲ႕ကုိ လက္ခံရယူဖုိ႔အတြက္ ဟားဗက္ေျမကုိ ျပန္လည္အေျခခ်ခဲ့ပါတယ္။ ေဒၚလာ ၆၂.၃ ဘီလီယံ ၾကြယ္ဝတဲ့ ကမာၻ႔ပဥၥမေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ဟာ ဟားဗက္တကၠသုိလ္ကေန ထြက္ၿပီး ကမာၻ႔အႀကီးဆံုး လူမႈကြန္ယက္ကုိ တည္ေထာင္သူအေနနဲ႔ ေက်ာ္ၾကားပါတယ္။

ဇက္ကာဘတ္က ေက်ာင္းသားေတြကုိ “အလုပ္သစ္ေတြ ဖန္တီးရွာေဖြရုံမက ရည္ရြယ္ခ်က္အသစ္ေတြကုိလည္း ဖန္တီးၾကပါ” လုိ႔ ဆုိပါတယ္။ “ဒီအခ်ိန္က ကၽြန္ေတာ္တုိ႔အတြက္ ခက္ခဲတဲ့ အခ်ိန္ပါပဲ။ လြတ္လပ္မႈ၊ ပြင့္လင္းျမင္သာမႈ၊ ကမာၻ႔လူမႈအဖြဲ႕အစည္းေတြဟာ၊ အမိန္႔ေပးဝါဒေတြ၊ တံခါးပိတ္ဝါဒေတြ၊ မိ်ဳးခ်စ္ဝါဒေတြ ျဖစ္ေပၚလာေနပါတယ္” လုိ႔ ဆုိပါတယ္။

ဇနီးျဖစ္သူ Priscilla ကေတာ့ ပရိတ္သတ္ေတြထဲမွာ ရွိေနၿပီး သူစကားေျပာတာေတြကုိ ၾကည့္ေနပါတယ္။ ဒီဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႕ဟာ ဟားဗက္တကၠသို္လ္ရဲ႕ ၃၆၆ႏွစ္ေျမာက္ ဘြဲ႕ႏွင္းသဘင္နဲ႔အတူ က်င္းပခဲ့တာပါ။

Ref: BBC

===========

[Unicode]

ကျောင်းထွက်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဘွဲ့ မာ့ခ်ဇတ်ကာဘတ် ရရှိ

Facebook တည်ထောင်သူ Mark Zuckerberg ဟာ မိုးသည်းတဲ့ရာသီဥတုအောက်မှာ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရယူဖို့အတွက် ဟားဗက်မြေကို ပြန်လည်အခြေချခဲ့ပါတယ်။ ဒေါ်လာ ၆၂.၃ ဘီလီယံ ကြွယ်ဝတဲ့ ကမ္ဘာ့ပဥ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဟာ ဟားဗက်တက္ကသိုလ်ကနေ ထွက်ပြီး ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ကို တည်ထောင်သူအနေနဲ့ ကျော်ကြားပါတယ်။

ဇက်ကာဘတ်က ကျောင်းသားတွေကို “အလုပ်သစ်တွေ ဖန်တီးရှာဖွေရုံမက ရည်ရွယ်ချက်အသစ်တွေကိုလည်း ဖန်တီးကြပါ” လို့ ဆိုပါတယ်။ “ဒီအချိန်က ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အချိန်ပါပဲ။ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ ကမ္ဘာ့လူမှုအဖွဲ့အစည်းတွေဟာ၊ အမိန့်ပေးဝါဒတွေ၊ တံခါးပိတ်ဝါဒတွေ၊ မျိုးချစ်ဝါဒတွေ ဖြစ်ပေါ်လာနေပါတယ်” လို့ ဆိုပါတယ်။

ဇနီးဖြစ်သူ Priscilla ကတော့ ပရိတ်သတ်တွေထဲမှာ ရှိနေပြီး သူစကားပြောတာတွေကို ကြည့်နေပါတယ်။ ဒီဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဟားဗက်တက္ကသိုလ်ရဲ့ ၃၆၆နှစ်မြောက် ဘွဲ့နှင်းသဘင်နဲ့အတူ ကျင်းပခဲ့တာပါ။

Ref: BBC